Nasal and sinus cancer နှာခေါင်းကင်ဆာ

ဆရာ နှာခေါင်းအနောက်ကင်ဆာအကြောင်းလေး သိချင်လို့ပါရှင့်

မြန်မာသာလို မရေးအားသေးပါ။ ဘယ်ရောဂါမဆို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လိုတာ ပြောပါမယ်။ ဖေ့စ်ဘွတ်ကနေ ထင်ရာပြောကြတာတွေကို အလေးမထားသင့်။

Nasal and sinus cancer is a rare cancer that affects the nasal cavity (the space behind your nose) and the sinuses (small air-filled cavities inside your nose, cheekbones and forehead). Nasal and sinus cancer is different from cancer of the area where the nose and throat connect. This is called nasopharyngeal cancer.

The most common symptoms of nasal and sinus cancer are:

a persistent blocked nose, which usually only affects 1 side.

nosebleeds.

mucus draining from the nose, which may be blood-stained.

a decreased sense of smell.

If the cancer is located only in the nasal cavity or paranasal sinus, the 5-year relative survival rate is 86%. If the cancer has spread to nearby tissues or organs and/or to regional lymph nodes, the 5-year relative survival rate is 52%.

Nasal cavity and paranasal sinus cancers can often be cured, especially if found early. Although curing the cancer is the primary goal of treatment, preserving the function of the nearby nerves, organs, and tissues is also very important.

https://www.nhs.uk/conditions/nasal-and-sinus-cancer/

ရှေ့ နဲ့ အရှေ့၊ နောက် နဲ့ အနောက် မှန်အောင်မရေးတတ်သူတွေ နေ့တိုင်း တွေ့တယ်။ အရှေ့ဆိုတာ နေထွက်ရာအရပ်။ အနောက်ဆိုတာ နေဝင်ရာအရပ်။ ရှေ့ကဆိုတာ ကိုယ့်အရင် တန်းစီသူ။ ရှေ့ကနေ ကွယ်ထားသူ။ နောက်ကဆိုတာ ကိုယ့်နောက်မှ ရောက်လာသူ နောက်မှ မွေးသူ။ ကိုယ့်ထက် အမှတ်နည်းသူ။ ကျောင်းတွေမှာ မှန်အောင် သင်မပေးတော့သလား မသိ။ အတော်ကို မှားကြတယ်။ မေးခွန်းက နမူနာတခုတည်းသာ။ မှားရေးတာတွေကို နေ့တိုင်း တွေ့ပါတယ်။

သမီးကိုယ်တိုင် နှာခေါင်းအနောက်(နောက်) ကင်ဆာ ဖြစ်နေလို့ပါ ဆရာ

အသက် အချက်အလက် မသိ

အသက်က ၂၄ ပါ ဆရာ အရက် ဆေးလိပ် ဘာတစ်ခုမှ မသောက်စားတတ်ပါဘူး ဆရာ ကျန်းကျန်းမာမာ ခေါင်းမူးခေါင်းကိုက်တောင် မရှိတတ်ဘဲ နားတစ်ဖက်(တဖက်)ပိတ်လို့ နှစ်ပတ်လောက်နေ စစ်လိုက်တာကနေ နှာခေါင်းအနောက်(နောက်) ကင်ဆာ ဖြစ်နေတာပါ ဆရာ လည်ပင်းက ပြန်ရည်ကျိတ်တွေမှာပါ ပြန့်နေလို့ အဆင့် ၃ ပါ ဆရာ

၃၃ ကြိမ် ဓာတ်ကင်ပီး(ပြီး) ၆ ကြိမ် ကီမိုသွင်းပီး(ပြီး) ပါပီ(ပါပြီ) ဆရာ အဓိက ဆောင်ရန်ရှောင်ရန်လေးတွေ ထပ်ပြောပြပေးလို့ ရမလာ ဆရာ

ကင်ဆာမေးခွန်းတွေကို နေ့တိုင်း ဖြေရပါတယ်။ ကင်ဆာဆိုတာ စောစောသိပြီး စနစ်တကျ ကုသရမယ်။ အစားအသောက်ကို ကုသပေးနေတဲ့ဆရာဝန်က ရှောင်ပါဆိုတာကလွဲရင် ကိုယ်တသက်လုံး စားသောက်လာတာတွေ အကုန် စားသောက်နိုင်ကြပါတယ်။

အခုမေးခွန်းအတွက်လည်း ကုသပေးနေတဲ့ဆရာဝန်တွေက လိုတာ ညွှန်ထားပြီး ဖြစ်ပါမယ်။ ထူးဖြည့်ရန် မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ