Breast Cancer Symptoms ရင်သားကင်ဆာ လက္ခဏာ

ရင်သားကင်ဆာအကြိတ်(အကျိတ်)ဖုဟာ ယေဘုယျ အားဖြင့် မာကြောခြင်း၊ နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိ ပါတယ်။

ရင်သားကင်ဆာ လက္ခဏာများမှာ - 

(၁) နို့သီးခေါင်း အရေပြား နဲ့ရင်သားပေါ်ယံအရေပြားတို့ အရေခွံကွာကျခြင်း၊ အရေခွံ ပက်ကျားအက်ခြင်း။ 

(၂) ရင်သားအရောင် နီရဲလာခြင်း။ 

(၃) နို့သီးခေါင်းမှသွေးစက်ကျခြင်း။ 

(၄) ရင်သားအရွယ်အစားနဲ့ ပုံစံ သိသိသာသာပြောင်းလဲသွားခြင်း။ 

(၅) ရင်သား အရေပြားတို့ တင်းရင်းမနေဘဲ လိမ္မော်သီးအခွံကဲ့သို့ ပုံသဏ္ဍာန်(ပုံသဏ္ဌာန်) မမှန် ဖောင်းကြွခြင်း (သို့) ချိုင့်၀င်သွားခြင်း။ 

(၆) နို့သီးခေါင်းပုံစံ မမှန်တော့ဘဲပြောင်းလဲသွားခြင်း။ (အထဲသို့ချိုင့်၀င်သွားခြင်း) 

(၇) နို့သီး ခေါင်းမှာ အဖုအပိမ့်ကွက်များထွက်ပေါ်ခြင်း။ 

(၈) ရင်သားထဲမှာ ငြိမ်နေ(မရွေ့မရှား)သော အကျိတ်တည်လာခြင်း။ 

(၉) ရာသီလာ စဉ် ကာလမဟုတ်ဘဲ၊ ဂျိုင်းကြား နဲ့ရင်သားတို့ နာကျင်စွာခံ စားနေရခြင်း။ 

(၁၀) ဂျိုင်းကြားမှာအကြိတ်(အကျိတ်) တည်လာခြင်း။ 

(၁၁) ရင်သားတစ်ရှုးတွေထူထဲကာ မာတင်းတင်းဖြစ်၍ နေထိုင်ရ ခက်ခဲခြင်း စသည်တို့ဖြစ်ပါတယ်။ 

ရင်သားကင်ဆာရောဂါ ဆိုတာကတော့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတမျိုးပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ရင်သားအနီးတဝိုက်မှ ဆဲလ်များ ပျက်ဆီးသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ 

ရင်သားကင်ဆာ စတင် ဖြစ်ပွားတဲ့ အချိန်မှာတော့ ရောဂါလက္ခဏာတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရောဂါရင့်လာတဲ့ 

အခါမှာ - 

ရင်သားမှာ အကျိတ်ဖြစ်ခြင်း

ရင်သားနာကျင်ခြင်း

ရင်သားတဝိုက် အသားအေရမ်ား(အရေပြား) ကွဲအက်ခြင်း

ရင်သားတွဲကျခြင်း

သားမြတ်ခေါင်း အထဲဝင်ခြင်း

သားမြတ်ခေါင်းမှ သွေးယိုစီးခြင်း

လက်မောင်းအောက် အကျိတ်ဖြစ်ခြင်း

ရင်သားအရွယ်အစား ပြောင်းလဲခြင်း

ရင်သား ဖူးရောင်ခြင်း

သားမြတ်ခေါင်းမှ နို့ရည်မဟုတ်သော အရည်များထွက်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရ‌လေ့ ရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီ ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကင်ဆာဆဲလ်များ 

တိုးပွားလာခြင်း မရှိအောင် အမြန်ဆုံး ကုသသင့်ပါတယ်။ 

ရင်သားကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 

အမျိုးသမီးဖြစ်ခြင်း

ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုမြင်တွေ့ရလေ့ရှိပါတယ်။ 

အသက်အရွယ် ကြီးမြင့်လာခြင်း

အသက်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေလည်း တဖြည်းဖြည်းနဲ့ ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ 

ရင်သားကင်ဆာ ဖြစ်ပွားဖူးခြင်း

တကယ်လို့ သင့်အနေနဲ့ ညာဘက် ရင်သားမှာ ရင်သားကင်ဆာ ဝေဒနာခံစားဖူးတယ်ဆိုရင် ဘယ်ဘက် ရင်သားမှာလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာမှာ ဖြစ်ပါတယ်။ 

မျိုးရိုးလိုက်ခြင်း

တကယ်လို့ မိဘဆွေမျိုးတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိနေခဲ့မယ် ဆိုရင်လည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ 

အပျိုဖော်မဝင်ခင် ရာသီသွေးဆင်းခြင်းအသက် ၁၂ နှစ်မပြည့်ခင် အချိန်မှာ ရာသီသွေးဆင်းခြင်းကို စတင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေ အနေနဲ့ ရင်သားကင်ဆာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ 

ဒါ့အပြင် ရေဒီယိုသတ္တိကြွပစ္စည်းများနဲ့ ထိတွေ့မိခြင်း၊ အသက်ကြီးမှ ကိုယ်ဝန်ရခြင်း၊ အရက်သောက်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့်လည်း ရင်သားကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ 

ရင်သားကင်ဆာ ဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 

အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း

အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် ရင်သားကင်ဆာ ရောဂါကို ဖြစ်ပွားစေနိုင်သလို အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုလည်း ခံစားရစေနိုင်တာကြောင့် အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိခြင်း

အဝလွန်ခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတို့ကို ဖြစ်ပွားစေနိုင်တဲ့အပြင် ရင်သားကင်ဆာကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် အဆီများတဲ့ အစားအသောက်တွေ စားသုံးခြင်းကို ရှောင်ကြဉ်ပြီး 

အသီးအနှံတွေ၊ အသီးအရွက်တွေကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးသင့်ပါတယ်။ 

ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ခြောက်လ တကြိမ်ခန့် ရင်သားကင်ဆာ ဖြစ်ပွား

နေခြင်း ရှိမရှိကို သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးပေးသင့်ပါတယ်။

ရင်သားကင်ဆာရောဂါအတွက် ရင်သားဓါတ်မှန် (Mammogram) ရိုက်ကူးစစ်ဆေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ရောဂါလက္ခဏာမပေါ်မီနှင့်ရင်သားအကြိတ်လုံးမပေါ်မီ သိရှိနိုင်ပါသည်။

ရင်သားစမ်းသပ် စစ်ဆေးခြင်းကို ဆရာဝန် (သို့မဟုတ်) သူနာပြုများနှင့် စစ်ဆေးနိုင်ပါသည်။

ရင်သားအကြိတ်(အကျိတ်)၊ ပုံသဏ္ဍန်(ပုံသဏ္ဌာန်) ပြောင်းလဲခြင်း၊ အရွယ်အစားပြောင်းလဲခြင်းကို မိမိဘာသာ စမ်းသပ်စစ်ဆေးနိုင်ပါသည်။

ကျွန်တော်ရေးတဲ့စာ မဟုတ်ပါ။ ကင်​ဆာ​ရောဂါ​ဝေဒနာ ​ဆွေး​နွေးတိုင်​ပင်​အ​ဖြေရှာနေရာမှာ တင်ထားတာဖြစ်ပါတယ်။ အချက်အလက်သာမက စာရေးတာစာလုံးပေါင်းသတ်ပုံလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ