Autism အော်တဇင် ကလေးရောဂါ
၂။ ဆရာရှင့် ကျွန်မ အသက် ၃၄နှစ်ပါ။ ကလေး ၂ ယောက်အမေပါ။ အကြီးကလေးက ၅နှစ်၊ အငယ်လေးက ၃လပါ။
ကျွန်မကလေးနဲ့ပတ်သက်ပြီး မေးစရာအထွေအထူးမရှိပါဘူး။ သိချင်တာလေးရှိလို့ပါ။ Autism ဖြစ်တဲ့ ကလေးတွေရဲ့ လက္ခဏလေးသိချင်လို့ပါ။ Autism မှန်းဘယ်လိုသ်နိုင်မလဲရှင့်။ မစစ်ဆေးရသေးခင်ပေါ့ဆရာ။ ဆရာ page ရဲ့ လင့်တွေထဲမှာ ကျွန်မ မတွေ့လို့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။
၃။ ဆရာရှင့်မင်္ဂလာပါ။ သမီးအသက် ၃ဝ ပါ။ အိမ်ထောင်ရှိပြီး ကလေးတယောက်ပါရှိပါတယ်။ မေးချင်တာကတော့ အောတဇင် Autism ကလေးတွေအကြောင်းပါ။ မေးဖြစ်ရတဲ့အကြောင်းကတော့ သမီးတူလေးအခု ၁ နှစ်နဲ့ ၈ လကို ဆရာဝန်က အော်တဇင်ဖြစ်နေတယ်လို့ ပြောလိုက်လို့ပါပဲ။ ကလေးမိဘတွေအပါအဝင်သမီးတို့လဲ စိတ်ထိခိုက်ရပါတယ်။ ပုံမှန်လူနေမှုဘဝမှာ ကြားရခဲတဲ့ရောဂါလဲဖြစ်လို့ ကလေးပြန်ကောင်းအောင် လုပ်ပေးလို့ရတဲ့ အပိုင်းတွေ၊ လေ့လာလို့ရတဲ့ စာအုပ်တွေရှိရင် လမ်းညွန်ပေးစေလိုပါတယ်။ ကလေးကို ဆရာဝန်က ဒီရောဂါလို့ ကောက်ချက်ချတဲ့ အဓိက အကြောင်းအရာကတော့ ခြေဖျားထောက်ပြီးလက်ခါယမ်းခြင်း၊ သူတပါးလက်ကိုယူ၍ ခိုင်းစေခြင်းစတဲ့ အချက်တွေကြောင့်လို့ ဆိုပါတယ်။ သမီးက ဂျပန်လိုတော့ ကောင်းကောင်းရ၍ အင်တာနက်ထဲတွင် ရှာကြည့်ရာ အချက်အလက်တချို့မှာ တူလေးနဲ့ကိုက်နေကြောင်းတွေ့ရပါတယ်။ ပိုမိုလေ့လာ၍ရရန် ဗမာလို ဆောင်ရန် ရှောင်ရန်များ သိရှိလိုပါတယ်ရှင့်။ တန်ဖိုးရှိသော ဆရာ့အချိန်အားအနည်းငယ်ဝေမျှပေးပါရှင့်။
၄။ အော်တဇင် ဆိုတာလေးသိခွင့်ပြုပါဆရာ။
၅။ ကျွန်မရဲ့၃ နှစ်အရွယ် သမီးလေးကို Autism ရှိတယ်လို့ ကလေး အထူးကု ဆရာဝန်က ပြောပါတယ်။ ကလေးကို Autism school ထားသင့် မထားသင့် သိချင်ပါတယ်။ အိမ်မှာဘဲ မိဘများက လေ့ကျင့်ပေးလို့ ရနိုင် မရနိင်။
အော်တဇင်ဆိုတာ ဖွံ့ဖြိုးမှုရောဂါတခုပါ။ ဘာလို့ဖြစ်သလဲ မသိရသေးပါ။ ဘယ်လိုပျောက်စေမလဲ မသိသေးပါ။ ဒီလိုဖြစ်နေတဲ့ကလေးမှာ လူမှုရေးပိုင်းနဲ့ ဆက်သွယ်ရေးပိုင်းတွေမှာ အခက်အခဲတွေရှိပါမယ်။ စိတ်လှုပ်ရှားမှုလဲ ခက်နေမှာပါ။ ကိုယ်ဝန်ကတည်းကစခဲ့သလားလို့ ယူဆထားပါတယ်။ တချို့နေရာတွေမှာ ၁၇၅ ယောက်မှာ ၁ ယောက်၊ တချို့နေရာတွေမှာ ၄၅ ယောက်မှာ ၁ ယောက်ရှိတယ်။ မိန်းကလေးတွေမှာ ပိုများတယ်။ မ-ကျား ၁၈၉ အချိုး ၄၂ ရှိတယ်။ စကားစပြောရမဲ့ မာမာ၊ ဒါဒါလို မပြောတတ်သေးတာ၊ ဝမ်းလျားမမှောက်နိုင်သေးတာကနေ စတယ်။ အသက် ၂ နှစ် ရှိလာရင် စကားလုံး ၂ လုံးပြောနိုင်ရမယ်။ ချိုစို့လိုမျိုး။
အော်တဇင်ဆိုတာ Neural development အာရုံကြော ချွတ်ယွင်းတဲ့ရောဂါ ဖြစ်တယ်။ Social interaction and communication လူမှုအသိုင်းအဝိုင်းမှာ ဆက်ဆံရေး၊ ဆက်သွယ်ရေးတွေမှာ အားနည်းနေမယ်။ Restricted and repetitive behavior အမူအယာ၊ အပြုအမူလဲ ပုံမှန်မဟုတ်ဘူး။ ၆ လလောက်မှာ စပေါ်ပေမဲ့ ၃ နှစ်အရွယ်မှာ သိသာတတ်တယ်။ မိဘတွေကနေ ၂ နှစ်အရွယ်လောက်ကစပြီး သတိထားမိလေ့ရှိတယ်။
ကလေးဟာ Information processing သူရတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ကနေ ပုံဖေါ်ရာမှာ ကောင်းကောင်း မလုပ်နိုင်လို့ ဖြစ်ရတယ်။ အဲလိုမျိုး ဖြစ်တတ်တာ ၃ မျိုးထဲက တခုဖြစ်တယ်။ ရှုတ်ထွေးလှတဲ့ Genetic basis မျိုးဗီဇနဲ့ ပတ်သက်ပြီး ဖြစ်လာတယ်။ မူမှန်တာတွေက တဖြေးဖြေးပိုသိသာလာတယ်။ စောစော ပြုပြင်-ပြုစုပေးတာ ကောင်းတယ်။ သူ့ဖါသာသူ တတ်လာစေအောင် ပြင်-သင်ပေးရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပျောက်အောင်ကုသနည်း မရှိသေးပါ။ သက်သာလာသူတွေတော့ ရှိပါတယ်။ အဲလိုကလေးမျိုးဟာ သူတယောက်ထဲတော့ မရပ်တည်နိုင်ပါ။ တချို့တော့ အတော်နေနိုင်တာလဲ ရှိပါတယ်။
အမေရိကားမှာ ကလေး ၆၈ ယောက်မှာ ၁ ယောက်မှာ အော်တဇင်ခေါ် ဉာဏ်နည်းရောဂါ ရှိနေကြတယ်လို့ နောက်ဆုံးထုတ် ဆေးပညာအသင်းကဆိုပါတယ်။ အရင်ကတော့ ၈၈ ယောက်မှာ ၁ ယောက်သာ ရှိခဲ့တယ်။ CDCP ရောဂါထိန်းချုပ်နေရးနဲ့ ကာကွယ်ရေးဌာနကနေထုတ်ပြန်ချက်အရ စိုးရိမ်မှုတွေ များလာစေပါတယ်။ ရောဂါရှိနေနိုင်တဲ့ ကလေးတွေကို စောစောသိနိုင်ရေး၊ သုတေသနနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလိုအပ်နေပြီလို့ ယူဆကြပါတယ်။
ရောဂါလက္ခဏာ အစုအဝေးရှိတယ်။ လူမှုဝန်းကျင်ဆက်ဆံရေး၊ ဆက်သွယ်ရေး၊ စိတ်ဝင်စားမှု နည်းတာ နဲ့ Repetitive behavior တခုခုကို ထပ်ခါထပ်ခါ လုပ်ချင်တဲ့ အကျင့်တွေ ဖြစ်မယ်။ ဒါတွေအပြင် အစားစားပုံကလဲ သူများနဲ့မတူ ဖြစ်နေနိုင်တယ်။ ၁၂ လ အထိ ဘူးမမှုတ်ဘူး၊ ဘိုင့်ဘိုင် မလုပ်တတ်သေးဘူး၊ ၁၆ လအထိ စကားတလုံး မပြောတတ်သေးဘူး၊ ၂၄ လအထိ စကား ၂ လုံးတွဲ မပြောတတ်သေးဘူး။
ရောဂါ ဟုတ်-မဟုတ်ကို အမူအယာကို ကြည့်ပြီးသာ သိနိုင်တယ်။ အထူးကု ဆရာဝန်တွေကနေ သတ်မှတ်ချက်တွေ လုပ်ထားတာရှိတယ်။ ဥပမာ ၆ ချက်ထဲက ၂ ချက်ရှိနေရင် ဒီရောဂါ ဟုတ်တယ်။
ဘယ်လိုပြုစုပေးမလဲ
ဦးတည်ချက်ဟာ (၁) အားနည်းချက်တွေကို နည်းစေရေး၊ (၂) မိသားစု စိတ်သောက နည်းစေရေး နဲ့ (၃) သူ့ဖါသာသူ ရပ်တည်နိုင်သလောက် ရပ်တည်စေနိုင်ရေးတွေ ဖြစ်တယ်။ အကောင်းဆုံးလို့တော့ မရှိသေးပါ။ မိသားစု နဲ့ ကျောင်းတွေကနေ ပြင်ပေးရတယ်။ စိတ်ပြုပြင်မှု လုပ်ပေးတာကလဲ တချို့ကလေးတွေကိုတော့ ပိုကောင်းစေတယ်။ အားလုံးတော့ မဟုတ်ဘူး။ အထူးပညာသင်ကြားမှု၊ အမူအယာ ပြုပြင်ပေးမှုတွေကို ကလေး ငယ်ငယ်ကတည်းက ကျကျနနလုပ်ပေးတာ အကောင်းဆုံးနည်းဖြစ်တယ်။ ၃ နှစ်အရွယ်က ကောင်းပါတယ်။
Applied behavior analysis (ABA) အမူအယာ ခွဲခြမ်းစိတ်ဖြာခြင်း၊ Developmental models ဖွံ့ဖြိုးရေးပုံစံ၊ Structured teaching ပုံစံသွင်းခြင်း၊ Speech and language therapy စကားပြောသင်ခြင်း၊ Social skills therapy လူမှုဆက်ဆံရေး၊ နဲ့ Occupational therapy လုပ်ငန်းခွင် သင်တန်းနည်းတွေ ရှိတယ်။ Educational interventions ပညာရေးနည်းကနေ တိုးတက်စေနိုင်ပါတယ်။ တယောက်နဲ့တယောက်တော့ မတူဘူး။
ဆေးဝါးတွေလဲ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ပေးနိုင်တယ်။ အမေရိကားမှာတော့ ကလေး ထက်ဝက်လောက်ကို Psychoactive drugs စိတ်ဆေးတွေနဲ့ Anticonvulsants အတက် သက်သာဆေးတွေကို ပေးတယ်။ အများဆုံး သုံးတာတွေကတော့ Antidepressants စိတ်မကျဆေး၊ Stimulants စိတ်တက်ကြွဆေးတွေနဲ့ Antipsychotics စိတ်ဆေးမျိုးတွေ ဖြစ်ကြတယ်။ တယောက်နဲ့ တယောက် ဆေးကုသမှုမှာ ထိရောက်တာ မတူကြဘူး။ ဒီလို ကလေးတွေကို အထူးသင်ပေးတဲ့ ကျောင်းတွေမှာ ဆရာ-ဆရာမတွေမှာ အထူးကျွမ်းကျင်မှုတွေ ရှိကြရတယ်။
Homeopathy (ဟိုမီယိုပသီ) ဆေးကုသနည်းလဲ ရှိတယ်။ တခြားနည်းတွေလဲ ရှိတော့ရှိတယ်။ သုတေသနလုပ်ထားတာ နည်းသေးတယ်။ ကလေးကို ပိုဒုက္ခပေးတာလဲ ရှိတတ်တယ်။
လုံးဝ ပျောက်တာတော့ မရှိပါ။ တချို့ ကောင်းလာတယ်။ ဘယ်လောက် အဲလိုကောင်းသလဲ မသေခြာဘူး။ ၃-၂၅% ဖြစ်နိုင်တယ်။ ၅ နှစ်အရွယ်မှာ စကား ပြောနိုင်လာတာ များတယ်။ IQ 50 နဲ့ ကျွမ်းကျင်မှုတခုခုရှိတာ ကောင်းတဲ့တိုးတက်မှု ဖြစ်တယ်။ ၁၉၈ဝ မတိုင် ဗြိတိန် သုတေသနတခုအရ IQ ၅ဝ ရှိသူကလေးတွေထဲက ၁၂% ဟာ ကြီးလာတဲ့အခါ သူ့ဖါသာသူ ရပ်တည်နိုင်လာတယ်။ ၁ဝ% ဟာ အလုပ်လုပ်ရာမှာ အကူအညီလိုတယ်။ ၁၉% ဟာ အိမ်မှာတင်နေကြရပြီး၊ သူများ အကူအညီ ယူရတယ်။ ၄၆% ဟာ အထူးပြုစုစောင့်ရှောက်မှု လိုကြတယ်။ ၁၂% ဟာ ဆေးရုံတင်ကုသမှု လိုတယ်။
၂၀၀၅ ခုနှစ် ဆွီဒင် သုတေသနတခုအရ IQ နည်းသူတွေအပါအဝင် ဖြစ်နေသူပေါင်း ၇၈ ယောက်ကို စစ်ဆေးတဲ့အခါ ၄% သာ ဖါသာရပ်တည်နိုင်ကြတယ်။ ၂ဝဝ၈ ခုနှစ် ကနေဒါ လေ့လာမှုတခုအရ လူလတ်ပိုင်း ၄၈ ယောက်ကို လေ့လာတော့ ၄% ကအတော်ကောင်း၊ ၁၇% က ကောင်း၊ ၃၂% က သင့် နဲ့ ၄၆% မှာ ညံ့တာ တွေ့ရတယ်။ သူတို့ထဲက ၅၆% ဟာ အလုပ်တချို့မှာ ဝင်လုပ်နိုင်ကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment