Dementia ဆိုတာ

Dementia, Alzheimer’s Disease ကို Functional medicine ဘက်ကနေ ရေးပေးပါလို့ တောင်းဆိုသူများ အတွက် 

(အပိုင်း ၁၊ ၂၊ ၃)

Dementia ဆိုတာက စိတ်စွမ်းအင်တွေ ကျဆင်းနေပြီး နေ့စဉ် လုပ်ရိုး လုပ်စဉ် လုပ်ငန်းများကို မဆောင်ရွက်နိုင်တော့ခြင်း ဖြစ်ပါတယ်။

နာတာရှည် ဦးဏှောက် နဲ့ အာရုံကြောရောဂါ ဖြစ်ပြီး တဖြေးဖြေး စဉ်းစားဦးာဏ် ကျဆင်းလာပြီး နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်း ဆောင်တာများကို မဆောင်ရွက်နိုင်တော့ခြင်းကို ဆိုလိုပါတယ်။

၅၀ - ၇၀% လောက်သော Dementia ဟာ Alzheimer’s Disease ဖြစ်ပါ ယတယ်။

Alzheimer’s Disease ရဲ့ လက္ခဏာများဟာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1. သတိမေ့လျော့ခြင်း 

2. ပြဿနာ မဖြေရှင်းနိုင်ခြင်း၊ ကြိုတင် ပြင်ဆင်မှု မစွမ်းဆောင်နိုင်ခြင်း

3. လုပ်နေကျ အလုပ်တွေ မလုပ်နိုင်တော့ခြင်း

4. နေရာ၊ အချိန် မသိတော့ခြင်း

5. မြင်နေရသည့် အရာများကို နားမလည်တော့ခြင်း၊ အကွာအဝေး မမှန်းဆတတ်တော့ခြင်း

6. ဝိုင်းဖွဲ့ပြီး စကားပြောကြတဲ့အခါ မပါဝင်နိုင်တော့ခြင်း၊ စကားလုံး အခက်အခဲ ရှိခြင်း

7. ပစ္စည်း ထားခဲ့တဲ့ နေရာကို မမှတ်မိတော့ခြင်း၊ ပြန် မရှာနိုင်တော့ခြင်း

8. မစဉ်းစားတတ်တော့ခြင်း၊ ဆုံးဖြတ်ချက် မချနိုင်တော့ခြင်း

9. လူတော သူတောထဲ မဝင်တော့ခြင်း၊ လုပ်နေကျ အလုပ်တွေ မလုပ်နိုင်တော့ခြင်း

10. စိတ် အနေအထား ပြောင်းလဲသွားခြင်း၊ စိတ်ရှုပ်၊ စိတ်အိုက်၊ သူတပါးကို မယုံကြည်တော့ခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်း၊ ကြောက်တတ်ခြင်း၊ စိတ်စောနေတတ်ခြင်း တို့ ဖြစ်ပါတယ်။

ဆက်ပါဦးမည်။

အဓိကကတော့ ဦးဏှောက်ကလပ်စည်းများ ပျက်စီးသွားပြီး ကောင်းစွာ အလုပ် မလုပ်နိုင်ခြင်း ဖြစ်ပါတယ်။

၁။ အထူးသဖြင့် ဦးခေါင်း ဒဏ်ရာ ရသူများမှာလည်း တွေ့တတ်ပါတယ်။

ချက်ချင်း မဖြစ်လာသော်လည်း နှစ်ကြာလာတဲ့အခါ တဖြေးဖြေး ဖြစ်လာတတ်ပါတယ်။

အခြား အကြောင်းကိုတော့ ကုရိုးကုစဉ် ဆေးပညာ အနေနဲ့ တိတိကျကျ ဖော်ပြထားတာ မတွေ့ရသေးပါ။

အကြောင်း အကျိုးကို ကုတဲ့ ဆရာဝန်များရဲ့ အာဘော်ကတော့ အလွန် ဖြစ်နိုင်တာကြောင့် ကျွန်မ သူတို့တွေ ပြောတာကိုပဲ အဓိက ထားပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သူတို့ အာဘော်အရ ဆိုရင်

ဦးဏှောက် ကလာပ်စည်းတွေဟာ စွမ်းအင် ထုတ်လုပ်ရေး ကျဆင်းသွားတာ ဖြစ်ပါတယ်။

ဦးဏှောက်ဟာ စွမ်းအင် အလိုဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။

၂။ Insulin resistance  (Insulin ဓာတ် ယဉ်ပါးသွားခြင်း) ဆီးချို ရောဂါ ဖြစ်ခြင်းဟာလည်း အကြောင်း တခု ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ဆီးချို ရောဂါ ရှိသူတွေ (သကြားဓာတ် ကောင်းကောင်း မထိန်းနိုင်သူတွေမှာ ဒီ အဖြစ်က များပါတယ်)

၃။ ဓာတု ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ

၄။ အရက်သေစာ အလွန်အကျွံ သောက်ခြင်း

၅။ Thyroid hormone အားနည်းနေခြင်း

၆။ အာဟာရဓာတ်များ ချို့တဲ့နေခြင်း (micronutrients) ဗီတာမင် စသည်ဖြင့် 

ဦးဏှောက် ကလာပ်စည်း စွမ်းအင်တွေ ကောင်းကောင်း မထုတ်နိုင်တဲ့အခါ ဦးဏှောက်မှာ ဖြစ်တဲ့ နေရာပေါ် တည်ပြီး ရောဂါနာမည် အမျိုးမျိုး တွင်သွားတာ ဖြစ်ပါတယ်။

မှတ်ဦးဏှောက်နဲ့ ဆိုင်တဲ့ နေရာမှာ ဖြစ်ရင် သတိတွေ မေ့မယ်ပေါ့။

ကြွက်သား လှုပ်ရှားမှု ဆိုင်ရာမှာ ဖြစ်မယ် ဆိုရင် ရောဂါနာမည်က တမျိုး ဖြစ်ပါတယ်။

ဟန်ချက်ကို ထိန်းထားတဲ့ နေရာမှာ ဆိုပြန်ရင်လည်း နာမည် တမျိုး ဖြစ်ပြန်ပါရော။

အဓိက အကြောင်းကတော့ ကလာပ်စည်း စွမ်းအင်တွေ ကောင်းကောင်း မထုတ်နိုင်ခြင်း ဖြစ်ပါတယ်။

Alzheimer’s မှာ အဓိက ပျက်စီးသွားတဲ့ နေရာကတော့ ဦးဏှောက်ရဲ့ Cortex လို့ ခေါ်တဲ့ နေရာ ဖြစ်ပါတယ်။

Frontal lobe (ဦးဏှောက် ရဲ့ ရှေ့ပိုင်း) ဦးာဏ် အရည် အသွေး

ကိုယ်ပိုင်ဦးဏှောက် နဲ့ ဆုံးဖြတ်နိုင်ခြင်း၊ အပြုအမူများ

Parietal lobe (ဘေးပိုင်း) ဘာသာစကား 

Temporal lobe (အောက်ဖက် ကျသည့် အပိုင်း) မှတ်ဦးဏှောက် 

ဘယ်လို ကုသကြမလဲ

Conventional medicine က ဆေးမျိုးစုံ ထုတ်ပါသော်လည်း ယနေ့အထိ မအောင်မြင်ပါ။

ခေတ္တ ခဏသာ ထိန်းထားနိုင်ပြီး တဖြေးဖြေး နဲ့ ပိုဆိုးလာတာကို ကြည့်ခြင်းဖြင့် ခေတ်မီ ဆေးတွေနဲ့ ကုလို့ မရ ဆိုတာ သဘော ပေါက်နိုင်ပါတယ်။

ဒီတော့ကာ အကြောင်း အကျိုးကို ကုတဲ့ ဆေးပညာရှင်တွေရဲ့ အာဘော်ကို ကြည့်ကြရအောင်။

အထူးသဖြင့် ရောဂါသည်များအတွက် ဘယ်လိုမှ အရှုံး မရှိနိုင်ဘူးလို့ ထင်ပါတယ်။

ဘေးထွက် ဆိုးကျိုးတွေ များတဲ့ ဆေးတွေကိုလည်း မသောက်ခိုင်းပါ။ အဓိက ကတော့ အစား အသောက် ဖြစ်ပါတယ်။

ဆက်ပါဦးမည်။

သဘာဝနည်းများ

၁။ အဓိကကတော့ အစား အသောက် ဖြစ်ပါတယ်။

ဦးဏှောက်ဟာ စွမ်းအင် အလွန် လိုတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။

အဆီ စားခြင်းဖြင့် သကြားဓာတ်ထက် စွမ်းအင်တွေလည်း အများကြီး ပိုရပါတယ်။

ခန္ဓာကိုယ် ယောင်ကိုင်းစေတတ်တဲ့ ဓာတ်တွေလဲ အဆီကို ချေခြင်းဖြင့် ထွက်မလာပါ။

နောက်တမျိုး ပြောရမယ် ဆိုရင် အဆီဟာ ခန္ဓာကိုယ် အတွက် သန့် ရှင်းတဲ့ လောင်စာ ဖြစ်ပါတယ်။

ဦးဏှောက် နဲ့ အာရုံကြော ရောဂါသည်များ အတွက် အလွန် သင့်လျော်တဲ့ အစာ အာဟာရ ဖြစ်ပါတယ်။

(အထူးသဖြင့် တက်တတ်သူတွေမှာ  သကြား ဖြတ်ပြီး အဆီကိုသာ စားမယ် ဆိုရင် ဆေးတောင် သောက်စရာ မလိုလောက်အောင် ကောင်းသွားတယ်လို့ ပြောပါတယ်) Epilepsy

ဦးဏှောက် ကင်ဆာ သမားတွေ အတွက်လဲ အလွန် သင့်တော်ပါတယ်တဲ့။

အစား အစာ စားနည်းကို ကဆီဓာတ် မှ အဆီကို ပြောင်းလိုက်ခြင်းဖြင့် ရောဂါ သက်သာသွားမယ် ဆိုရင် မလုပ်နိုင်စရာ အကြောင်းကို မရှိပါ။

ဘယ်လိုမှလဲ အရှုံးလဲ မရှိနိုင်ပါ။

၂။ အဆီလို့ ပြောတဲ့အခါ အဓိက သုံးခိုင်းတဲ့ အဆီကတော့ အုန်းဆီ ဖြစ်ပါတယ်။

Coconut oil ဟာ medium chain triglycerides ဖြစ်ပါတယ်။ အူကနေ စုပ်ယူရာမှ အခြား အဆီတွေလို bile salts , lipase enzymes တွေ မလိုပါ။ အူကနေ တိုက်ရိုက် စုပ်ယူပြီး အသည်းဆီ ရောက်သွားပါတယ်။

အသည်းထဲမှာ ဦးဏှောက်ရဲ့ အကောင်းဆုံး လောင်စာ ဖြစ် တဲ့ ketone bodies တွေ ဖြစ်သွားပါတယ်။

ဦးဏှောက် နဲ့ အာရုံကြော ရောဂါ ရှိနေသူတွေ အတွက် တနေ့ လဖက်ရည်ဇွန်း ၃ ဇွန်းလောက် သောက်ခိုင်းပါတယ်။

ကော်ဖီထဲမှာ ထည့်သောက်လဲ ရပါတယ်။ အချိန်ခွဲပြီး သောက်ပါ။ ချက်ရင်လဲ အုန်းဆီ သုံးစေချင်ပါတယ်။ 

Saturated fat ဖြစ်တာမို့ ဦးပါဒ် ပေးနိုင်တဲ့ oxidation process မဖြစ်လို့ ဖြစ်ပါတယ်။

အုန်းဆီ အပြင် အခြား သုံးသင့်သော အဆီများကတော့

ထောပတ်သီးဆီ၊ ထောပတ်၊ Ghee၊ ဝက်ဆီ၊ ကြက်ဆီ၊ ဘဲဆီ၊ အမဲဆီ တို့ ဖြစ်ကြပါတယ်။

၃။ B6 100mg, B12 5000 microgram, Folate 600mg သောက်ပါ။

၄။ အရွက် ၁၀ မျိုး အရည် ကြိတ်သောက်ပါ။

၅။ ဆနွင်း ကို ဆီနဲ့ ဖျော်သောက်ပါ။

၆။ ကြက်ဦး တနေ့ ၂ လုံး စားပါ။ အနှစ်ကို စားပါ။ အနှစ်မှာ ဦးဏှောက် အတွက် အလွန် အရေးကြီးတဲ့ အဆီ ပါနေလို့ ဖြစ်ပါတယ်။ (Phosphotidylcholine)

၇။ အသား နဲ့ ငါး စားပါ။  (Phosphotidylserine )

၈။ Cod liver oil with DHA 500mg / EPA 400mg ပါတာ သောက်ပါ

ဒီနေရာမှာ Flaxseed oil အကြောင်း နည်းနည်း ပြောချင်ပါတယ်။ သူက Omega 3 plant origin

Cod liver oil က Omega3 fatty acid animal origin ဖြစ်ပါတယ်။

Flax seed oil ဟာ ခန္ဓာကိုယ်ထဲမှာ အမှန် တကယ် လိုအပ်တဲ့ DHA ကို မပြောင်းနိုင်ပါ။ EPA ကိုတော့ 10% လောက်သာ ပြောင်းနိုင်ပါတယ်။

ဒီတော့ကာ ရောဂါ ရှိသူများအတွက် Cod liver oil or fish oil ပဲ သောက်စေချင်ပါတယ်။

၉။ Vitamin D3 သောက်ရမှာ ဖြစ်ပါတယ်။ 5000 - 10,000 IU with superK

၁၀။ Thyroid hormone လိုရင် သောက်ပါ။

များသောအားဖြင့် လိုပါတယ်။ အဓိက တေဇောဓာတ် ဖြစ်နေလို့ပါပဲ။

၁၁။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။

ဦးဏှောက် နဲ့ အာရုံကြောရောဂါ ရှိနေရင် ဘာမှ အရှုံး မရှိနိုင်တာမို့ စမ်းကြည့်သင့်တယ်လို့ ထင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သုံးနေကြတဲ့ ခေတ်မီ ဆေးတွေဟာ ရောဂါ မပျောက်နိုင်လို့ ဖြစ်ပါတယ်။

စမ်းကြည့် မစမ်းကြည့် ဆိုတာကတော့ မိမိကိုယ်ပိုင်ဦးဏှောက်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ကျွန်မကတော့ ဗဟုသုတ အနေနဲ့သာ တင်ပေးခြင်း ဖြစ်ပါတယ်။ (Cho Cho Myint)

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ