Cancer Data and Statistics ကင်ဆာ ဒေတာနှင့် ကိန်းဂဏန်းများ

ကင်ဆာနေရာတခုမှာ ဖတ်ရတယ်။

(စ) ဒီရောဂါသမားတွေ ဆေးရုံတွေမှာ တန်းစီနေရတာမဟုတ်သေးဘူးနော် တကယ်ပြည်သူကိုကြည့်တဲ့သူသာ ခေါင်းဆောင်ဆို ပြည်သူတွေဒီလောက်ဒုက္ခမရောက်ကြဘူး ခုကျ ကင်ဆာဆိုတာနဲ့ ငွေမနိုင်ရင် သေကြလို့ပြောနေသလိုပဲ (ဆုံး)

ယူအက်စ်အေမှာ ၂၀၂၀ ခုနှစ်က ကင်ဆာလူနာသစ်ပေါင်း 1,603,844 ယောက်ရှိပြီး 602,347 ယောက်တို့ဟာ ကင်ဆာနဲ့ သေဆုံးခဲ့တယ်။ 

လူဦးရေ 100,000 တသိန်းမှာ ကင်ဆာလူနာသစ် 403 ယောက်ရှိပြီး 144 ယောက်တို့ဟာ ကင်ဆာနဲ့ သေဆုံးခဲ့တယ်။ 

လွန်ခဲ့တဲ့ နှစ် 100 တရာအတွင်းမှာ ကင်ဆာလူနာဖြစ်သူအရေအတွက် ကျဆင်းလာပေမဲ့ နှစ်စဉ်ကင်ဆာရောဂါလို့ စစ်ဆေးတွေ့ရှိသူ အရေအတွက် တိုးလာတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အသက် ၅၀ အောက်တွေမှာ ကင်ဆာဖြစ်တာ တိုးလာတယ်။

၂၀၀၁ ကနေ ၂၀၀၅ အထွင်း ကင်ဆာနဲ့ သေဆုံးမှုနှုန်း တနှစ်မှာ 3.0% ကျဆင်းလာတယ်။ ဒါပေမဲ့ ၂၀၀၅ နဲ့ ၂၀၀၉ အတွင်းမှာ 0.9% သာ ကျဆင်းတယ်။

၂၀၁၀ ကနေ ၂၀၁၈ အတွင်း ရင်သားကင်ဆာ ဖြစ်ပွားမှု တနှစ်မှာ 1.0% တိုးများလာတယ်။

မြန်မာပြည်မှာ ကျန်းမာရေး၊ ဆေးပညာသာမက ဘယ်ဘာသာရပ်မဆို သုတေသနတွေ မရှိသလောက် နည်းတယ်။ အစိုးရက ထုတ်ပြန်သမျှကိန်းဂဏန်းတွေကလည်း မဆလ လက်ထက်ကတည်းက အခုထိ ယုံရတာ မဟုတ်ပါ။ ဆောရီး။

အဲဒါကြောင့် အထင်နဲ့တော့ များတယ်၊ နည်းတယ်၊ ဘာကြောင့်ဖြစ်တယ်၊ စသဖြင့် မပြောသင့်ပါ။ ကင်ဆာကုသစရိတ်ကတော့ လေ့လာမှုမလုပ်ဘဲ သိနိုင်တယ်။ ငွေကုန်ုကြေးကျ များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ