Your T-shirt is thirty သင့်တီရှပ်ကနေ ရေဘယ်လောက်သုံးခဲ့သလဲ

ရေနဲ့ ဖက်ရှင်တွဲလေ့ရှိတယ်။ ပင်လယ်ကမ်းခြေ၊ ရေကူးဝတ်စုံ၊ အဆင်တန်ဆာစုံမှာ ရေနဲ့ ဝတ်စုံ လှလှလေးတွေ တွဲဖက်နေတယ်။ ဝတ်ထားတဲ့အဝတ်အစားက ဝါဂွမ်းကနေ ရေဘယ်လောက်သုံးထားသလဲ။ ဖက်ရှင်လုပ်ငန်းကြီးကနေ ကမာ္ဘ့ရေထုထည် ဘယ်လောက်ကုန်စေပါသလဲ။ ဝါဂွမ်းစိုက်ပျိုးရေးအတွက် ကမာ္ဘ့ရေထုထည် ၂့၆% နှစ်စဉ် သုံးနေပါတယ်။ တီရှပ်တထည်ရဘို့ရာ ရေလီတာပေါင်း ၂၇ဝဝ ကုန်ခဲ့တယ်။ ဒါ့ပြင် ရေပါနေတဲ့ ဓါတ်ပစ္စည်းတွေကလဲ သုံးပုံတပုံပါသေးတယ်။ လှလို့ လူကြိုက်များတဲ့ဖက်ရှင်ဟာ ကျွန်တော်တို့ကို ကယ်တင်ရှင် မလုပ်ပါ။

ကုမ္ပဏီပေါင်းများစွာကနေ သောက်စရာအပါအဝင် ရေရဘို့အရေး ထောက်ကူပေးနေကြပြီတဲ့။ ဗြိတိသျှ Rapanui ရာပင်ညူကနေ ပင်လယ်ပျော်တွေအတွက် ရေသန့်ဘို့အရေး Marine Conservation Society နဲ့ တွဲဖက်လုပ်ပါတယ်။ ရေကို ပြန်သုံနိုင်အောင် စီမံတယ်။ သူတို့ကနေ ဒီအသိတွေတိုးလာအောင်လဲ လုပ်ဆောင်ကြတယ်။ ကုန်းပေါ်က ငါးဖမ်းရာနေရာတွေ၊ စီးပွါးရေးလုပ်ငန်းတွေ၊ ဂေဟစနစ်ကောင်းမွန်စေဘို့ ဖြစ်တယ်။

သမားရိုးကျဝါဂွမ်းဟာ ဓါတုပစ္စည်းအပေါ်မှာ မှီခိုတယ်။ ပိုးသတ်ဆေးတွေလိုတယ်။ မြေသြဇာတွေသုံးရတယ်။ စိုက်ပျိုးရေးတခုလုံးရဲ့ ၁ဝ% ရှိတယ်။ တကမာ္ဘလုံး ပိုးသတ်ဆေး ၂၅% သုံးတယ်။ ဝါစိုက်ပျိုးမှာ Integrated Pest Management နည်းစနစ်ကို လက်ရှိသုံးနေကြတယ်။ Pesticide Action Network of the United Kingdom ကနေ အော်ဂဲနစ်လက်လီသမားတွေကို သတင်းအချက်အလက်တွေ ပေးပါတယ်။ ဈေးဝယ်မယ်ဆိုရင် အော်ဂဲနစ်တံဆိပ် ပါ မပါ သတိပြုကြပါ။ ဒီလို အော်ဂဲနစ် စက်မှုလုပ်ငန်းလဲ ၂ဝဝ၈ မှာ ၃၉့၄% တိုးတက်လာပါပြီ။

ခက်နေသေးတာက ပိုးသတ်ဆေး။ နောက်ပြီး အော်ဂဲနစ် ဝါဂွမ်းက ရေပိုသုံးနေတာဖြစ်တယ်။ အစားထိုးစရာ ပဲပုပ်၊ ဝါး၊ ပိုက်ဆံလျှော် စိုက်ရတာက ရေအသုံးနည်းတယ်။  ဒါပေမဲ့ သူတို့ ဖိုက်ဘာ မျှဉ်ကို ပြုပြင်ပေးရတာက မတူကြဘူး။ ဝါးဆိုရင် ဓါတုနည်းနဲ့လုပ်နိုင်လို့ ပေါ်လူးရှင်း ညစ်ညမ်းမှုနည်းတယ်။ နောက်တခုက ဆေးရောင်တွေ။ ပွင့်ရိုက်ထည်တွေ။ ဂျင်း အရောင်ရင့်ဆိုးဘို့ဆိုရင် ဆိုးဆေးတွေကနေ ရေကုန်စေပါတယ်။  ဒါကြောင့် ဆိုးဆေးမသုံးတဲ့ အထည်ဆိုတာ ခေတ်စား လာရင်ကောင်းတယ်။ နောက် တဦးချင်းကနေ လုပ်ပေးနိုင်တာလဲရှိပါသေးတယ်။ အဝတ်အစားတွေဝယ်ပြီး ဖွပ်လျှော်ရတာမှာ ရေကုန်စေတာကို သတိထားသင့်ကြတယ်။ လျှော်ရလေလေ သင့် အဝတ်အစား ၇၅-၈ဝ% သက်တမ်း ဆွေးရလေလေဖြစ်မယ်။

အကောင်းဆုံးအကြံပြုချက်လေးတွေ ပြောပါရစေ။

၁။ Wear it again လျှော်တာနည်းပြီး၊ ထပ်ခါ ထပ်ခါဝတ်ပါ။ ချွေးစော်မနံအောင် အဝတ်အစားကို တညတာ အေးခဲစေအောင် လုပ်နိုင်တယ်။

၂။ Smart machine စမတ်စက် ကိုသုံးပါ။

အိမ်တအိမ်မှာ တနှစ်ကို အခါ ၄ဝဝ လောက်အဝတ်လျှော်ရတတ်တယ်။ ရေ ဂါလံ ၁၃၅ဝဝ ကုန်မယ်။ Energy-Star rated washer စက်အမျိုးအစားသုံးနိုင်ရင် တနှစ်မှာ ရေဂါလံပေါင်း ၇ဝဝဝ ကိုချွေတာရာကျတယ်။

၃။ Green laundry detergent ဆပ်ပြာကိုလဲ ခေတ်မီတာသုံးပါ။ အပင်တွေကနေ ထုတ်လုပ်တဲ့ဆပ်ပြာ၊ ဆပ်ပြာမှုံ့သုံးပါ။ Phosphate-free ဖေါ့စဖိတ် မပါတာမျိုးပြောတာဖြစ်တယ်။ White vinegar ဗနီဂါ အဖြူနဲ့ အဝတ်ပျော့စေသင့်တယ်။ Acid vinegar အက်စစ်ဗနီဂါ ကနေ ဆပ်ပြာရဲ့သတ္တိကို ပျယ်စေမယ်။

၄။ DIY laundry soap ဆပ်ပြာလုပ်ကြည့်ပါ။ TipNut ဘလော့ခ်မှာ လုပ်နည်းရေးထားတယ်။

၅။ Maximize efficiency သက်ရောက်မှု အစွမ်းကုန်သုံးပါ။ အဝတ်လျှော်စက်မှာ ဝန်အပြည့် ထည့်နိုင်ချိန်အထိစောင့်ပြီးမှ စက်ဖွင့်ပါ။ ဝန်နည်းနည်းနဲ့ ခဏခဏမလျှော်ပါနဲ့။ ခြောက်သွေ့အောင် နေရောင်ကို အသုံးချပါ။

သူတို့ဆီမှာ လျှော်ရဖွပ်ရလွယ်ပြီး မီးပူတိုက်စရာမလိုတဲ့ အဝတ်အစားကိုသာရွေးဝတ်ကြတယ်။ အချိန်ကုန်သက်သာပြီး လျှပ်စစ်ချွေတာရာလည်းကျတယ်။ ဟိုခေတ်ကလို ဒိုဘီကျမဟုတ်ပါ။ ထမင်းရည်နဲ့ကော်တင်ပြီး ကြေးမီးသွေးမီးပူအိုးနဲ့ မတိုက်တော့ပါ။ မြန်မာပြည်မှာ ဘယ်လိုဝတ်ကြစားကြ မသိပါ။ မီးပျက်တာတွေတော့ကြားတယ်။ မီးချွေတာရေး၊ ရေချွေတာရေးတော့ မသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ