Medical Report ဆေးစစ်ချက်

ညီမက သားဥအိမ်ကင်ဆာပါ ca 125 က 12.84 ပြထားတယ်  ဘယ်အဆင့်ဖြစ်နေပီလဲရှင့် ဆရာမကမပြောပြဘူး ဖြစ်နေတယ်ရှင့် thanks စာရွက်ထဲကအ‌ဖြေရော ဘာဖစ်တာလဲရှင့်

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖေ့စ်ဘွတ်ပေါ်တာ ကြာတော့ သိသိသာသာသတိထားမိတာတွေ ရှိလာတယ်။

၁။ နေမကောင်းရင် ဆရာဝန်ကို မမေးကြတော့။

၂။ ရောဂါကြီးရင် ဆိုးရင် ဆရာဝန်ကို မမေးကြတော့။ ဥပမာ ကိုဗစ်နဲ့ ကင်ဆာ။

၃။ ကင်ဆာစာမျက်နှာ ၂ ခုနဲ့ ကင်ဆာမေးခွန်းတွေမှာ တွေ့ရတဲ့ အမှားဆုံး စာလုံးပေါင်းတွေက ဖစ်၊ တေ၊ ပါပီ၊ မာ၊ ညမ၊ က စသည်။

ဆေးစစ်ချက်

၁။ ဆေးစစ်ချက်မှာ ရှေ့ဆုံးက လူနာရဲ့ဂဏန်း၊ အလယ်မှာ ပုံမှန်အနည်းဆုံးနဲ့ အများဆုံးဂဏန်းတွေ၊ နောက်ဆုံးက နည်းသည်-များသည် အဖြေ ဖြစ်ပါတယ်။ မေးခွန်ပါလူနာ LDH များနေတယ်။ 

Lactate dehydrogenase is an enzyme that is present in almost all body tissues. Conditions that can cause increased LDH in the blood may include liver disease, anemia, heart attack, bone fractures, muscle trauma, cancers, and infections such as encephalitis, meningitis, encephalitis, and HIV.

၂။ ဆေးစစ်ချက်တွေကို လူတကာမြင်သာရာမှာ တင်ရင် ကိုယ်ရေးအချက်အလက်တွေကို ဖုံးထားရမယ်။ မသမာသူတွေက များတယ်။ 

ကျွန်တော့အမည်နဲ့ စာမျက်နှာအတုတွေဖွင့်ပြီး အမေး-အဖြေတွေ လုပ်ကြတယ်။ ဘယ်နှစ်ခုရှိမှန်း မသိ။ သိလာတော့မှာ ရီပို့ အခါခါလုပ်တော့မှာ ပျောက်သွားတယ်။ အဲဒီနေရာတွေမှာ အစစ်ထင်ပြီး မေးကြတဲ့ အမျိုးသမီးတွေဆီကနေ မမြင်ကွယ်ရာနေရာက ဓါတ်ပုံတွေ တောင်းကြသတဲ့။ ပို့ကြသတဲ့။ ရတော့ ငွေညှစ်တာလောက်သာ ပြန်ပြောလို့ သိရတယ်။

ကျွန်တော့စာတွေ မဖတ်ဘူးသူတွေက အရေးအသားစနစ်နဲ့ စည်းကမ်းတွေကို မသိကြပါ။ ကျွန်တော်က -

- သမီး-သား လို့ မရေးပါ။ မေးခွန်းထဲက ညီမကလို့ရေးတာကို မေးတဲ့သူရဲ့ညီမလား စဉ်းစားရတယ်။

- တဝမ်းပူကို မလိုအပ်ဘဲ စမသတ်ပါ။ 

- ပုံတွေ မတောင်းပါ။ 

- ပုံတွေကို မတောင်းဘဲ မပို့ပါရန်လို့ မေးနည်းစည်းကမ်းမှာ ထည့်ထားတယ်။

လူလိမ်တွေများပြီး အလိမ်ခံချင်သူလည်း မနည်းပါ။ အတု အစစ်ခွဲမသိသူကတော့ မရေမတွက်နိုင်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ