Lung Cancer and Family history အဆုတ်ကင်ဆာနှင့် မိသားစုရာဇဝင်

မင်္ဂလာပါဆရာ မေးခွန်းလေး တခုလောက် မေးခွင့်ပြုပါရှင် ကျွန်မအသိ ဦးကြီးတယောက် အသက် ၆၀ ကျော်ပါ အဆုတ်ကင်ဆာ နဲ့ ဆုံးသွားခဲ့ပါတယ် ကျွန်မတို့ အငြင်းပွားနေကြတဲ့ ကိစ္စက ကျန်ခဲ့တဲ့မိသားစုဝင်တွေရယ် လူနာနဲ့အနီးကပ်နေခဲ့ကြတဲ့သူတွေရယ် ဆေးစစ်သင့် မစစ်သင့်ကိုပါ လူနာမဆုံးခင်က ပုံမှန်ပြနေကြ ဆရာဝန်က ဘာမှ မပြောလို့ စစ်စရာ မလိုဘူးလို့ ပြောနေကြတဲ့လူတွေရယ်၊ စစ်ရမယ်လို့ ပြောနေကြတဲ့သူတွေရယ် အငြင်းပွားနေကြလို့ပါ ဆရာ။ ဘာလုပ်သင့်လည်း ကျေးဇူးပြုလို့ ညွှန်ပြပေးပါရှင်။

မိသားစုဝင်တဦးမှာ အဆုတ်ကင်ဆာရှိရင် တခြားမိသားစုတွေထက် အဆုတ်ကင်ဆာမိသားစုဝင်တွေက ၂ ဆ ဖြစ်နိုင်ခြေပိုများတယ်။ ဆောရီး။

ဒါပေမဲ့ ဆေးလိပ်သောက်ခြင်းနဲ့ အသက်ရွယ်ကြီးခြင်း (၆၅ နှစ်အထက်) တွေကသာ ပိုပြီး ဖြစ်နိုင်ပါတယ်။

အဆုတ်ကင်ဆာ အများစုဟာ မျိုးရိုးလိုက် ဗီဇပြောင်းလဲခြင်းမရှိတာ များပါတယ်။

Adenocarcinomas အမျိုးအစားကင်ဆာကတော့ တခြားအမျိုးအစားတွေထက် ဗီဇပြောင်းလဲတာ ပိုအဖြစ်များတယ်။

အသက် ၄၅ နှစ်အောက်မှာ အဆုတ်ကင်ဆာ ဖြစ်တာ နည်းတယ်။ ၇၀ နှစ်မှာ တွေ့ရတာများတယ်။

မျိုးရိုးလိုက်တဲ့ ကင်ဆာတွေက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်တယ်။ သရက်ရွက်ကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာတွေကိုလည်း မိသားစုအတွင်းမှာ ဖြစ်တာ တွေ့ရတယ်။

မေးခွန်း ရေးသူ စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ