Cancer Risk Factors ကင်ဆာဖြစ်ခြင်းနှင့်ဆက်စပ်နေသည့်အကြောင်းခံများ

bone cancer ဘာကြောင့် ဖြစ်တာပါလဲဆရာ

ဘယ်ကင်ဆာမဆို ဘာ့ကြောင့်ဖြစ်ရသလဲ အတိအကျ မသိကြသေးပါ။ တယောက်နဲ့တယောက်လည်း မတူပါ။

ကင်ဆာဖြစ်ခြင်းနှင့်ဆက်စပ်နေသည့်အကြောင်းခံများ

1. Lifestyle factors လူနေမှုပုံစံ - ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အဆီများအစားအသောက်၊ ဓါတုပစ္စည်းတချို့ရှိရာမှာ အလုပ်လုပ်ကိုင်ရခြင်း၊

2. Family history, inheritance, and genetics မိသားစုရာဇဝင်ရှိခြင်း၊ မိဘထံကရလာခြင်း၊ မျိုးဗီဇချို့ယွင်းမှုရှိခြင်း၊ 

3. Some genetic disorders မျိုးဗီဇရောဂါတချို့၊ ဥပမာ Wiskott-Aldrich နှင့် Beckwith-Wiedemann syndrome ဆင်ဒရုမ်း။

4. Exposures to certain viruses ဗိုင်းရပ်စ်တချို့၊ ဥပမာ Epstein-Barr virus နဲ့ HIV ဗိုင်းရပ်စ်။

5. Environmental exposures ပတ်ဝန်းကျင်၊ ဥပမာ Pesticides, fertilizers, and power lines ပိုးသတ်ဆေးတချို့၊ မြေသြဇာတချို့၊ asbestos နှင့် benzene ဓါတ်များ၊

6. Some forms of high-dose chemotherapy and radiation အနုမြူရောင်ခြည်သင့်ခြင်း၊

7. ulcerative colitis နာတာရှည်ရောဂါကနေဆက်ဖြစ်ခြင်း၊

8. 65 or older အသက်ကြီးခြင်း၊

9. Drinking အရက်သောက်ခြင်း၊

10. Obesity and weight ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း၊

11. Sun and UV နေရာင်ခြည်လွန်ကဲခြင်း၊

12. Diet and healthy eating ကျန်းမာရေးနှင်ညီညွတ်ခြင်းမရှိသော အစားအစာများ၊

13. Physical activity ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊

14. HPV and infections ကြွက်နို့ (လိင်လမ်း)၊

15. Hormones ဟော်မုန်းပါသည့်ဆေး တာရှည်သောက်ရခြင်း (တားဆေး)၊

16. Air pollution and radon gas လေထုညစ်ညမ်းခြင်း၊

ဖေ့စ်ဘွတ်မှာ လူကြိုက်များလှတဲ့ ဘာတွေကနေ ကင်ဆာဖြစ်တယ်ဆိုတာတွေ တခုမှ မမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ