Foods that Could Cause Cancer ကင်ဆာနဲ့ ဆက်စပ်နိုင်သော အစားအသောက်များ

မြန်မာလို ရေးတင်နေကြတာတွေ့ အတော်များများ မှားတယ်။ ဒါပေမဲ့ ထပ်ဆင့်တင်နေကြတယ်။ ပုံကစာကို တွေ့နေတာ ၃-၄ ခါရှိပြီ။ မမှန်ပါ။ မှားတယ်။ အဲဒါကြောင့် အောက်ကရေးတာတွေကို ဖြတ်ထားလိုက်တယ်။ ဘယ်အကြောင်းအရာမဆို မမှန်တာဆို အဟုတ်မှတ်သူကလည်း များတယ်။

(၁) ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနတခုအရ ကင်ဆာနဲ့ ဆက်စပ်နိုင်တဲ့အစားအစာများ
၁။ Processed meat ပြုပြင်စီမံထားသောအသားအမျိုးမျိုး
bacon, ham, lunch meats, meat jerky, hot dogs, salami, and other cured meat products.
၂။ Any amount of processed meat and more than around 18 ounces of fresh meat per week are most strongly linked with a higher risk of cancer.
ပြုပြင်စီမံထားသောအသားအမျိုးမျိုးနှင့် လတ်ဆတ်တဲ့အသားကို တပတ်မှာ ၁၈ အောင်စကျော်စားသုံးခြင်း။
အဲလိုစားသုံးသူတွေဟာ အဲလိုမစားသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်။
(၂) ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနတခုအရ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းခံများ
1. Cigarette Smoking and Secondhand Smoke Exposure စီးကရက်သောက်ခြင်းနှင့် တဆင့်ခံဆေးလိပ်ငွေရှူရခြင်း၊
2. Exposure to Sun and Tanning Beds နေရောင်ခြည်များခြင်း၊
3. Overweight and Obesity ကိုယ်အလေးချိန်များလွန်းခြင်း၊
4. Excessive Alcohol Use အရက်သောက်များလွန်းခြင်း၊
5. Infectious Disease ကူးစက်ရောဂါတချို့။
(၃) ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနတခုအရ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းခံများ
1. Age အသက်ကြီးလာခြင်း၊
2. Alcohol အရက်၊
3. Cancer-Causing Substances ကင်ဆာဖြစ်စေနိုင်သောဓါတ်နှင့် ထိစပ်လုပ်ကိုင်ရခြင်း၊
4. Chronic Inflammation နာတာရှည်ရောင်ရမ်းခြင်း၊
5. Diet အစားအသောက်၊
6. Hormones ဟော်မုန်းများ၊
7. Immunosuppression ခုခံအားကျဆေးများ၊
8. Infectious Agents ကူးစက်မှုများ။
ခုနစ် ရေးတာလည်း မှားနေတယ်။ ဘယ်စာမဆို စာလုံးပေါင်းသတ်ပုံမမှန်ရင် အချက်အလက်လည်း မှားလေ့ရှိတယ်။ သတ်ပုံအကြောင်း ဒါ့ကြောင့် သည်းကြီးမည်းကြီး ရေးနေတာ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ