Piroxicam 20 mg ဆေး

၁။ ဆရာဒေါက်တာခမျာ ကျွန်တော့်မှာ တင်ပဆုံစုပ်ခွက်ကနေ ခြေထောက်တခုလုံး နာကျင်စူးနစ် ဝေဒနါ ခံစားနေရပါသည် တချိန်က ခါးဒဏ်ရာကြောင့်လို့ ဆိုပါသည် အခုဆိုရင် နေမရ ထိုင်မရ ရပ်မရ အနည်းငယ်သာ လမ်းလျှောက်နိုင်ပါသည်။ ကျွန်တော့်ကိုပေးသောက်စေတဲ့ ဆေးရှစ်မျိုးပါဆရာဒေါက်တာ ရက်သတ္တ ၂ ပတ် သောက်ပေမဲ့ အခြေနေထူးမလာလို့ အထူးကုဆီပြန်သွားပါတယ် သူက လေ့ကျင့်ခန်းမလုပ်တာရယ် နားနားနေနေ အိပ်ရာထဲ မနေတာကြောင့် ရောဂါမပျောက်တာလို့ မှတ်ချက်ပေးပြီး အဲဒီဆေးကိုပဲ ဆက်သောက်စေရန်ရယ် လေ့ကျင့်ခန်းလုပ်ဖို့ရယ် အနားယူဖို့ရယ်ပဲ ထပ်ပြီးညွှန်းပါတယ် ကျွန်တော့်လိုရောဂါ ဖြစ်ဖူးသူတယောက်ကတော့ pyrodex နဲ့ digene ကို တနေ့တကြိမ်သောက်ပေးရင် လုံးဝပျောက်ကင်းသက်သာမယ်လို့ ညွှန်းပေးတယ် အခုလက်တလော pyrodex က မေးဝယ်လို့မရဖြစ်နေလို့ အခြားဘာဆေးများပြောင်းလဲသောက်သင့်သလဲ အကြံပေး ကူညီပါအုံးဆရာဒေါက်တာခမျာ

(တစ်) တွေကို ပြင်လိုက်တယ်။ ဆောရီး။

Pyrodex = Piroxicam

Piroxicam = Feldene

၂။ ဆရာရှင့် ကျမ အဘွားက အသက် ၉၀ ရှိပါပြီ အရင်နှစ်ကအထိ သူအလွန် သန်မာပါတယ်  ဒူးနာ သွေးတိုးကလွဲပြီး တခြားရောဂါ ကြီးကြီးမားမားမရှိပါ နှလုံးကတော့ တခါတလေ စိတ်ညစ်စရာတွေ ရှိရင် တုန်ပြီး အိပ်မရဘူးတော့ ပြောဖူးပါတယ် ဒီနှစ် မှာ ဒူးနာတာ ပိုဆိုးလာပါတယ်ဆရာ အရိုးအကြော ဆရာဝန်ဆီပြတော့လည်း သောက်ဆေး တအားပေးတယ် အဘွားက သောက်ပြီးရင် အစာအိမ်တွေ အောင့်လာတော့ ဆရာဝန်က ဆေးလျော့ပေးပေမယ့် အောင့်မြဲတိုင်းမို့လို့ ထပ်မသွားဖြစ်တော့ပါဘူးဆရာ ကျမသိချင်တာက ဆောင်ရန် ရှောင်ရန်လေး ဆရာ့ဆီက လမ်းညွှန်ချက်ကို လိုက်နာချင်တာရယ် Noxa ဆိုတဲ့ ဆေးတမျိုးကို ကျမ အဘွား သောက်လို့ ရမလားဆိုတာ ဆရာ့ဆီက ခွင့်ပြုချက်လိုချင်တာရယ်ကြောင့်ပါဆရာ ဆရာနဲ့ ဆရာ့မိသားစု အမြဲတမ်း စိတ်ချမ်းသာပါစေ

(.) ၂၉ ခုကို ဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ တခြား၊ တအား၊ တခါတလေ၊ ဆေးတမျိုးရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

Noxa ဆေးက Piroxicam 20 mg ဖြစ်မယ်။ အရိုး၊ အဆစ်၊ အရွတ်ရောင်တာ နာတာအတွက်ပေးတယ်။ rheumatoid arthritis; juvenile rheumatoid arthritis; ankylosing spondylitis; gout; osteoarthritis, tendinitis, bursitis, tendobursiti, tendovaginitis, injuries in athletes, disc disease, plexitis, radikulonevriti နဲ့ Dysmenorrhea ရောဂါတွေအတွက်ဖြစ်တယ်။

လူကြီး 20 mg တနေ့ ၁ ကြိမ်။ 10 mg တနေ့ ၂ ကြိမ်။

တခြား NSAIDs ခေါ် အနာအကိုက်ပျောက်ဆေးတွေလို ဘေးထွက်သက်ရောက်မှုတွေရှိနိုင်တယ်။ Active peptic ulcer or stomach ulcer, ulcerative colitis, enterocolitis အစာလမ်းရောဂါတွေနဲ့ Severe hepatic and renal insufficiencyရောဂါတွေ။ ကိုယ်ဝန်နဲ့ ကလေးနို့တိုက်ချိန် အထူးသတိထားရတယ်။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ