ကရုဏာ စေတနာ ပညာ
ပညာ အခြေခံရှိပြီး ကရုဏာ မရှိရင် ကြောက်စရာကောင်းသလို၊ ဂရုဏာရှိပြီး ပညာအခြေခံမပါရင်လည်း ကြောက်စရာကောင်းပါတဲ့၊ ပညာနဲ့ ကရုဏာယှဉ်တွဲပြီး ၃၁ဘုံငြိမ်းချမ်းကြပါစေ။ သစ်ပင်စိုက်ပြီး အရိပ်ခိုချင်တဲ့ စိတ်ဓါတ်အခြေခံနဲ့ သာဓုခေါ်ပြီး အမျှဝေလိုမရဘူး။
တဂိုးစကားကို တဂိုးနဲ့လူမျိုးတူ မြန်မာ-ဘင်္ဂါလီ၊ ဗုဒ္ဓဘာသာဝင် နိုင်ငံရေးထဲက လူရင်းတယောက်က တင်ထားတယ်။ ဂရုဏာကို ကရုဏာလို့ ပြင်လိုက်တယ်။
ကျွန်တော်က ကဗျာသမားမဟုတ်ပါ။ ကျန်းမာရေးအမေးတွေကို ဆရာဝန်မဟုတ်သူတွေဖြေကြတာတွေထဲမှာ ငှက်သိုက်၊ ဆေးအိုးဗုတ်၊ လောက်သေရွက်၊ အောက်မဲညို၊ သမြားနီ၊ စတဲ့ အပွင့်၊ အရွက်၊ မြက်နဲ့ ပေါင်းပင်တွေကို ဆေးနည်းပေးနေကြတယ်။ ကင်ဆာဆိုရင် ဖြည့်စွက်စာတွစားပါ။ တသက်လုံး စားသောက်လာတွေ မစားနဲ့ဆိုသူတွေကို စေတနာတော့ပါမယ်၊ စေတနာမှာ ပညာမပါရင် သူများကိုရော ကိုယ်ကိုယ်ကိုပါ ဒုက္ခပေးတယ်လို့ ခဏခဏရေးနေရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment