Selling Sickness ရောဂါကို ရောင်းချနေခြင်း
လာအောင် ကြော်ငြာနည်း ဖြစ်ပါတယ်။ FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ဒါတွေကိုပါ ကြီးကြပ်ဘို့တာဝန်ရှိပါတယ်။
စားသုံးသူတိုက်ရိုက် ဆေးကြော်ငြာကို စတင်ခဲ့တာကတော့ ၁၉၈၁ ခုထုတ် (ရီးဒါးစ်ဒိုင်ဂျက်စ်) ထဲမှာပါလာတဲ့ Pneumovax နူမိုးနီးယားကာကွယ်ဆေးဖြစ်ပါတယ်။ နောက်နှစ်မှာဘဲ FDA ကနေ အနာသက်သာဆေး Oraflex ကို စျေးကွက်ကနေ ရုပ်သိမ်းခိုင်းခဲ့ရပါတယ်။ မှားယွင်းပြီး တလွဲကိုအထင်ရောက်စေတဲ့ဆေးကြော်ငြာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၃ ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ Claritin အလာဂျီဆေးအတွက် ကြော်ငြာစရိတ် ၁၂၄ သန်း သုံးစွဲခဲ့ပါတယ်။ FDA ကနေ လမ်းညွှန်ချက်အသစ် ထပ်ထုတ်ရပါတယ်။ ဒါပေမဲ့ ကြော်ငြာခ သုံးစွဲမှုတွေဟာ ၁၉၉၇ ကနေ ၂ဝဝ၂ အထိ သန်း ၂၂ဝ ကနေ ၂့၈ ဘီလီလျန်အထိတိုးသုံးလာတာတွေ့ရတယ်။
မီဒီယာသစ်တွေပေါ်လာတော့ နည်းသစ်တွေလဲပြောင်းသလို လူတွေရဲ့ စိတ်ဝင်စားမှုလဲ ပြောင်းလာပါတယ်။ အရင်က သတင်းစာ၊ ရေဒီယိုနဲ့ တီဗွီကိုသာအာရုံထားကြရာကနေ အွန်လိုင်းပေါ်လာတယ်။ ၂ဝဝ၈ အတွင်း အမေရိကန် ၁၄၅ သန်းဟာ ကျန်းမာရေးသတင်းအတွက် အွန်လိုင်းတက်ကြပါသတဲ့။ ဆေးကုမ္ပဏီတွေကလဲ ကြော်ငြာခကို ၁၉၉၆ ကနေ ၂ဝဝ၅ အတွင်းမှာ ၃၃ဝ% အထိတိုးသုံးတာတွေ့ရပါတယ်။
မှတ်ပုံတင်ဆေးဆိုတဲ့ဝေါဟာရတခုရှိပါတယ်။ ဒီဆေးမျိုး တချို့ဟာ မှတ်ပုံတင်ထားကြတာ မဟုတ်ပါ။ ဆေးကြော်ငြာမှာ အရင်နေရာယူခဲ့တဲ့ဆေးမျိုးဖြစ်ပါတယ်။ တိုင်းရင်းဆေးမျိုးတွေကဒီထဲမှာ အများဆုံးပါတယ်။ ဥပမာ မြွေအဆီကနေဆေး လုပ်တာမျိုးပါ။ မြန်မာပြည်မှာက အဲဒါမျိုးများမှများ။
ဟာဗယ်ခေါ်တဲ့တိုင်းရင်းဆေးတွေကို အခုနောက်ပိုင်းမှာ အာဟာရဆေးဆိုပြီး လုပ်လာကြပါတယ်။ လိမ်မာပါးနပ်သူတွေက ဥပဒေကို လက်တလုံးခြား ကြော်ငြာပါတယ်။ စမ်းသပ်မှုတွေ လုပ်ထားတယ်၊ ရောဂါရှာဖွေရေးအတွက် မဟုတ်ပါ၊ ရောဂါပျောက်မယ်လို့ မဟုတ်ပါဆိုပြီး Disclaimer ထည့်ရေးမှ ဥပဒေလွတ်တယ်။
Airborne အဖြစ်အပျက်တခုရှိပါတယ်။ သင့်ကိုယ်ခန္ဓာ ခုခံအားတိုးစေပြီး ပိုးအမွှားတွေရန်ကနေ ကာကွယ်မဲ့ ဟာဗယ်ဆေးလို့ ကြော်ငြာပါတယ်။ မကြာခင်က Airborne Health, Inc. ကုမ္ပဏီကနေ စားသုံးသူတွေကို ၂၃့၃ သန်း ငွေပြန်အမ်း လိုက်ရပါတယ်။
နာမည်ကြီးဆေးကုမ္ပဏီကြီးတွေလဲ ဒီအထဲမှာပါတယ်။ Pfizer ဆိုရင် ၂ဝဝ၄-၂ဝဝ၈ အတွင်းမှာ ၂၄၅ ဘီလီယန် ဝင်ငွေရတယ်။ Eli Lilly က ၃၆ ဘီလီယန်ရတယ်။ ဒီဝင်ငွေဟာ Zyprexa ဆိုတဲ့ဆေး တမျိုးထဲအတွက်သာဖြစ်ပါတယ်။ ဒီဆေးကို FDA က စစ်ဆေးပြီး အဓိကဆေးကုမ္ပဏီတွေကို ဒဏ်ငွေ ၇ ဘီလီယန်ချမှတ်ခဲ့ပါတယ်။ ဒီလောက်တော့ ဆေးကုမ္ပဏီကြီးတွေအတွက် အနည်းလေးသာဖြစ်ပါတယ်။
မှားထုတ်ပြီး ရောင်းခဲ့ဆေးတွေကတော့ -
• ဆီးချိုဆေးတွေထဲမှာ Actos နဲ့ Avandia ဆေးတွေပါတယ်။
• စိတ်ကျဆေးတွေထဲမှာ Paxil, Prozac, Effexor, Zoloft, Lexapro နဲ့ Depakote ဆေးတွေပါတယ်။
• ကိုယ်ဝန်တားဆေးတွေထဲမှာ Yaz နဲ့ Yasmin ဆေး။
• ဝက်ခြံဆေး Accutane ဆေး။
• ကိုလက်စထော ကျဆေး Crestor ဆေး။
• သွေးကျဲဆေး Pradaxa နဲ့ Xarelto ဆေး။
• အရိုးအားကောင်းဆေး Fosamax ဆေး။
• အနာသက်သာဆေး Vioxx ဆေး။
• လေနာဆေး Reglan (metoclopramide) ဆေး။
• ကျောက်ကပ်ဆေး GranuFlo နဲ့ NaturaLyte ဆေး။
• ဆံပင်ကျွတ်ပျောက်ဆေး Propecia နဲ့ Proscar ဆေးတွေဖြစ်တယ်။
The Great American Fraud အမေရိကန် မဟာလိမ်လည်မှုကြီးဆိုတဲ့ စူးစမ်းရှာဖွေရေးဆောင်းပါး ၁၉ဝ၅ မှာ ထွက်လာတယ်။ ၁၉ဝ၆ မှာ Pure Food and Drug Act အမေရိကန် စစ်မှန်တဲ့အစားအစာနဲ့ဆေးဝါး အက်ဥပဒေ ဖြစ်လာခဲ့ပါတယ်။ အဲဒီတုံးက အရက်၊ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးတွေကို တားမြစ်တဲ့အထဲမှာ မပါသေးပါ။ အမှန်အတိုင်းကြော်ငြာရင် ရောင်းခွင့်ရှိတဲ့သဘောပါ။ အက်ဥပဒေကတားတာက မှားပြီး ကြော်ငြာတာကိုသာ ဖြစ်ပါတယ်။
မြန်မာပြည်မှာလဲ ကြော်ငြာနဲ့ရောင်းတဲ့ရောဂါတွေ လာနေပါပြီ။ မီဒီယာအမျိုးမျိုးကနေ ထောက်ပြလာတာလဲ တွေ့ရပါတယ်။ ဒါပေမဲ့ ထောက်ပြတာမှာ အထောက်အထားနဲ့မှသာ ခိုင်မာပါတယ်။ ခက်နေသေးတာက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေကို ပြောစရာရှိရင် အရပ်စကား၊ ကြားဘူးနားဝ၊ ကောလဟလနဲ့ ရေးကြပြောကြပြန်ရင် မနစ်နာသင့်သူတွေကို နစ်နာစေပါတယ်။ မြန်မာပြည်မှာ ဥပဒေတွေက ဟောင်းနွမ်းတာနဲ့ မလုံလောက်တာတွေက များလွန်းနေတယ်။
အပြုသဘောလဲတွေး၊ အရေးအသားလဲတိကျ၊ စိတ်ထားစေတနာလဲ မှန်ကြမှသာ ကျန်းမာရေးအတွက် အားတက်ရမှာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၁၄
Comments
Post a Comment