How to greet a doctor ဆရာဝန်ကို ဘယ်လိုခေါ်မလဲ

​ဒေါက်တာလို့​ရေးတာ မှန်လား ဆရာ

အမျိုးသားဆရာဝန်ကို ဆရာနဲ့ အမျိုးသမီးဆရာဝန်ကို ဒေါက်တာလို့ခေါ်တာက အသင့်မှန်ဆုံးလို့ ယူဆပါတယ်။ ဒေါက်တာကတော့ ကျား-မ နှစ်မျိုးအတွက် သင့်ပါတယ်။

Hi လည်း မယဉ်ကျေးပါ။ 

ဆရာကြီးကလည်း အဆင်မပြေတတ်ပါ။ မြှောက်ပင်ခါ်တာနဲ့ ပြောင်လှောင်ရာမှာလည်း ဆရာကြီးလို့ ခေါ်တာမျိုး ရှိတယ်။

အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်တာနဲ့ ရေးတဲ့သူတွေက သားလို့၊ သမီးလို့ ရေးတာတွေဟာ နားလည်ရခက်စေပါတယ်။ သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးရင် ရေးတဲ့သူလား၊ သူ့သမီးလား။ သမီးရဲ့သမီးဆိုရင် သူ့မြေးမလား။ သားရဲ့ ကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုရင် သူ့သားမက်လား။ နမူနာစာတွေ အများကြီးရှိတယ်။

တကယ်အမျိုးမတော်ဘဲ  အမျိုးစပ်မခေါ်အပ်ပါ။ ဆရာဝန်နဲ့ လူနာကြား တွယ်ကပ်မှုကို သတိထားရပါတယ်။

နာမည်အဖျားဆွတ်ခေါ်တာ မရေးသင့်ပါ။ ကျွန်တော်က အဲတာကို သိနေသူမဟုတ်။ ညီမရဲ့အမျိုးသားနဲ့လို့ ရေးတာကို ခဲအိုနဲ့ ခယ်မ၊ မရီးနဲ့ မတ်လို့ မထင်လိုပါ။ 

ညမ နဲ့ ကျယ်မ တွေကတော့ ရိုင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ