Omphalocele မွေးရာပါ ဗိုက်မလုံခြင်း

၂၀၁၆ ခုနှစ်၊ မေလကတည်းက ရေးထားတာ။
ဆရာမဂ်လာပါရှင့် ဒါလေးလေးအဆင်ပြေသွားလားရှင့်သမီးခလေးလေးကအ့လိုလေးဖြစ်နေတယ်ပြောလို့ပါဆရာ။
အလားအလာ မတူကြပါ။ အရွယ်အစား၊ ပူတွဲရှိနေနိင်တဲ့ ပုံမှန်မဟုတ်ခြင်းတွေ၊ ကုသနည်း စတာတွေအရ အလားအလာ မတူပါ။
မွေးကင်းစ ကလေးငယ်တွေမှာ Omphalocele ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။ ဘယ်လို ကုသနည်းက အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာ သိချင်ပါတယ် ဆရာ။ ရန်ကုန်တိုင်း ( - ) မြို့နယ်ဆေးရုံက သူနာပြုဆရာမ ( - ) ပါ။ ဒီကလေးက ဘာ case လဲရှင့်။ Case အကြောင်းလေး ရှင်းပြပေးလို့ရနိုင်မလားဆရာရှင့်။
ကလေးဝမ်းဗိုက်မှာ မွေးရာပါချို့ယွင်းချက်တွေ အမျိုးမျိုးရှိတယ်။ အလုံအကျအနဖုံးထားရမယ့်ဝမ်းဗိုက်မလုံရင် ဗိုက်မှာနေတဲ့ အစာအိမ်၊ အူသိမ်၊ အင်္ဂါတွေအပြင်ကိုထွက်နေလိမ့်မယ်။ သန္ဓေသားဘဝမှာ ဖွံ့ဖြိုးမှုတွေက အဆင့်ဆင့် ဖြစ်ဖြစ်လာရတယ်။ မထင်မှတ်တာတွေဖြစ်ရင် မွေးရာပါချို့ယွင်းချက်တွေရှိနေမယ်။ ဗိုက်မလုံတာက ချက်ကနေ ဆက်နေတယ်။ ချက်ပေါက်ကရှိသင့်တာထက်ကျယ်နေတာနဲ့ ကျကျနနဖွံ့ဖြိုးမှု မရှိရာကနေ ဖြစ်စေတယ်။ Omphalocele နဲ့ Gastroschisis ဆိုပြီး ၂ မျိုးရှိတယ်။ 
Omphalocele (Exomphalos) ချက်ပေါက်နေဖြစ်တာမျာ သိပ်မဆိုးတာနဲ့ ဆိုးတာ ၂ မျိုးရှိတယ်။ ကလေး ၄ဝဝဝ မှာ ၁ ယောက်ဖြစ်တယ်။ သူတို့ထဲက ၂၅% အသက်မရှင်ပါ။ ဆိုးတာတွေထဲမှာ ၅၀% ကနှလုံးရောဂါနဲ့တွဲနေတတ်တယ်။ ၄၀% က အာရုံကြောစနစ် မကောင်းတာနဲ့တွဲပါလာတယ်။ အားလုံးထဲမှာ ၁၅% မှာသာ ခရိုမိုဇုန်းမူမမှန်တာတွေ့ရတယ်။ 
မွေးကာစကလေးတချို့မှာ ချက်ဖေါင်းစူနေတာရှိတယ်။ စာတပုဒ်ရေးထားပါတယ်။
အမေရိကန် (CDC) ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာနရဲ့ခန့်မှန်းချက်အရ ယူအက်စ်အေမှာ တနှစ် ကလေး ၇၇၅ ယောက်မှာ အဲလိုရောဂါနဲ့မွေးလာကြတယ်။ အချိုးချရင် ကလေး ၅၃၈၆ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ 
Omphalocele ရှိနေတာကို ကိုယ်ဝန်ဆောင်နေစဉ်မှာ AFP screening နဲ့စစ်လို့ရတယ်။ အာလ်ထွာဆောင်း အသေးစိတ်ရိုက်ပြီးလည်း စစ်လို့ရမယ်။ 
ဘာလို့ဖြစ်သလည်း တချို့မှာ Edward's syndrome နဲ့ Patau Syndrome မျိုးဗီဇရောဂါကြောင့်ဖြစ်တယ်။ တချို့မှာ အကြောင်းရင်းရှာမတွေ့ပါ။ 
Gastroschisis ဆိုတာ ချက်ကြိုးနဲ့မဆိုင်ပဲဖြစ်တယ်။ အလယ်မျဉ်းမှာမဟုတ်ပဲ ညာဖက်မှာဖြစ်တယ်။ ဒီအမျိုးအစားမှာ တခြားမွေးရာပါချို့ယွင်းချင်နဲ့တွဲတာရှားတယ်။ 
ဗိုက်ကနေအပြင်ထွက်နေတဲ့အင်္ဂါတွေကို အလွှာပါးပါးလေးနဲ့ဖုံးနေတယ်။ အိတ်ဖြစ်တယ်။ အိတ်ကပေါက်ထွက်ခဲတယ်။
ကုသရတာမှာ ထွက်နေတဲ့အင်္ဂါတွေအရွယ်အစား၊ ကလေးအသက်၊ တခြားမွေးရာပါချို့ယွင်းချက်၊ စတာတွေကို ကြည့်ရတယ်။ သေးတာမှန်သမျှခွဲစိတ်ပြုပြင်ပေးနိုင်တယ်။ ကြီးတာဆိုရင် အဆင့်ဆင့် ခွဲစိတ်ပြုပြင်ပေးရတယ်။ 
နှစ်စဉ် ဇန္နဝါရီလ (၃၁) ရက်နေ့ကို ဒီရောဂါ အသိပညာပေးရက်အဖြစ် သတ်မှတ်ထားတယ်။ "O" Awareness Day လို့ခေါ်တယ်။ ၂ဝ၁၂ တုံးကစတယ်။ 
ပုံ မတင်တော့ပါ။ ဖေ့စ်ဘွတ်ကလည်း ခုတမျိုး တော်ကြာတမျိုး။ ၂၀၁၈ ခုနှစ်က ကလေးအူကျခြင်းပုံတင်လို့ တလပိတ်ခံရတယ်။ သူများတွေ အဲဒီပုံကိုဘဲတင်နေကြတာ ဘာမှဖြစ်ပုံမရ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ