Rheumatoid factor ရူမတွိုက် ဖက်တာ လေးဘက်နာ

၁။ အသိတ​ယောက်က အစားလဲမဝင်ဘူး Bp 90/60 ဘဲရှိတယ်။ မူးတယ်ဘဲ​ပြော အိမ်အလည်​ရောက်​နေတာပါဆရာရှင့် အ​ရေပြား​တွေကအနည်​စက် အ​ရေပြားကလဲအမည်းစက်​တွေနဲ့ သူ့ကြည့်ရတာအားမရလို့ပါ

RA fector = Positive

ASO = 100

၂။ သမီး အမေအသက် ၆၉ နှစ် RA positive ဖြစ်နေပါတယ်။ စိုးရိမ်ရလား သိချင်လို့ပါ။

၃။ ကျွန်တော့သမီး အသက် ၂၅ နှစ်ပါဆရာ Rheumatoid Factor စစ်ဆေးတာ မှာ ဓါတ်ခွဲခန်းအဖြေမှာ 8.70 IU/ml ဟု အဖြေထွက်ပါသည် အဲဒါ သွေးလေးဘက်နာရှိမရှိ သိလိုပါသည် ဆရာခင်ဗျား ကျေဇူးတင်ပါသည်။

၄။ ။ ကျွန်တော့် သမီး အသက် ၂၅ နှစ်။ ခြေလက်ကအမြဲကိုက်နေသဖြင့် ဆရာန်မှ သွေးစစ်ခိုင်းရာ ASO 400 နှင့် RA postive ဟုအဖြေထွက်ပါသည်။ ကျွန်တော်စိုးရိမ်မည့်ပါသည်။ သို့ပါသောကြောင့် မည်သို့နေထိုင်ရမည်နှင့် RA မှာ ဘာရောဂါလည်းဆိုသည်ကို သိချင်ပါသည်။ ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆရာ ကျန်းမာချမ်းသာပါစေခင်ဗျာ။

၅။ လေးဖက်နာအကြောင်းမေးချင်လို့ပါရှင့်။ သမီးအသက် ၁၉ ပါရှင့်။ ဖျားပြီးဆိုရင် လည်ချောင်းနာ ကိုယ်တွေ လက်တွေ ကိုက်ပါတယ်ဆရာ။ ဖြစ်နေကျပါဆရာ။ ဒီတခါကျ အဖျားရှိလာတယ်။ လည်ချောင်းနာလာတယ်။ ကိုယ်တွေလက်တွေ အရမ်းကိုက်ခဲလာပါတယ်။ အရင်ကလိုပဲထင်လို့ အကိုက်ခဲပျောက်ဆေးအပြင်းစားသောက်လိုက်ပါတယ်ဆရာ။ မသက်သာလို့ ဆေးခန်းပြတာ အဖျားပျောက်ပေမဲ့ကိုက်တာကျန်ခဲ့တယ်ဆရာ။ ကျောဘက်ကပိုကိုက်တယ်ဆရာ။ လေတိုက်ရင်ပိုကိုက်ပါတယ်ဆရာ။ လမ်းလျှောက်လိုက်ရင် သက်သာသလိုရှိပေမဲ့မသက်သာဘူးဆရာ။ ဆရာဝန်ကိုပြန်ပြတော့ သွေးစစ်ခိုင်းပါတယ်ဆရာ။ သွေးစစ်တော့ ASO 450 ပါဆရာ။ လေးဖက်နာရှိတယ်လို့ ပြောတယ်ဆရာ။ တကိုယ်လုံးလဲကိုက်နေပါတယ်ဆရာ။ ဘာလုပ်ရမှန်းမသိပါဘူးဆရာ။ ဘယ်မှာပြရမှန်းမသိပါဘူးစရာ။ ထမင်းအများကြီးစားရင် ပိုကိုက်ပါတယ်။ အစားအစာကဘာတွေရှောင်ရမလဲဆရာ။ ဘာတွေစားရမလဲဆရာရှင့်။ ကျေးဇူးပြု၍ဖြေပေးပါရှင့်။ နောက်လဆိုသမီးကကျောင်းပြန်တက်ရတော့မှာပါဆရာရှင့်။ သမီးနာမည် ့့့့့ ပါဆရာ။ ဘေးဖက်နာကတခြားသူကိုကူးစက်နိုင်လားဆရာ။


RF = Rheumatoid factor ရူမက်တွိုက် ဖက်တာ

RA = Rheumatoid arthritis ရူမက်တွိုက် အဆစ်နာ

ASO = Antistreptolysin O အင်တိုင် ဆထွက်ပတိုလိုက်စင် အို


သွေးထဲမှာ ခုခံအားစနစ်ကနေထုတ်ပေးတဲ့ RF ရူမက်တစ် ဖက်တာစမ်းနည်းဖြစ်တယ်။ များနေသူမှာ Autoimmune diseases အော်တိုအင်မြူး ခေါ် ခုခံအားကမောက်ကမဖြစ်တဲ့ရောဂါရှိနေတာကိုပြသခြင်းဖြစ်တယ်။ ဒီရောဂါမှာလည်း အမျိုးမျိုးရှိတယ်။ Rheumatoid arthritis ရူမတွိုက်အဆစ်နာ ခေါ် လေးဖက်နာ၊ Sjogren's syndrome ဆိုဂရင်း ဆင်ဒရုမ်းရောဂါတွေက အများဆုံးဖြစ်တယ်။


တခြားစစ်ဆေးနည်းတွေနဲ့ပါတွဲစစ်ရတယ်။

Anti-nuclear antibody (ANA) စစ်ခြင်း၊

Anti-cyclic citrullinated peptide (anti-CCP) antibodies စစ်ခြင်း၊

C-reactive protein (CRP) စစ်ခြင်းနဲ့

Erythrocyte sedimentation rate (ESR) စစ်ခြင်းတွေဖြစ်တယ်။


RF များနေသူမှာ

Cancer ကင်ဆာ၊

Chronic infections နာတာရှည်ကူးစက်ရောဂါ၊

Cirrhosis အသည်းခြောက်ရောဂါ၊

Sarcoidosis ဆာကွိုက်ဒိုးဆစ်၊

Mixed connective tissue disease တွယ်ဆက်တစ်ရှူးရောဂါ၊

Scleroderma စကယ်လယ်ရိုဒါးမား၊

Sjogren's syndrome ဆိုဂရင်း ဆင်ဒရုမ်းရောဂါ၊

Systemic lupus erythematosus (SLE) ရောဂါ။

၂ဝ၁ဝ အမေရိကန်ကောလိပ် ရူမတော်လော်ဂျီကနေ သတ်မှတ်ချက်ထုတ်ထားတယ်။ အချက် (၆) ချက်ရှိရမယ်လို့ဆိုပါတယ်။ အဆစ်အနည်းဆုံး (၁) ဆစ်နာခြင်း - ၅ မှတ်အထိ။ rheumatoid factor (RF) သို့မဟုတ် anti-citrullinated protein antibody (ACPA) အပေါင်းပြခြင်း - ၃ မှတ်အထိ။ c-reactive protein သို့မဟုတ် erythrocyte sedimentation tests အပေါင်းပြခြင်း - ၁ မှတ်။ ခံစားနေရတာ ၆ လာအထိကြာခြင်း - ၁ မှတ်။ အနည်းဆုံးသွေးစစ်တာ ၁ ခု အပေါင်းပြမှသာရောဂါအမည်တပ်ပါတယ်။

RF အင်တီဘော်ဒီများနေခြင်းဟာ ရောဂါတိုးနေတာကိုဆိုလိုတယ်။ ဒါပေမယ့် + ပြတိုင်းလည်း ရောဂါလို့ တန်းမပြောနိုင်သေး။ တချို့မှာ + မပြပဲရောဂါရှိတယ်။

Anti-Citrullinated Protein Antibody Test နည်းက နောက် အင်တီဘော်ဒီစမ်းနည်းဖြစ်တယ်။ + နေရင် ရူမတွိုက်ရောဂါဖြစ်ဘို့များတယ်။ + ပြရင်ရောဂါတိုးနေတာ။ တချို့မှာ ရောဂါရှိပြီး - ပြတယ်။

Anti-nuclear antibody (ANA) စမ်းနည်းက အော်တိုအင်မြူးရောဂါကို ယေဘုယျပြတာဖြစ်တယ်။ RA + ပြသူ အတော်မျာများ ANA tests + ပြတယ်။ + ပြတိုင်းတော့ RA ရောဂါမဟုတ်သေး။ ANA tests + ပြပြီး ရောဂါမရှိသူလည်းတွေ့ရတယ်။

Erythrocyte Sedimentation Rate (ESR) ဆိုတာ ရောင်ရမ်းဖြစ်စဉ်တခုခုရှိနေတာကိုသိရတယ်။ များလေ ဆိုးလေ။

C-Reactive Protein Test ပရိုတင်းဆိုတာ အသည်းဖြစ်တယ်။ ရောင်ရမ်းဖြစ်စ်စဉ်ရှိနေရင် တွေ့တယ်။

X-Rays ဓါတ်မှန်ရိက်ဘို့လိုမယ်။ ဒါပေမယ့် နာတာရှည်သမားတွေကိုသာ ရောဂါဆို မဆိုး သိနိုင်တယ်။

Magnetic Resonance Imaging (MRI) လည်းလိုနိုင်တယ်။ အရိုးသာမက အပျော့်စားတစ်ရှူးတွေကိုကြည့်လို့ရတယ်။ ဥပမာ Synovium အဆစ်ဖုံးလွှာ။

Rheumatoid factor (RF) အင်တီဘော်ဒီကို RA ခေါ် ရူတွိုက်အဆစ်နာရှိသူ ၇၅% ကနေ ၈ဝ% မှာ + ပြတယ်။ 14 IU/ml ထက်နည်းတာ × ဖြစ်တယ်။

Rheumatoid arthritis (RA) ရူတွိုက်အဆစ်နာဆိုတာ အော်တိုအင်မြူးရောဂါတခုဖြစ်တယ်။ ကိုယ်ပိုင်အရာကို တစိမ်းအမှတ်နဲ့ ခုခံတိုက်ထုတ်နေလို့ နာတာရှည်အဆစ်နာရောဂါရစေတယ်။ အဆစ်ကိုပင်မဖြစ်စေပေမယ့် တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်တယ်။ ရောဂါထလိုက် သက်သာနေလိုက်ဖြစ်တယ်။ ယူအက်စ်အေမှာ ၁့၅ သန်းရှိတယ်။ အမျိုးသမီးတွေက ၂-၃ ဆပိုများတယ်။ အသက် ၃ဝ ကနေ ၆ဝ ကြားများတယ်။ ယောက်ျားတွေက အသက်ပိုရမှဖြစ်တာများတယ်။ အမျိုးထဲမှာ တယောက်မကဖြစ်ကြတယ်။

Juvenile Rheumatoid Arthritis ဆိုတာ ကလေးတွေမှာဖြစ်တာ။ Juvenile idiopathic arthritis (JIA) လို့လည်းခေါ်တယ်။ အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားဖြစ်တယ်။ အဆစ်တွေ ရောင်၊ တင်း၊ နာနေမယ်။ ကိုယ်ပူပြီး အရေပြားအနီပြင်ထွက်တယ်။ ၆ ပတ်ထိကြာရင်သာ ရောဂါအမည်တပ်ပါတယ်။

ရောဂါရရင် အဆစ်နဲ့ ကြွက်သားတွေရောင်မယ်။ နာမယ်။ အားကုန်နေမယ်။ ကိုယ်ပူနိုင်တယ်။ အစားပျက်မယ်။ အဆစ်နာတာ မနက်ခင်းပိုဆိုးတယ်။ သွေးပူလာရင် သက်သာမယ်။

ကြာရင် Rheumatoid nodules ခေါ် အရေပြားမှာ အဖု အကျိတ်ပေါ်လာမယ်။ အဆုပ်မှာဖြစ်ရင် အသက်ရှူရခက်မယ်။ အသံသြမယ်။ မျက်စိမှာလည်းဖြစ်တယ်။ လက်အဆစ်တွေအဖြစ်အများဆုံး။ တခြားအဆစ်တွေလည်းဖြစ်ပါတယ်။ တချို့မှာ ဘယ်-ညာ စုံလိုက်ဖြစ်တယ်။

ပျောက်အောင်ကုနည်း မပေါ်သေးပါ။ ဆောရီး။ ဆေးတွေနဲ့ လေ့ကျင့်ခန်းကနေ သက်သာစေမယ်။ တချို့တော့ Synovectomy ခွဲစိတ်ရတယ်။ ဆေး အမျိုးမျိုးပေးတယ်။

Disease-modifying antirheumatic drugs (DMARDs) ဆေးတွေ + methotrexate, hydroxycholorquine (Plaquenil), sulfasalazine (Azulfidine, Azulfidine EN-Tabs), leflunomide (Arava), and azathioprine (Imuran)

Biologic response modifiers ဆေးတွေ = abatacept (Orencia), adalimumab (Humira), anakinra (Kineret), certolizumab and pegol (Cimzia) etanercept (Enbrel), infliximab (Remicade), golimumab (Simponi), and rituximab (Rituxan)

Nonsteroidal anti-inflammatories (NSAIDs) အနာသက်သာဆေးတွေ + ibuprofen (Advil, Motrin), ketoprofen (Actron, Orudis KT), naproxen sodium (Aleve), and celecoxib (Celebrex)

Janus kinase (JAK) Inhibitor ဆေးသစ် = tofacitinib (Xeljanz)

Corticosteroids ကော်တီကိုစတီရွိုက်ဆေးလည်းပေးတယ်။

ဆေးတွေအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လိုတယ်။ Omega-3 fatty acids အိုမီဂိ-သရီး ကောင်းတယ်။ အသီးအရွက်တွေကောင်းတယ်။ Selenium ဓါတ်ပါတာကောင်းတယ်။ Vitamin D ဗီတာမင်ဒီကောင်းတယ်။

Sjögren's syndrome ဖြစ်ရင် မျက်စိထိခိုက်တယ်။ အဆုပ်အဖုံးလွှာထိခိုက်တာလည်းရှိတယ်။ Pericarditis နှလုံးအဖုံးလွှာထိုခိုက်တာလည်းရှိတယ်။ Felty's syndrome ဘေလုံးထိခိုက်တာလည်းရှိတယ်။ Vasculitis သွေးကြောတွေရောင်တာလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ