Rice ရိုးရိုးဆန်
လူမှန်သမျှ ဂျုံ သို့မဟုတ် ဆန် စားကြတယ်။ နှစ်သန်းပေါင်းများစွာကြာပြီ။ ခေတ်စားနေတယ်ဆိုတာ နှစ်ပေါင်း ဘယ်လောက်ကြာပြီ မသိပါ။ အဲတာမျိုးကို လူပေါင်းဘယ်နှစ်ယောက်စားသုံးနေသလဲ မသိပါ။ ဆေးသုတေသန မတွေ့ဖူးသေးပါ။ ကမာ္ဘပေါ်မှာ လူပေါင်း ၃့၅ သန်းကတော့ လူအများစုစားတဲ့ဆန်ကိုသာ စားကြတယ်။ ဆန်ကနေ တနေ့တာလိုအပ်ချက် ကယ်လိုရီစုစုပေါင်းရဲ့ ၄၂% ကျော်ရနေကြတယ်။
၂၀၀၉ ခုနှစ်က စိုက်ပျိုးထုတ်လုပ်သမျှထဲက ဆန်ကို ၇၈%၊ ဂျုံကို ၆၄% နဲ့ ပြောင်းကနေ ၁၄% ကို စားသုံးခဲ့ကြတယ်။ ဆန်ကနေ အင်နာဂျီစုစုပေါင်းရဲ့ ၁၉% နဲ့ ပရိုတင်း ၁၃% ရကြတယ်။ မြန်မာပြည်လို မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ ဆန်ကိုသာအားထားကြတယ်။ အာရှတိုက်မှာ ၉၀% စားသုံးကြတယ်။ သန်း ၅၀၀ ကျော်တယ်။ အာဖရိတိုက်နဲ့ တောင်အမေရိကတိုက်မှာလည်း ဆန်းစာသူများတယ်။ ဆန်ကနေ ကယ်လိုရီ ၂ဝ% ကျော်ရကြတယ်။
ဆန်ကိုကြော်ငြာအဆန်းတွေလုပ်နေစရာ မလိုအပ်လို့ထင်ပါတယ်။ ရောင်းရပါတယ်။ စားကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စိုက်ပျိုး ထုတ်လုပ် သယ်ယူပို့ဆောင် ချက်ပြုတ် စားသောက်နည်းတွေသာ လိုအပ်တယ်။ ဟိုအရင်က အဆန်းတွေမရှိပါ။ ကျန်းမာသန်စွမ်းပြီး အသက်ရှည်ကြတယ်။
ခုခေတ်မှာ ဆီလည်းပြန်ကြော်ဆီ၊ ဆန်လည်းအားဖြည့်၊ ဆေးလည်း ဖေါ်တီဖိုင်းတဲ့။ လူတွေကို စက်ရုပ်တွေလို ပုံသွင်းနေကြတယ်။ ကွာခြားချက်ကတော့ နသတ်နဲ့ သေးသေးတင်။ ဆန်နဲ့ ပိုက်ဆံ။ လူပြောများ၊ လူကြိုက်များ၊ ကြော်ငြာများကို သတိထားပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment