Hypertension and breastfeeding mom ကလေးနို့တိုက်မိခင်နှင့် သွေးတိုးကျဆေးများ

မဂ်လာပါ(မင်္ဂလာပါ)ဆရာ ၂ လသား သားဦးမိခင်ပါဆရာ ဟိုတစ်နေ့(တနေ့)က သွေးပေါင်အရမ်းတက်လို့ ဆေးခန်းပြနေတဲ့နို့တိုက်မိခင်ပါဆရာ။ Rozavel 5 ကို သောက်သင့် မသင့် မေးထားတဲ့ တစ်ယောက်(တယောက်)ပါရှင် ပြနေတဲ့ သမားတော်နဲ့ ရက်ချိန်းပြန်ပြတော့ နို့တိုက်မိခင် သောက်လို့ရတဲ့ ဆေးကိုညွှန်ပေးစေချင်ကြောင်းပြောပြတော့ Rozavel 5 က ထည့်သောက်ကို သောက်ရမယ့်ဆေးမို့လို့ တစ်လ(တလ)ဆက်သောက်ဖို့ ထပ်ပေးလိုက်ပါတယ်ဆရာ။ လေဖြတ်မှာစိုးလို့ ထည့်ပေးတဲ့ဆေးမို့လို့ တစ်ခြား(တခြား)မစဉ်းစားဘဲ သောက်ဖို့ပြောပါတယ်ဆရာ။

ဆရာ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင် ဆေးဘဲဆက်သောက်ရမလား ဆရာဝန်ဘဲပြောင်းပြီး ပြရမလားရှင်

ကလေးနို့တိုက်မိခင်နှင့် သွေးတိုးကျဆေးများ

၁။ Diuretics သုံးနိုင်။ ဆေးအလေးချိန် မများသင့်။

၂။ Calcium channel blockers သုံးနိုင်။ ဆေးအလေးချိန် မများသင့်။

၃။ ACEIs သုံးနိုင်။ ဆေးအလေးချိန် မများသင့်။

၄။ beta-blockers အမျိုးအစားတချို့သုံးနိုင်။ beta-blockers အမျိုးအစားထဲက acebutolol နဲ့ atenolol ကိုတော့ သတိထားသင့်။

သွေးတိုးရှိသူတိုင်း အငန် (ဆား၊ ဆိုဒီယမ်) မသင့်။ သွေးတိုးအကြောင်းစာတွေ ဆရာ့ဘလော့မှာ တင်ထားတယ်။

သွေးကျဆေး အမျိုးမျိုး

1. Diuretics ဆီးသွားစေတဲ့ဆေး အုပ်စု၊ Hydrochlorothiazide, Lasix, Torsemide, Triamterene, Hydrochlorothiazide, Metolazone

2. Beta-blockers (ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol, Bisoprolol

3. ACE inhibitors (အေစီအီး-အင်ဟဘစ်တာ) အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril, Moexipril

4. Angiotensin receptor blocker (ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, Eprosartan

5. Calcium channel blockers (CCBs) (စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine

6. Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine

• သွေးကျဆေး တမျိုးမက ရောပေးပါမယ်။

• နှလုံးမကောင်းရင်၊ ကျောက်ကပ်မကောင်းရင်၊ နှလုံးသွေးကြော ကျဉ်းနေရင်၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ်။

• နှလုံးခုန် မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကို သုံးသင့်တယ်။

• ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ်။

• ကိုယ်ဝန် သွေးဆိပ်တက်ရောဂါ Preeclampsia (PET) or Eclampsia ဖြစ်နေရင် Beta-blockers, Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေ ပေးနိုင်တယ်။ ACE inhibitors, ARB drugs, and Diuretics တွေကို မပေးရပါ။

• သွေးတိုး များလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic, Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase blocker တွေကို ပေးနိုင်တယ်။

• အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့ Labetalol ထိုးဆေး ထိုးပေးနိုင်တယ်။

သွေးတိုးနဲ့ အစားအစာ

ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါး စတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲ စားသုံးတာ ပိုကောင်းတယ်။ ဒီအစေ့တွေကို ဖွပ်လိုက်ရင် အစိတ်အပိုင်း ၂ မျိုးက မရှိတော့ဘူး၊ ကြက်သား၊ ငါးနဲ့ အစေ့အဆံတွေကို အစားခိုင်းပြီး၊ အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့ သကြားပါ သောက်စရာတွေကို လျှော့စေတယ်။

• လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ သကြားမျိုးက ဘာလို့လဲ မပြောနိုင်ပေမဲ့ သွေးတိုးစေတယ်။

• (ဖိုင်ဘာ) ခေါ်တဲ့ အမျှဉ်ပါတဲ့ အစာတွေကို ညွှန်းတယ်။ 

• “ဆားစားရင် သွေးတိုးများတယ်”။ ဆား ဆိုတာ (ဆိုဒီယမ်) ဖြစ်တယ်။

• ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုး ပိုဖြစ်တယ်။ ဂျပန်၊ အမေရိကန်တွေမှာ များတယ်။ တဦးချင်း စားသုံးမှု နည်းတဲ့ အာဖရိကမယ်နေတဲ့ လူမဲတွေမှာ နည်းတယ်။ အမေရိကားနေတဲ့ လူမဲတွေက အဲလိုမဟုတ်ဘူး။

• တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ (ဆိုဒီယမ်) ၄ဝ% ပါတယ်။ အကြမ်းဖျင်းပြောရရင် ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်-ဇွန်းလေး တဇွန်းစာသာ ပါပါစေ။

• သုတေသန လုပ်တော့ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာ တွေ့ရတယ်။

• အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်၊ သွေးတိုးရှိနေရင်လဲ သက်သာတယ်။ ရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုံလာပွင့်စိမ်း၊ မုံလာဥနီ၊ နနွင်း၊ စမုန်နက်၊ တောရုံး၊ ငရုတ်ကောင်း၊ ပင်စိမ်း၊

• ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့ အစားအစာ၊ သွားရည်စာတွေ ရှောင်ပါ။

• ချက်ပြုတ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ သွေးတိုးရောဂါ ဆိုးစေနိုင်တယ်။

• ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊ ဗိုလ်သုံး (ဘာဘီကျူး-ဆော့စ်)၊ လျှော့ပါ။

• အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။

• ဟင်းချိုမှုံ့ (MSG) မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။

• ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ (ပိုတက်ဆီယမ်) များဘို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate, Potassium chloride, Potassium gluconate နာမယ်နဲ့ ဆေး သောက်ပါ၊ ငါး၊ ပင်လယ်စာ၊ Citrus fruits ချဉ်တဲ့အသီး၊ ပန်းသီး၊ ငှက်ပျောသီးတွေနဲ့ မုံလာပွင့်စိမ်း၊ ပဲ၊ ပဲသီး၊ ခရမ်းချဉ်၊ အခွံပါအာလူး၊ ဟင်းနုနွယ်ရွက်၊ မုံညင်းဖြူတွေမှာ များများပါတယ်။ ကလေးတွေမှာ (ပိုတက်ဆီယမ်) တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg လိုတယ်။

• Omega-3 fatty acids က အကျိုးများစေတယ်။

• Calcium (800-1,200 mg) ဒါမှမဟုတ် Magnesium (300 mg) သောက်ပါ။

သွေးတိုး အစာအာဟာရ ဥပဒေသ

– S သုံးလုံး-ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။

– Saturated fat အဆီအမျိုးအစား များဆဲ့အစာအစာတွေ = Cream မလိုင်၊ Cheese ဒိတ်ခဲ၊ Butter ထောပတ်၊ Ghee ဂီး၊ Coconut oil စားအုံးဆီ၊ Cottonseed oil ဝါစေ့ဆီ၊ Chocolate ချော့ကလက်၊

– (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။

– (ဆိုဒီယမ်) များတာ လုံးဝမကောင်းပါ။

– (ပိုတက်ဆီယမ်) များတာ ကောင်းတယ်။

– (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။

သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း

1. သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။

2. (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ် လုပ်ပါ။

3. အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age)

4. ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။

5. တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။

6. အလေးချိန်-လျှော့နည်း လုပ်နေတုံးမှာ အသက်ရှူ အောင့့်ထားတာမျိုး မလုပ်ပါနဲ့။

ငါသွေးတိုးပျောက်ပြီဆိုပြီး ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ သူများဆေးညွှန်းနဲ့ သွေးတိုးပျောက်တယ်လို့လဲ သူများကို အထင်မကြီးပါနဲ့။ သွေးတိုး သက်သာအောင် ငန်-ချို-ဆီ ရှောင်ပါ။

Hypertension (2) သွေးတိုးရောဂါ (၂) https://dr-tint-swe.blogspot.com/2021/01/hypertension-2.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ