Glioblastoma Multiforme ဦးနှောက်ကင်ဆာ တမျိုး

အဖေ့က စစ်လိုက်တာ ဦးနှောက်ကင်ဆာပါတဲ့ ပြီးတော့ဦးနှောက်ကင်ဆာတောင်အရမ်းရှားတဲ့ကင်ဆာမျိုးဖြစ်တာပါ Glioblastoma ခွဲစိတ်လို့လည်းမရတော့ဘူး ၃လလောက်ဘဲလို့ဆရာဝန်ကပြောပါတယ် အိမ်မှာဘဲနေပြီးလုံးဝနေလို့မရတဲ့အခါမှဆေးရုံလာခဲ့ပါတဲ့ ခုအဖေက အစားတော့ကောင်းကောင်းစားပါတယ် အကြောတွေအားမကောင်းတော့ပါဘူး အထိုင်အထရယ် လှဲတာပြုတာဆို ဘေးလူကကူပေးမှရပါတယ် လမ်းအရမ်းမလျှောက်နိုင်ပါဘူးခြေထောက်တွေကအကြောအားမကောင်းတော့တာပါ ခုရက်ပိုင်း ခေါင်းလဲကိုက်ကိုက်နေလို့အဲ့တာ အဖေသက်သာအောင်ဘယ် လိုဆေးမျိုတွေတိုက်ပြီး ဘယ်လိုမျိုးပြုစုသင့်လဲရှင့် ရောဂါမပျောက်နိုင်ဘူးဆိုတာသိပေမဲ့ သက်သက်သာသာနေစေချင်လို့ပါ

ဆရာဝန်ကို မေးတော့ မဟုတ်ပါ။

Glioblastoma အမျိုးအစားက ဖြစ်တာ မရှားပါ။ ဦးနှောက်နဲ့ အာရုံကြောကင်ဆာတွေထဲမှာ 47.7% ဖြစ်တယ်။ လူတသိန်းမှာ 3.21 ယောက်ဖြစ်တယ်။ ရောဂါတွေ့ရှိသူတွေအသက်ကိုတွက်ရင် ၆၄ နှစ်များ အများဆုံး။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တယ်။ ဆောရီး။

ရောဂါသိရပြီး တနှစ်အသက်ရှည်သူ 40% ရှိပြီး ၂ နှစ်ရှည်သူ 17% ရှိတယ်။

Symptoms ရောဂါလက္ခဏာများ

Persistent headaches ခေါင်းအဆက်မပြတ်ကိုက်ခြင်း၊

Double or blurred vision မျက်စိမကောင်းခြင်း၊

Vomiting အန်ခြင်း၊

Loss of appetite အစားပျက်ခြင်း၊

Changes in mood and personality မူပြောင်းခြင်း၊

Changes in ability to think and learn တွေးတော လေ့လာမှု ပြောင်းလဲခြင်း၊

New onset of seizures တက်ခြင်း၊

Speech difficulty of gradual onset စကားပြောခက်ခဲခြင်း၊ 

Treatment Options ကုသနည်းများ

ခွဲစိတ် + ဓါတ်ကင် + ခီမိုသာရာပီ

ခွဲစိတ်တာမှာ အကောင်းနေရာကိုရှောင်မလွတ်လို့ ခွဲမရတာက များတယ်။

ဓါတ်ကင်တာမှာလည်း အကောင်းနေရာပါ ထိခိုက်မှုရှိမယ်။

တချို့ဆေးရုံတွေမှာ Radiosurgery နည်းလုပ်ပေးမယ်။

Chemotherapy မှာ temozolomide ဆေးကိုသုံးတယ်။ တနေ့ တကြိမ်၊ ၆ ဆိုက်ကယ်လ် ပေးလေ့ရှိတယ်။ ဆိုက်ကယ်လ်တခုက ၂၈ ရက်ကြာတယ်။ ဆေးကို ပဌမ ၅ ရက်ပေးပြီး ၂၃ ရက်နားထားမယ်။

Lomustine (chemotherapy) နဲ့ bevacizumab (targeted therapy) ဆေးတွေကို လိုတဲ့လူနာတွေကို ပေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ