Heat stroke အပူဒဏ် ဘယ်လိုခံမလဲ

ရာသီဥတုပူလွန်းလို့ လူတွေကိုဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လည်း ခေါ်တယ်။ အရပ်ခေါ်အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလည်း ဖြစ်စေနိုင်တယ်။
Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက်လွတ်ဖြစ်တာ်၊ Heat exhaustion အပူကြောင့်ကုန်ခန်းသွားတာတွေက ဆိုးတဲ့လက္ခဏာတွေမဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့မဆိုင်ဘဲ ဖြစ်တတ်တယ်။
အပူချိန်မြင့်နေတာနဲ့ အချိန်ကြာထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခန်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့နစ်ကိုထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက်ထက်ကျော်တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။
ဘာတွေခံစားရမလဲ -
• Nausea and vomiting ပျို့-အန်ချင်၊ 
• Fainting သတိလစ်ချင်လာတာက ပဌမလက္ခဏာဖြစ်တတ်တယ်။ 
• Throbbing headache ခေါင်းထိုးကိုက်၊
• Dizziness and light-headedness ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊ 
• Lack of sweating despite the heat ပူပေမဲ့ချွေးမထွက်၊ 
• Red, hot, and dry skin အရေပြာတွေနီရဲနေ၊
• Muscle weakness or cramps ကြွက်သားအားနည်း၊ ကြွက်တက်၊ 
• Rapid heartbeat နှလုံးခုန်မြန်၊ 
• Rapid, shallow breathing အသက်ရှူတိမ်ပြီးမြန်၊
• Behavioral changes အမူအယာပြောင်း၊ ဥပမာ confusion စိတ်ရှုတ်ထွေး၊ disorientation ရောက်နေတဲ့နေရာမသိ၊ or staggering လုပ်တာကိုင်တာဖြေးနှေး၊
• Seizures တက်၊
• Loss of consciousness or coma သတိလက်လွတ်ဖြစ်မယ်။
First Aid for Heat Stroke ရှေးဦးသူနာပြုစုခြင်း
• အရေးပေါ်ဖြစ်လာရင် ဆေးရုံ၊ ကြက်ခြေနီ အကူအညီတောင်းပါ။
• အကူအညီမလာမီမှာ အေးတဲ့နေရာ (အရိပ်ရှိရာ၊ လေအေးစက်ရှိရာ) ကိုရွေ့ထားပါ။ အဝတ်အစားတွေ ဖယ်ရှားပေးပါ။ Dehumidifying air conditioning လေအေးနည်းသုံးပါ။
• လူနာကိုလှဲနေစေပါ။ ခြေရင်းမြှင့်ပေးထားပါ။ 
• ကိုယ်အပူချိန်တိုင်းပါ။ ၁ဝ၅ ကနေ ၁ဝ၁-၁ဝ၂ အထိရောက်အောင် အေးစေတဲ့နည်းတွေသုံးပါ။ ရေအေးဝတ်တိုက်ပါ၊ ချိုင်း၊ ပေါင်ခြံ၊ နောက်ကျောနေရာတွေမှာ ရေခဲတင်ပါ။ ရေလောင်းပါ။ ရေချိုးပါ။ ရေချိုးစည်ထဲထားပါ။ ပန်ကာဖွင့်ပေးပါ၊ ယပ်ခပ်ပေးပါ။ 
• သက်သာလာပြီးနောက်မှာ အပူဒဏ်မခံရအောင် ဆက်ရှောင်ရှားနေပါ။ ပြင်းထန်တဲ့အားကစား၊ ကိုယ်လက်လေ့ကျင့်ခန်း ရှောင်ထားပါ။ 
• ရေအေးတဘက်နဲ့ပတ်ပေးထားနည်း မသင့်ပါ။
• ရေချိုးစည်ပိုင်းမှာ အသင့်အတင့်အေးတဲ့ရေသာသုံးပါ။ သတိလစ်နေသူကို အဲလိုမလုပ်ပါနဲ့။ တခြားရွေးစရာမရှိရင် ခေါင်းကို ရေထဲမနစ်ဘို့သတိထားလုပ်ပါ။
• ရေအေးသောက်စေပါ။ ORS ဓါတ်ဆားရည်သောက်စေပါ။ လိုလာရင် သွေးကြောထဲ RL drip ဆေးသွင်းပါ။ 
• အသက်ရှူ-နှလုံးခုန် မကောင်းတော့ရင် CPR လုပ်ဘို့ပြင်ဆင်ထားပါ။
Heat exhaustion အပူလွန်ကဲခြင်း ဘာလို့ဖြစ်ရသလည်း
• Low fluid intake ရေ + အရည်သောက်တာနည်းခြင်း
• High heat exposure အပူနဲ့လွန်ကဲစွာတွေ့ရခြင်း
• More activity အလုပ်လုပ်ရတာများခြင်း
ဘာတွေခံစားရမလည်း
• ခေါင်းကိုက်
• အားကုန်
• အားနည်း
• အရေပြားစိုထိုင်း
• ချွေးထွက်
• သွေးဖိအားကျ
• နှလုံးခုန်မြန်
• စိုးရိမ်စိတ်ဖြစ်
• စိတ်ရှုတ်ထွေး
ဘယ်လိုကုသမလဲ
• ရေ + ဓါတ်ဆားဖြည့်ပေးပါ။ သောက်ပါ။ သွေးပြန်ကြောထဲသွင်းပေးပါ။
• နားနေပါ။
Beat the Heat စိတ်အနေ အေးပါစေ http://doctortintswe.blogspot.com/2016/04/beat-heat.html
Beat the summer heat အပူဒဏ်ကာကွယ်ရန် http://doctortintswe.blogspot.com/2015/06/beat-summer-heat.html
Heat stroke အပူဒဏ် ဘယ်လိုခံမလဲ http://doctortintswe.blogspot.com/2015/06/heat-stroke.html
Hot Places ပူတဲ့တိုင်းပြည်တွေမှာ အလုပ်လုပ်ရတာ http://doctortintswe.blogspot.com/2017/03/hot-places.html
http://doctortintswe.blogspot.com/2014/11/heat-stroke.html
Summer heat ထန်းလက်မိုး http://doctortintswe.blogspot.com/2016/04/summer-heat.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ