Medicines ဆေးတွေအကြောင်း

ဆေးတမျိုးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ မတူကြပါ။ တခြားကင်ဆာတွေအတွက်လည်း အလာတူ ဆေးအမျိုးမျိုးရှိတယ်။ ဆေးအမျိုးအမည်တူပေမဲ့ လူနာတွေက မတူကြလို့ ခံစားရတာ ဆိုးတာ မဆိုးတာ မတူတတ်ပါ။

ထုတ်တဲ့နိုင်ငံအလိုက် ထိရောက်မှုကွာပါသလားရှင့်

ဆေးတွေအကြောင်း အများကြီးရေးထားတယ်။ ဒီအဖြေစာမှာတော့ တိုတိုလေးသာ ရေးပါမယ်။

ဆေးအမည်က ၂ မျိုးရှိတယ်။ မူရင်းအမည်နဲ့ ရောင်းကုန်အမည်။ ဆေးကုမ္ပဏီတခုက အမည်တမျိုး ပေးကြတယ်။ ဆေးအမည်ရင်းက အရေးကြီးတယ်။

ဆေးအမည်၊ ရောဂါအမည်တွေကို အင်္ဂလိပ်စာလုံးနဲ့သာ ရေးပါတယ်။ တလုံးတလေ ကွဲလွဲလို့ မရပါ။ ကနေ့ခေတ်မြန်မာစာကို ရေးချင်သလိုရေးနေကြတော့ ရောဂါလည်းမှား၊ ဆေးလည်းမှားမယ်။

ဆေးအလေးချိန် အရေးကြီးတယ်။ ဆေးအမည်ရင်းတူ၊ ဆေးအလေးချိန်တူရင် ဆေးအာနိသင် တူတယ်။

ဆေးထုတ်တဲ့နိုင်ငံ

အရေးကြီးပြန်တယ်။ တိုးတက်ချမ်းသာတဲ့နိုင်ငံတွေက ထုတ်တဲ့ဆေးတွေက စိတ်ချရတယ်။ ဥပဒေစည်းကမ်းတွေနဲ့အညီသာ ထုတ်လုပ်၊ ရောင်းချကြရလို့ဖြစ်တယ်။ မှားရင် လျှော်ကြေး နင့်ကနည်း ပေးရတယ်။

ချွင်းခက်တချို့လည်း ရှိတယ်။ ဥပမာ ကိုဗစ်ကာကွယ်ဆေးကို အသင့်အတင့်သာတိုးတက်တဲ့နိုင်ငံတွေကို ထုတ်လုပ်ခွင့်ပေးတယ်။ အသည်းရောင်စီ ဆေးက အတော်ကို သိသိသာသာ ဈေးနှုန်းကွာခြားတယ်။ ကိန်းဂဏန်းတွေ ထပ်မထည့်တော့ပါ။

ကြော်ငြာ

ကြော်ငြာကောင်းတိုင်း ဆေးမကောင်းတတ်ပါ။

နာမည်ကြီးလို့ ဖေ့စ်ဘွတ်မှာရေးတိုင်း ဟုတ်ချင်မှ ဟုတ်တယ်။

ဆေးဗူးပြလည်း ကျွန်တော်ကတော့ ကောင်း၏ ဆို၏ မဖြေတတ်ပါ။ ဆေးအမည်ပြောတိုင်းလည်း မဖြေတတ်ပါ။ ဆရာဝန်ဆိုတာ ကိုယ်ဖြေတာကို တာဝန်ယူရတယ်။ လက်လွှတ်စပယ် မရေးရပါ။

ကျွန်တော်တို့ ကိုယ်တိုင် အကောင်းစားဆေးတွေ မထုတ်လုပ်နိုင်သေးရင်တောင် ဆေးကောင်းတာ မှန်တာကို ဝယ်ယူသုံးစွဲနိုင်အောင် လုပ်ရဦးမယ်။ ဆေးအတုရောင်းနေတာတွေကို နှိမ်နင်းရဦးမယ်။ ခက်တယ်။

ဆေးပညာအသိ အဆင့်ရှိအောင် လုံးပမ်းရဦးမယ်။ အဲဒါလည်း ခက်တယ်။

ရေးတဲ့စာတွေ၊ ပြောတဲ့စကားတွေ၊ ဟောပြချက်တွေကို နားထောင်ကောင်းရင် အဟုတ်မှတ်ယူတဲ့ အသိကို ပြင်ရတယ်။ ပိုခက်တယ်။

အတိအကျရေးပါ၊ သတ်ပုံလည်းမမှားပါနဲ့လို့ပြောတဲ့ဆရာဝန်ကို ဆဲကြတယ်။

နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ