Cyanosis အောက်စီဂျင်မဝခြင်း

ဆရာခင်ဗျာ မေးခွင့်ပြုပါ အရင်ကလည်းမေးဘူးပါတယ် ကျွန်တော်သားက ဆယ်နှစ်ပါလက်ဖျားလေးတွေမဲနေတာ ကြာပါပြီ ကျန်းမာရေးနဲ့က ဘာလက္ခဏာမှမပြပါ ဘာများ‌ဖြစ်နိုင်လည်း ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ

Cyanosis လို့ ဆေးစာမှာ ခေါ်တယ်။ ဆေးပညာစာကိုရေးမှာဖြစ်လို့ စုံးအောင်ထည့်ရေးပါမယ်။ မေးတဲ့သူမှာ အဲဒါတွေဖြစ်နေတယ်လို့ ပြောခြင်း မဟုတ်ပါ။ သွေးမဝခြင်းလက္ခဏာတရပ်ဖြစ်တယ်။ အရေပြား၊ နှုတ်ခမ်၊ ခြေဖျာ လက်ဖျား ပြာနေမယ်။ အဲဒီနေရာတွေမှာ အောက်စီဂျင်မဝတာ။ အကြာင်းခံအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။

လူတိုင်းမှာရှိတဲ့ သွေးနီဥလေးတွေက အသက်ရှူတာကရတဲ့ လေထဲကအောက်စီဂျင်ကို အသုံးချလို့ သွေးဟာ နီရဲနေတယ်။

၃ မျိုးရှိတယ်။

၁။ circumoral (perioral) ပါးစပ်အနီးအနား 

ရောဂါသဘောတော့ မဟုတ်။ မွေးစကလေးတွေ၊ ကြီးလာသူတွေ ရေအေးသောက်တဲ့အခါ၊ အေးလွန်းတဲ့ရာသီဥတုမှာ ဖြစ်လေ့ရှိတယ်။ 

၂။ peripheral အဖျားအနား

ဒါလည်း အေးလွန်းတဲ့ရာသီဥတုမှာ ဖြစ်လေ့ရှိတယ်။ 

၃။ Central cyanosis ဗဟိုကနေ အရင်းခံတယ်။ ကုသရန် လိုနိုင်တယ်။ လက္ခဏာတွေ မေးရ စစ်ရမယ်။

Low body temperature (hypothermia) ကိုယ်အပူချိန်ကျနေခြင်း၊

Numbness or tingling in your arms and legs ခြေလက်ထုံနေခြင်း၊

Coughing ချောင်းဆိုးခြင်း၊

Wheezing အသက်ရှူရာ အသံထွက်နေခြင်း၊

Difficulty breathing အသက်ရှူရခက်ခြင်း၊

Dizziness ခေါင်းမူးခြင်း၊

Extreme tiredness (fatigue) နောပန်းခြင်း၊

Weakness အားနည်းနေခြင်း

စစ်ဆေးရန်များ (စမ်းသပ်ကုသပေးတဲ့ ဆရာဝန်က ညွှန်တာသာလိုအပ်)

1. Pulse oximetry

2. Arterial blood gas analysis

3. Chest X-ray

4. Chest computed tomography (CT) scan

5. Complete blood count (CBC)

6. Electrocardiogram (EKG)

7. Echocardiogram

8. Pulmonary function tests

9. Cardiac catheterization

ကုသနည်းများ (လူနာတဦးစီအလိုက်)

Oxygen therapy အောက်စီဂျင်၊

Warmth and massage အနွေးနဲ့ နှိပ်ပေးခြင်း၊

Antibiotics ပဋိဇီဝဆေး၊

Other medications အခြားဆေးများ၊

Discontinuing medication သောက်လက်စဆေးတွေကို ဆက်မသောက်ရခြင်း၊

Inhalers ရှူဆေး၊

Surgery ခွဲစိတ်ကုသခြင်း၊ ဥပမာ မွေးရာပါနှလုံးရောဂါ။

Smoking ဆေးလိပ်သောက်တာနဲ့ မသင့်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ