aPTT levels သွေးခဲနှုန်း

 

အဖြေလေး ကျေးဇူးပြု၍ ဖတ်ပေးပါအုန်းဆရာရှင့်

တခုစီကို မဖြေတော့ပါ။ အခြေခံအချက်ကိုသာ မှတ်ထားပါ။

ဆေးစစ်ချက်တွေမှာ ကိန်းဂဏန်းတွေပါမယ်။ Result ဆိုတာ လူနာရဲ့အဖြေ။ Reference ဆိုတာ ပုံမှန်ရှိရမယ့် အနည်းဆုံး - အများဆုံးဂဏန်းတွေ။ 

အနည်းဆုံး - အများဆုံးဂဏန်းတွေအတွင်း ဖြစ်နေရင် လူနာအဖြေကောင်းတယ်။ များရင် များ၊ နည်းရင် နည်းတယ်။

APTT high ဖြစ်နေတော့ စိုးရိမ်ရလား ဆရာရှင့် ဘာတွေဖြစ်တက်လဲ (ဖြစ်တတ်လဲ) အားရင်ဖြေပေးပါအုန်း ဆရာရှင့်

သွေးခဲနှုန်း မြင့်နေ။ သွေးဆိုတာ သွေးကြောထဲကနေ ထွက်ရင် သတ်မှတ်ချိန်မှာ ခဲရတယ်။ ခဲတာကြာနေရင် သွေးထွက်များတယ်။ အများအားဖြင့် အသည်းလုပ်ငန်း နိုင်အောင်မလုပ်နိုင်လို့ဖြစ်တယ်။

ကုသပေးနေတဲ့ဆရာဝန်က လိုတာညွှန်ပါမယ်။

It measures how long it takes your blood to form a clot. Normally, when 1 of your blood vessels is damaged, proteins in your blood called clotting factors come together in a certain order to form blood clots and quickly stop bleeding. The aPTT test can be used to look at how well those clotting factors are working.

If your number is higher than normal, it could mean several things, from a bleeding disorder to liver disease. You'll usually get other tests at the same time depending on what your doctor's looking for.

Rivaroxaban (XareltoR) is a direct anti-Xa treatment. It increases the aPTT and the Prothrombin Time (PT) in a dose dependent fashion. At a therapeutic dose, the P/C ratio is between 1.30 and 1.70, which is variable according to the reagent used.

အဲ့တော့ သမီးကသွေးကျဲတာလို့ ပြောရမှာပေါ့နော့်ဆရာ မေးရတာလည်း အားနာနေပီ(ပြီ)ဆရာ

မဟုတ်ပါ။ ဆေးစာတွေကို အရပ်ခေါ်တွေက တယောက်တမျိုး။ မှားတတ်တယ်။ အဖြေအကြောင်း ဗမာလို ရေးဖြေထားတယ်။ သွေးကျဲတာနဲ့ သွေးခဲကြာတာ မတူပါ။ သွေးကျဲသူတွေ ဟိုဓါတ်စာတွေ ဒီဖြည့်စွက်စာတွေ စားပါဆိုတာမျိုးကို နားယောင်ရင် မှားမယ်။

 ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ