Blood သွေး

Blood သွေး

၁။ မင်္ဂလာပါ ဆရာ လူက မွေးကာစ အချိန်ကနေ အရွယ်ရောက်ပြီး အချိန် အထိ ခန္ဓာကိုယ်ထဲက သွေးပမာန အတူတူ ပဲ ဆိုတာ မှန်လား ခင်ဗျ
၃ လအရွယ်ကလေးငယ်မှာ သွေးထုထည် 75 mL/kg ရှိမယ်။
၈ ပေါင်လေးတဲ့ ကလေးတယောက်မှာ သွေးထုထည် 270 mL ရှိတယ်။ 0.07 ဂါလံနဲ့ ညီမျှတယ်။
၈၀ ပေါင်လေးတဲ့ ကလေးတယောက်မှာ သွေးထုထည် 2,650 mL ရှိတယ်။ 0.7 ဂါလံနဲ့ ညီမျှတယ်။ 
အရွယ်မရောက်မီ ယောက်ျားလးတယောက်မှာ 70 mL/kg ရှိမယ်။
အရွယ်မရောက်မီ မိန်းကလေးတယောက်မှာ 65 mL/kg ရှိမယ်။
၁၅၀-၁၈၀ ပေါင်ရှိတဲ လူကြီးတယောက်မှာ 1.2 to 1.5 ဂါလံနဲ့ ညီမျှတယ်။
အသက် ကြီးရင့်လာသူတွေမှာ သွေးထုထည်း နည်းနည်းလေးတော့ လျော့တယ်။ 
သူများတွေထက် ပိုဝပေမဲ့ သွေးထုထည် ပိုမများပါ။
၂။ ဆရာ လူတယောက်မှာ သွေး ၅ လီတာ မှ ၆ လီတာအထိရှိတယ်လို့ စာအုပ်ထဲမှာဖတ်ဖူးပါတယ်။ Blog စာမျက်နှာတခုမှာ ၇ လီတာလို့ ရေးထားတာတွေ့ရတယ်။ ဘယ်ဟာအမှန်လဲဆရာ။
ပုံမှန်လူတယောက်မှာ သွေး ၅ လီတာရှိပါတယ်။ သွေးကို ခန္ဓာဗေဒမှာ ထူးခြားတဲ့ (ကွန်နက်တစ်-တစ်ရှူး) များထဲမှာ ထည့်ထားတယ်။ သွေးမှာ အခဲပိုင်းနဲ့ အရည်ပိုင်းရှိတယ်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်) ခေါ် (ဆိုဒီယမ်နှင့် ကလိုရင်း) ဓါတ်ဆားများ၊ Protein ပရိုတင်းတို့လည်း ပါဝင်တယ်။ အာဟာရ၊ ဂလူးကို့စ်၊ Lipid ခေါ် အဆီ၊ Amino acid အမိုင်နိုအက်စစ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ Hormones ဟော်မုန်းတွေကို သယ်ပို့ပေးနေတယ်။
သွေး၏အခဲပိုင်းတွင် -
၁။ RBC = Red blood cell = Erythrocyte သွေးနီဥ၊ 
၂။ WBC = White blood cells = Leukocytes (လူကိုဆိုက်) သွေးဖြူဥများနဲ့ 
၃။ Platelets (Thrombocytes) (ပလိပ်လက်) ခေါ် သွေးမှုံတို့ ပါဝင်တယ်။
RBC သွေးနီဥသည် အများဆုံးဖြစ်သည်။ RBC သည် ပျမ်းမျှ ရက် ၁၂ဝ အသက်ရှင်သည်။ လူ့ကိုယ်ထဲမှာ RBC ပေါင်း ၂့၅ ထွီလီယန် ရှိသည်။ စက္ကန့်တိုင်းမှာ RBC အသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ သွေးသည် မိုင် ၆ဝ,ဝဝဝ ခရီး သွားနေခြင်း ဖြစ်သည်။ RBC တခုသည် ကိုယ်ခန္ဓာထဲ လှည့်လည်ရန် ၂ဝ စက္ကန့်ပင် မကြာချေ။ WBC သွေးဖြူဥထဲတွင် Neutrophil နူထိုဖီးလ်၊ Eosinophil အီယိုဆင်နိုဖီးလ်၊ Basophil ဘေဆိုဖီးလ်၊ Lumphocyte လင်ဖိုဆိုက်၊ Monocyte မိုနိုဆိုက်၊ Macrophage မက်ကရိုဖေ့ချ်၊ တို့ပါဝင်သည်။ Platelets (ပလိပ်လက်) အရေအတွက်သည် အချို့ ရောဂါများ Aplastic anemia, Bone marrow cancer, DHF (သွေးလွန်တုပ်ကွေး) တို့တွင် နည်းသည်။ Thrombocyto-penia ဟု ခေါ်သည်။
WBC သွေးဖြူဥအမျိုးမျိုး 
နူထိုဖီးလ်၊ ၆၅%၊ ဗက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။ Pus ပြည်ထဲမှာပါတယ်။ အီယိုဆင်နိုဖီးလ်၊ ၄%၊ Parasite (ပါရာဆိုက်) ခေါ် ကပ်ပါးကောင်တွေကို တိုက်ဖျက်ပေးတယ်။ ဘေဆိုဖီးလ်၊ ၁%၊ Allergy (အလာဂျီ) ဖြစ်ရင် Histamine (ဟစ်စတမင်း) ထုတ်ပေးတယ်။ လင်ဖိုဆိုက်၊ ၂၅%၊ B cells (အင်တီဘော်ဒီ) Antobody ထုတ်ပေးတယ်။ T cells ခုခံအားကိစ္စမှာပါဝင်တယ်။ AIDS ဖြစ်ရင်နည်းသွားတယ်။ မိုနိုဆိုက်၊ ၆%၊ လေစုပ်စက်လိုရှင်းပေးတယ်။ မက်ကရိုဖေ့ချ်၊ ခုခံအားအတွက် ကူညီတယ်။
Plasma (ပလာစမာ) သွေး၏ အရည်ပိုင်းဖြစ်သည်။ သွေး၏ ၅၅% ရှိသည်။ အရေးပါသော (ပရိုတိန်း) များပါနေသည်။ ၎င်းထဲတွင် အသည်းမှထုတ်ပေးသည့် Fibrinogen (ဖိုင်ဘရင်နိုဂျင်) ခေါ် သွေးအားခဲစေသည့် ပစ္စည်းပါသည်။ (ပလာစမာ) မှ သွေးခဲစေသည့် ပစ္စည်းများ ထုတ်လိုက်ပါက Serum (စီရမ်) ကျန်ရစ်သည်။ အချို့ရောဂါ ကာကွယ်ဆေးများမှာ (စီရမ်) မှ ထုတ်ယူရသည်။
သွေးရဲ့အရည်ပိုင်း ပလာစမာက ၅၅%ရှိတယ်။ သူ့ထဲမှာ ရေက ၉၂% ပါတယ်။ ပရိုတင်း၊ ဂလူးကို့စ်၊ ဓါတ်ဆားတွေ၊ ဖက်တီးအက်စစ်၊ ဟော်မုန်းတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပါနေတယ်။ ပရိုတင်းကို Albumin အယ်လ်ဗျူမင်လို့ခေါ်တယ်။ ခုခံအားဆိုင်တာတွေလည်းပါနေတယ်။ သွေးခဲစေဘို့လုပ်ပေးတာတွေလည်းပါတယ်။ pH ထိန်းပေးတယ်။ ကိုယ်အပူချိန် ထိန်းပေးတယ်။
သွေးနီဥ ၄၅%၊ ပလာစမာ = ၅၄့၃% နဲ့ သွေးမှုံ = ဝ့ရ% ရှိတယ်။ သွေးနီဥပေါင်း ယောက်ျားတယောက်မှာ ၄့ရ ကနေ ၆့၁ သန်း၊ မိန်းမတယောက်မှာ ၄့၂ ကနေ ၅့၄ သန်းရှိတယ်။ သွေးဖြူဥ ၄ဝဝဝ ကနေ ၁၁ဝဝဝ ရှိတယ်။ သွေးမှုံပေါင်း ၂ သိန်းကနေ ၅ သိန်းရှိတယ်။
သွေးဟာကိုယ်အလေးချိန်ရဲ့ ၇% လေးတယ်။ သွေးထဲမှာပါတဲ့ Haemoglobin ဟီမိုဂလိုဘင်က အရေးကြီးတယ်။ ရှူတဲ့လေထဲကအောက်စီဂျင်ကို ဆဲလ်တွေဆီပို့ပေးတယ်။ ABO သွေးအုပ်စုခွဲနည်းကို ၁၉ဝဝ-၁၉ဝရ ကတည်းက သိလာခဲ့တယ်။ Rhesus factor ကိုတော့ ၁၉၃၇ ရောက်မှသိလာတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ