Apple cider vinegar ပန်းသီး ဗနီဂါ

ပန်းသီးကို တဆေးနဲ့ သကြားနဲ့ ရောပြီး ဖာမင့်လုပ်ထားတယ်။ salad dressings ဆလပ် ခေါ် အရွက်တွေအပေါ်မှာ ထည့်စားတယ်။ pickles အချဉ်နဲ့လည်းစားတယ်။ marinades နဲ့လည်း စားကြတယ်။

ဟိုရှေးကတည်းက ပိုးသေဆေးနဲ့ ရင်ပူတာအတွက် ဆေးအဖြစ်သုံးပါတယ်။ 

မကြာသေးခင်ကစပြီး ကျောက်ကပ်အတွက် သုံးလာတယ်။ ကိုယ်အလေးချိန်ကျစေအောင်နဲ့ ဆီးချိုအတွက်ပါ သုံးလာတယ်။ ဒါပေမဲ့ ခိုင်လုံတဲ့အထောက်အထား နည်းသေးပါတယ်။

စာဆေးအဖြစ်လည်း ထုတ်တယ်။ 

သူ့ထဲမှာ acetic acid ပါတယ်။ Potassium ပိုတက်ဆီယမ်၊ Magnesium မက်ဂနီဆီယမ်၊ Calcium ကယ်လ်စီယမ်နဲ့ Phosphorus ဓါတ်ဆားတွေလည်း ပါတယ်။

တချို့က သွေးတိုးကျတယ်လို့ ယူဆတယ်။ တချို့က နှင်းခူနာအတွက်လည်း သုံးတယ်။ တချို့က ချိုးရေထဲ ထည့်ချိုးတယ်။

FDA က အသိအမှတ်ပြုချက် မရှိသေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ