CAR T Cell Therapy ကင်ဆာဆေးသုတေသန

၂၁-၈-၂၀၂၃ နေ့က ထွက်ပါတယ်။
Chimeric Antigen Receptor (CAR) T cell therapy ကုသနည်းလို့ ခေါ်တယ်။ Immunotherapy အင်မြူနိုသာရာပီနည်းတခုဖြစ်တယ်။
Chemotherapy ခီမိုသာရာပီကုသနည်းကို ၁၉၅၀ ကျော်ကတည်းက စတင်ခဲ့တယ်။ ဒိအရင်က ကင်ဆာကုသနည်းတွေထဲမှာ surgery ခွဲစိတ်ကုသနည်း၊ radiotherapy ဓါတ်ကင်နည်းနဲ့ hyperthermia နည်းတွေသာရှိခဲ့တယ်။ 
ခီမိုသာရာပီကုသနည်းက တိုးတက်ကောင်းမွန်လာတာဖြစ်ပေမဲ့ ဘေးထွက်သက်ရောက်မှုတွေက ဆိုးတယ်။ ဆောရီး။
၂၀၀၀ ခုနှစ်အလွန်မှာ National Cancer Institute (NCI) ကနေ targeted treatments ခေါ် ရောဂါနေရာ အတိအကျကိုသာ ပစ်မှတ်ထားကုသနည်း တင်ပြလာတယ်။ အဲဒီနည်းကို ကနေ့ထိ စံကိုက်ကုသနည်းအဖြစ် သုံးနေတယ်။
၂၀၁၇ ခုနှစ်ကစပြီး immunotherapeutics ခေါ် လူနာတဦးချင်းစီနဲ့ အံကိုက်ကုသပေးနည်း ဖြစ်လာတယ်။ တနည်းအားဖြင့် အဝတ်အစားတွေ တိုင်းချုပ်သလို highly personalized drugs ဆေးပေးပါတယ်။ ခီမိုဆေးထက် ဘေးထွက်ဆိုးကျိုးနည်းတယ်။
အသစ်နည်းက chimeric antigen receptor (CAR) T cells ကိုပစ်မှတ်ထားကုသနည်း။ leukemia သွေးကင်ဆာအတွက် ထိရောက်တာ တွေ့ရတယ်။ T cells ဆိုတာ T lymphocytes သွေးဖြူဥတမျိုးဖြစ်တယ်။
အပြည့်အစုံ ဘာသာမပြန်တော့ပါ။ ကင်ဆာလူနာတွေအတွက် အားတက်စရာသတင်းအဖြစ် မှတ်ယူနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ