Electron microscopes သိပ္ပံမျက်စိ

အင်္ဂလိပ်စာလုံးတွေတော့ ပါနေတယ်။ ဆောရီး။

ကရိုနာ ဗိုင်းရပ်စ်ကို မြင်လို့ ရနိုင်ပါသလား၊ မရနိုင်ပါသလားဆရာ။

ဘာနဲ့ ကြည့်မှာလဲ။

ဘာ နဲ့ ကြည့်ကြည့်ပါ ဆရာ၊ ကိုရိုနာ ဗိုင်းရပ်စ်က အဆင်း(ပုံသဏ်ဠန်) ရှိလျင်မြင်ရမယ်၊ မရှိလျင် မမြင်ရဘူး လို့ ဆိုချင်ပါတယ်။

သဏ္ဌာန်လို့ ရေးရ။ အဆင့်ရှာရတော့ ခက်တယ်။

လူ့မျက်စိနဲ့ အတိုင်းသားမမြင်နိုင်တာတွေကို ကြည့်စရာ Microscope မိုက်ကရိုစကုပ် ပေါ်လာတယ်။ အလင်းရောင် သုံးရတာဖြစ်လို့ Light microscopes လို့ခေါ်တယ်။ ၁၆၄၄ မှာစပေါ်တယ်။ ဘက်တီးရီးယားတွေကို စစ်ဆေးနိုင်လာပြီ။ သမိုင်းအတိအကျရှိတယ်။ မရေးအားသေးပါ။ 

အဲဒါထက် ပိုပြီးသေးငယ်တာတွေကို မြင်နိုင်တဲ့ Electron microscopes အီလက်ထရွန်မိုက်ကရိုစကုပ် ၂၀ ရာစု အစောပိုင်း ၁၉၃၁ ခုနှစ်မှာ ပေါ်လာပြန်တယ်။ Virus ဗိုင်းရပ်စ်တွေကို ကြည့်လို့ရတာတယ်။ 

ဒုတိယကမာ္ဘစစ်ပြီးတော့ ၁၉၆၅ ခုနှစ်ကစပြီး Transmission electron microscopes ထရန်စမစ်ရှင်းမိုက်ကရိုစကုပ် ခေတ်စားလာတယ်။ 

Scanning probe microscopes စကန် ပရုဘ် မိုက်ကရိုစကုပ် ပေါ်လာပြန်တယ်။ ၁၉၈၁-၁၉၈၃ ခုနှစ် ဆွစ်ဇာလန်မှာ။

ဆေးပညာသုံး Fluorescence microscopes ဖလူရိုဆိုင်းယင့် မိုက်ကရိုစကုပ်လည်း ပေါ်လာတယ်။ ၁၉၅၇ ခုနှစ်မှာ။ 

Super resolution microscopes ဆူပါရီဇိုလူးရှင်း မိုက်ကရိုစကုပ်က ၂၁ ရာစုအစမှာ ပေါ်လာပြန်တယ်။ 

X-ray microscopes ဓါတ်မှန် မိုက်ကရိုစကုပ်လည်း ပေါ်လာတယ်။ 

အလင်းရောင်သုံး မိုက်ကရိုစကုပ်က အဆ ၁၀၀ အထိမြင်နိုင်တယ်။ ဆီသုံးရင် ပိုကြီးကြီးမြင်နိုင်တယ်။ အီလက်ထရွန်သုံး မိုက်ကရိုစကုပ်က အဆ ၁၀၀၀ ကျော်ထိမြင်တယ်။ 

အသေးစိတ် မရေးတော့ပါ။ တဘက်ပိတ်စာလုံး ပေါ်ပြူလာဖြစ်နေချိန်မှာ ရှင်းပြရတာ နားဝင်သူနည်းမယ်။ ပညာမျက်စိလို့ ခေါ်ပါတယ်။ ပုံက ကရိုနာဗိုင်းရပ်စ်ကို အီလက်ထရောနစ်မိုက်ကရိုစရုပ်နဲ့ မြင်ရတာ။ သိပ္ပံကို ပညာလို့ မခေါ်ချင်သူတွေလည်း ရှိတာ သိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ