Bladder trabeculation ဆီးအိမ်နံရံထူခြင်း

မင်္ဂလာပါဆရာရှင့် သမီးအစ်မက အသက် ၄၉ နှစ်ပါရှင့် ဆီးရောဂါခံစားနေရပါတယ် ဆီးအိမ်နံရံထူနေတယ်လို့ပြောပါတယ် ဆီးအိမ်ခြစ်ရမယ်လို့ပြောပါတယ် ဆီးခြစ်ရင်ဆီးပိုမထိန်းနိုင်ဘူးလို့ပြောကြပါတယ်ရှင့်

ဆီးခြစ်လိုက်လျှင်ပိုကောင်းသွားမလား ဆိုးသွားမလား ဆရာရဲ့ အကြံဉာဏ်ပေးပါဦးရှင့်။

ဆီးအိမ်အလုပ်ကို ခက်ခက်ခဲခဲပြုလုပ်ရတဲ့အတွက် ကြာတော့ ဆီးအိမ်နံရံထူလာနိုင်တယ်။ အဲလိုဖြစ်လာရင် ဆီးကုန်အောင်သွားရတာ ခက်လာမယ်။ ယောက်ျားရော မိန်းမတွေမှာပါ ဖြစ်နိုင်တယ်။ ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်ကြောင့် ဖြစ်နိုင်တယ်။

ဆီးထွက်ပြွန်နေရာမှာ ပိတ်ဆို့မှုကြောင့် အများဆုံးဖြစ်တယ်။

သွေးခဲကြောင့်လည်း ဖြစ်နိုင်တယ်။ အာရုံကြောကြောင့်လည်း ဖြစ်နိုင်တယ်။ 

ခါးရိုးထိခိုက်မိခြင်း၊ MS or Parkinson's disease ရောဂါ၊

Polyps ရောဂါ၊

Tumors ရောဂါ၊

Muscle or nerve disorders ရောဂါ၊

Ureter bulging into the bladder ရောဂါ၊

Fecal impaction ရောဂါ၊

Pelvic organ prolapse ရောဂါ၊

Benign prostatic hyperplasia (BPH) ရောဂါတွေနဲ့လည်း ဆက်ဖြစ်နိုင်တယ်။ 

Cystoscopy နဲ့စစ်ဆေးလို့ ရောဂါသိမယ်။

ကုသနည်းတွေမှာ ဖြစ်စေတာကိုလည်း ကုသရမယ်။ လူနာတဦးချင်းအရ ကုသပေမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ