Mortuary ရင်ခွဲရုံ

(ကန်တော့)

"မော်ကျူရီဆာဂျင်" အဲဒီခေါင်းစဉ်နဲ့စာ ကျွန်တော်ရေးတာ မဟုတ်ပါ။ အချက်အလက်သာမက သတ်ပုံကိုလည်း မှန်အောင် ရေးထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။

မော်ကျူရီ ဆိုတာ ရင်ခွဲရုံ။ Morgue လို့လည်း ရေးပါတယ်။ ဆာဂျင် ဆိုတာ ခွဲစိတ်ဆရာဝန်။ ဒီခေတ်မှာ  ဆေးစာလုံးတွေကို ဆရာဝန်တွေထက် ဖေ့စ်ဘွတ်သုံးသူတွေက ပိုသိကြတယ်။ ဆေးစာလုံး အင်္ဂလိပ်စာလုံးတွေကို ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူ ရေးနေကြတယ်။ လူတကာ သိတာလို့ထင်လေသလား မပြောတတ်ပါ။ ကျွန်တော်ကတော့ တချို့စာလုံးလေးတွေကို ဂူဂယ်လုပ်မှ သိတာ။

အဲ သူတို့တတွေက မြန်မာစာရေးတော့ သတ်ပုံတွေက မမှန်။

ရင်ခွဲရုံအကြောင်း ကျွန်တော့မှာလည်း ပြောစရာနည်းနည်း ရှိတယ်။ 

မုံရွာ အထက ၂ က မုံရွာဆေးရုံကြီးနဲ့ ကပ်နေတယ်။ ၆ တန်းနဲ့ ၇ တန်းအခန်းတွေကနေ ဆေးရုံကြီးထဲက ရင်ခွဲရုံကို အတိုင်းသား မြင်ရတယ်။ မကြည့်ချင် မကြည့်ရဲ့လည်း နှာခေါင်းက သိတယ်။ 

အဲလိုနောက်ခံကနေလာတဲ့ မောင်ကျောင်းသားဟာ ရင်ခွဲရုံအစစ်ကို မန္တလေးဆေးရုံကြီးရောက်မှသာ ကြုံခဲ့ရပါတယ်။ ဆရာဝန်ဖြစ်တော့ -

မုံရွာဆေးရုံမှာ စပြီး တာဝန်ကျတော့ ၆ တန်းကျောင်းသားကနေ ဆရာဝန်ဖြစ်လာသူ အလှည့်ကျရင် ရင်ခွဲရုံထဲ ဝင်ခွဲရပြီ။

ရင်ခွဲရုံ မပြောနဲ့ ခွဲစိတ်ခန်းမရှိတဲ့ မြို့သာမှာ ၆ နှစ်။ 

ကိုလိုနီခေတ်ကတည်းကလားတော့ မသိ ပြစ်ထားတဲ့ ရင်ခွဲရုံရှိတဲ့ စစ်ကိုင်းဆေးရုံမှာ ၂ နှစ်။ 

ခွဲစိတ်ခန်းတော့ရှိပြီး ရင်ခွဲရုံမရှိတဲ့ ပုလဲမှာ ၅ နှစ်။

ရင်ခွဲရုံ ရှိရှိ မရှိရှိ မှုခင်းနဲ့သေဆုံးတာတွေက မလာမရှိ။ ဖြစ်သလို တော်သလိုနဲ့ စစ်ဆေးခဲ့ရတယ်။ 

အမှန်က မတော်သလိုသာ။

စာဖတ်မိသူတွေကို အားနာလို့ ဒီလောက်သာ ရေးပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ