New Year's Resolutions နှစ်သစ်ကူးသန္နိဋ္ဌာန်

(၂၀၁၈ ခုနှစ်က နှစ်သစ်မကူးမီရက်မှာ ရေးထားတာ)

တချို့က "ရီဆိုလူးရှင်း" ဆိုရင် ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်းက စကားလုံးလို့သာ ထင်ကြတယ်။ အခုရေးမှာ အဲဒါမဟုတ်ပါ။ စိတ်ခိုင်ခံ့သောသဘောထား ခေါ် သန္နိဋ္ဌာန်ဖြစ်ပါတယ်။ နှစ်သစ်ကူးမှာ ဘယ်လိုထားကြသလဲ၊ ထားမလဲ။

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကူးအတွက် ယူအက်စ်အေလူတွေက ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားသောက်မယ်၊ ကိုယ်လက် လေ့ကျင့်ခန်း လုပ်မယ်၊ ပိုက်ဆံစုမယ်လို့ အများဆုံးက သန္နိဋ္ဌာန်ချခဲ့ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သူတွေက များတယ်။ ရလဒ်ဆိုတာထက် တကယ်လုပ်နိုင်တာကို တိုင်းတာပါလို့ အကြံပြုပါတယ်။

သန္နိဋ္ဌာန်ကို ဘယ်လိုချသင့်သလဲ

- ကိုယ့်ကိုယ်ကို ရိုးသားပါ။

- ကိုယ်ပိုင်သုတေသန လုပ်ပါ။

- ကိုယ်မကြိုက်တာတွေ ချရေးပါ။

- သင်အကြောက်ဆုံးဟာ ဘာလဲ။

- ဖြစ်ချင်တဲ့ အရေးအကြီးဆုံးအချက်ကို နံပတ် (၁) နေရာထားပါ။

- ရည်မှန်းတာတွေက စမတ်ကျတာဖြစ်ပါစေ။

- လုပ်နိုင်တာထက် ပိုကဲလွန်းတာ မချမှတ်ပါနဲ့။

- ခွန်အားသစ် မွေးပါ။

နှစ်သစ်ကူးသန္နိဋ္ဌာန်သမိုင်းက ဘေဘီလုံခေတ်ကတည်းကလို့ဆိုပါတယ်။ နှစ်ပေါင်း ၄ ထောင်ကတည်းက။ အဲဒီခေတ်မှာ ဇန္နဝါရီကစတာမဟုတ်ပဲ မတ်လကနေစတယ်။

ပြီးခဲ့တဲ့နှစ်တွေက ယူအက်စ်အေမှာ ၃၈% က ကိုယ်လက်လေ့ကျင့်ခန်းပိုလုပ်မယ်။ ၃၃% က ကိုယ်အလေးချိန်ချမယ်လို့ သတ်မှတ်ခဲ့ပါသတဲ့။

- အောင်မြင်ရေးအတွက် သင့်မှန်တဲ့ ဝန်းကျင်ရွေးပါ။ 

- လိုအပ်ရင် ဝန်းကျင်ပြောင်းပါ။ ဥပမာ အပြုသဘောမဆောင်တဲ့ အပေါင်းအသင်းတွေဆီကခွါပါ။ အရက်ဖြတ်ချင်သူ အရက်သောက်သူတွေနဲ့ ဝေးဝေးနေပါ။ 

- ကိုယ်ချမှတ်ထားတာ ကိုယ့်တာဝန်လို့ သိပါ။ 

- အောင်မြင်မှု အဆင့်ငယ်တခုရတိုင်း အောင်ပွဲခံပါ။

နှစ်သစ်ကူးသန္နိဋ္ဌာန်ဆိုတာ ကိုယ့်အတွက်၊ ကိုယ်တကယ်လုပ်မဲ့အရာတွေသာဖြစ်တယ်။ သူတပါးသိအောင် ထုတ်ကြွားဝါစရာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ