Blood Types and Paternity Determination မိဘနှင့် သားသမီးများ သွေးအုပ်စုများ

၁။ ကလေးမအေက B သွေးဆရာ။ ကလေးက B သွေးပါဆရာ။ လူနှစ်ယောက်မှာ တယောက်က O သွေး နောက်တစ်ယောက်က Ab သွေးပါဆရာ။ မွေးလာတဲ့ကလေးက AB နဲ့ရတာလား O နဲ့လား။ ဘယ်သွေးအမျိုးစားနဲ့ ရတာလို့ သိလို့ရပါလားဆရာ။ ဇာယားကွက်ထဲကအတိုင်းဆိုရင်ဆရာ။

အမေ B ကလေး B ဆိုရင် အဖေဟာ A, B, AB, O ဖြစ်နိုင်။

B နဲ့ AB ကနေရတဲ့ကလေးက A, B, AB ဖြစ်နိုင်။

B နဲ့ O ကနေရတဲ့ကလေးက B, O ဖြစ်နိုင်။

အဲတော့ B ကလေးဟာ ၂ ယောက်လုံးနဲ့ ဖြစ်နိုင်နေ။

DNA စစ်ရန်လိုအပ်။

၂။ မင်္ဂလာပါဆရာ။ ကျွန်တော်ရော အမျိုးသမီးပါ အိုသွေးပါဆရာ။ သမီးလေးက အေသွေးဖြစ်လို့ စိတ်ရှုပ်နေရပါတယ်ဆရာ။ ဆရာ Facebook မှာတင်ထားတာလေးတွေ့မိလို့ DNAဘယ်မှာစစ်လို့ရလဲသိချင်လို့ပါဆရာ။ ဘာတွေလိုအပ်တာလဲ ပါသိချင်တာပါဆရာ။ ဆရာရွှင်လန်းချမ်းမြေ့ပါစေ။

၃။ ကျွန်တော့သွေးအမျိုးအစားက AB ပါ။ အမျိုးသမီးက O ပါ။ မည်သို့ဖြစ်သည်မသိ၊ သားငယ်လေး ၅နှစ်ကျော်က အခုမှသိရ A ဖြစ်နေပါသည် ဖြစ်နိုင်ပါသလား။ ဖြစ်သင့်ပါသလား။ သိလိုပါသည်။

၄။ ကျွန်မတို့လင်မယားနှစ်ယောက်စလုံးက အေဘီသွေး၊ ဒါပေမဲ့ သားကြီးက အိုသွေးတဲ့။

၅။ ဆရာရှင် အဖေက AB သွေး၊ အမေက A နဲ့ ကျွန်မမောင်က A + ပါ။ အဲ့ဒါကောဖြစ်နိုင်လားဆရာ။

၆။ မင်္ဂလာပါဆရာ။ ဆရာ့ရဲ့ သွေးအကြောင်း Post ကို ဖတ်ရတဲ့အတွက် ကျေးဇူးပါဆရာ။ အအေမေဟာ B သွေးဖြစ်ပြီ။ သားသမီးက O သွေးဖြစ်နိုင်ပါသလားဆိုတာ လေးစားစွာမေးပါရစေရှင်။

၇။ မိဘ (AB) + (O) = သား (A-) ဆရာစာထဲမှာ မတွေမိဘူး။ သမီးအကြီးကလည်း နားအကြား အာရုံပြဿနာရှိပါတယ်။ သားကလည်း မွေးပြီး ၆ ရက်မှာသွေးလဲရတယ်။ ပ အကြိမ် (O-)၊ ဒု အကြိမ် (A-)။ နောက်ကလေး မယူရဲတော့ဘူး။ အဲဖြစ်စဉ်မျိုး ဆရာရေးပြီးသားစာရှိရင် လမ်းညွန်ပြပါ။

၈။ အဖေ AB အမေ O = သားသမီး O ဖြစ်နိုင်ပါသလား။ ကျတော့ သမီးအကြီးနဲ့ အလတ်က O ပါ။ အငယ်က B ပါ။

မိဘတွေကရဲ့သွေးအမျိုးအစားတွေကနေ သားသမီးတွေမှာ ဖြစ်လာနိုင်တဲ့ သွေးအမျိုးအစားများ

1. မိဘသွေးအုပ်စု (အေ) + (အေ) = သားသမီး (အေ) နှင့် (အို)

2. မိဘသွေးအုပ်စု (အေ) + (ဘီ) = သားသမီး (အေ)၊ (ဘီ)၊ (အေဘီ) နှင့် (အို)

3. မိဘသွေးအုပ်စု (အေ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)

4. မိဘသွေးအုပ်စု (အေဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)

5. မိဘသွေးအုပ်စု (ဘီ) + (ဘီ) = သားသမီး (ဘီ) နှင့် (အို)

6. မိဘသွေးအုပ်စု (ဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)

7. မိဘသွေးအုပ်စု (အို) + (အို) = သားသမီး (အို)

8. မိဘသွေးအုပ်စု (အေ) + (အို) = သားသမီး (အေ) နှင့် (အို)

9. မိဘသွေးအုပ်စု (ဘီ) + (အို) = သားသမီး (ဘီ) နှင့် (အို)

10. မိဘသွေးအုပ်စု (အေဘီ) + (အို) = သားသမီး (အေ) နှင့် (ဘီ)

11. မိဘသွေးအုပ်စု (Rh +) + (Rh -) = သားသမီး (Rh +) နှင့် (Rh -)

12. မိဘသွေးအုပ်စု (Rh -) + (Rh -) = သားသမီး (Rh -)

13. မိဘသွေးအုပ်စု (Rh +) + (Rh +) = သားသမီး (Rh +) နှင့် (Rh -)

မိဘသွေးအုပ်စုများ = မဖြစ်နိုင်တဲ့ ကလေးသွေးအုပ်စုများ

1. A & A = B, AB

2. A & B = None

3. A & AB = O

4. A & O = B, AB

5. B & B = A, AB

6. B & AB = O

7. B & O = A, AB

8. AB &AB = O

9. AB & O = AB, O

10. O & O = A, B, AB

သွေးလှူချင်သူများ

• သွေးအုပ်စု A+ သည် A+, AB+ တို့ကို သွေးလှူနိုင်သည်။

• သွေးအုပ်စု O+ သည် O+, A+, B+, AB+ တို့ကို သွေးလှူနိုင်သည်။

• သွေးအုပ်စု B+ သည် B+, AB+ တို့ကို သွေးလှူနိုင်သည်။

• သွေးအုပ်စု AB+ သည် AB+ ကို သွေးလှူနိုင်သည်။

• သွေးအုပ်စု A- သည် A+, A-, AB+, AB- တို့ကို သွေးလှူနိုင်သည်။

• သွေးအုပ်စု O- သည် လူတိုင်းကို သွေးလှူနိုင်သည်။

• သွေးအုပ်စု B- သည် B+, B-, AB+, AB- တို့ကို သွေးလှူနိုင်သည်။

• သွေးအုပ်စု AB- သည် AB+, AB- တို့ကို သွေးလှူနိုင်သည်။

သွေးရယူမည့်သူများ

• သွေးအုပ်စု A+ သည် A+, A-, O+, O- ဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု O+ သည် O+, O-ဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု B+ သည် B+, B-, O+, O- ဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု AB+ သည် လိုတိုင်းဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု A- သည် A-, O- ဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု O- သည် O- ဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု B- သည် B-, O- ဆီကသွေးကို သွေးရယူနိုင်သည်။

• သွေးအုပ်စု AB- သည် AB-, A-, B-, O- ဆီကသွေးကို သွေးရယူနိုင်သည်။

ဇယားပါတာနဲ့ လွဲနေသူတွေ ပဌမဆုံး သွေးအုပ်စု ပြန်စစ်ပါ။ လိုသေးရင် DNA ပါ ဆက်စစ်ရပါမယ်။ မြန်မာပြည်မှာ စစ်ရ မရ မသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ