Capecitabine (ကိပ်-ဆိုက်-ဒ-ပင်း)

အစာအိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ ရင်သား ကင်ဆာ စတဲ့ရောဂါတွေမှာ တမျိုးတည်း (သို့) တခြားဆေးတွေနဲ့ တွဲသုံး တတ်တဲ့ ကင်ဆာ သောက်ဆေး တမျိုးဖြစ်ပါတယ်။ Capecitabine (ကိပ်..ဆိုက်.ဒ.ပင်း.../ trade name က Xeloda) 

ဆရာဝန်နဲ့ ဆွေးနွေးဖို့/သိထားသင့်တာ က 

၁။ ဆေး၊အစာဓာတ်မတည့်တာ ရှိမရှိ (အထူးသဖြင့် ကင်ဆာ သွင်းဆေးတခု ဖြစ်တဲ့ 5FU နဲ့ မတည့်လျင်)

၂။ နှလုံး၊ အသည်း၊ ကျောက်ကပ် ...စသဖြင့် ရောဂါ အခံရှိမရှိ

၃။ မိမိ (သို့) အိမ်ထောင်ဖက် မှာ ကိုယ်ဝန်ရှိမရှိ၊ ကလေးယူရန်ရှိမရှိ၊ သားဆက်ခြား/ကိုယ်ဝန်တားခြင်းနည်းလမ်းများအကြောင်း၊ မိခင် နို့တိုက်ကျွေး နေခြင်းရှိမရှိ။

၄။ဆေးကို ဆရာဝန် ညွှန်ကြားတာထက် ပို/လျော့မသောက်ရန်

၅။မနက် နဲ့ ညနေ ၁၂နာရီ ခြား သောက်ရပြီး ဆေးသောက်ဖို့ မေ့သွားရင် နောက် တကြိမ်မှာ ပို/ပေါင်း မသောက်ရ။ တကြိမ်မှာ တကြိမ်စာသာ သောက်၍ မသောက်မိတာကို ထဲ့မသောက်ရန်

၆။ အစာစားပြီ နာရီဝက်အတွင်း ရေများများဖြင့်သောက်ရန်

၇။ ဆေးကို ပူသော၊ အလင်းရောင် အောက် နေရာများမထားရန်၊ ခြောက်သွေ့သောနေရာတွင်ထားရန်

၈။ ဖျားခြင်း၊ တခြားဘေးထွက်ဆိုးကြိုးများ ရလျင်ဆရာဝန် နှင့်အမြန် တိုင်ပင်ရန်

အတွေ့မျာတဲ့ဘေးထွက်ဆိုးကျိုးတွေ က

၁။ ခြေ လက် ဖဝါးတွင် ခြောက် အက်ကွဲ အရေခွံကွာ ထုံကျင်နာခြင်း

၂။ ဝမ်းလျောခြင်း

၃။ အသည်း အင်ဇိုင်းများတက်ခြင်း

၄။ ပါးစပ် အနာပေါက်ခြင်း ... စတာတို့ဖြစ်ပါတယ်။ (Cancer Care Myanmar)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ