ဆရာဝန်တွေက အရာရာတိုင်းကိုတော့ ရှင်းပြနိုင်ကြခြင်း မရှိပါ

ဒေါက်တာရှင့် အ​မေက အသက် ၈၁နှစ်ပါ အသက် ၆၀ အရွယ်မှ နှလုံး​သွေး​ကြောကျဥ်း ​သွေးတိုး​ရောဂါရှိပါတယ် အသက် ၇၅ နှစ်ခန့်မှ နှလုံး အစို့ရှင်(အဆို့ရှင်)ကျယ် ​လာပါတယ် အသက် ၈၀ ခန့်မှာ ​ကျောက်ကပ်အားနဲ အဆုတ်​ရေအနဲငယ်ဝိုင်းလာပါတယ် ​လည်ပင်း​ဖောက်ပြီး​ကျောက်ကပ်စ​ဆေးပါတယ် ​နေ​ကောင်းသက်သာတယ်​ပြောပါတယ် တလပြည့်တဲ့အခါ တကိုယ်လုံး​ဖော​ရောင် ​ဆေးရုံပြန်တက်တဲ့ထိ စကား​ပြောဆိုဆက်သွယ်လို့ရပါတယ် အ​မေ့မှာ လူကြီယသတိ​မေ့​ရောဂါလဲ အရင်ထဲကမရှိပါ ​ဆေးရုံ​ရောက်ပြီး ဒုတိယ ရက်မှာသတိလစ်သွားပါတယ် ​ဆေးရုံက ဦး​ဏှောက် (ဦး​နှောက်)​သွေး​ကြော ပိတ်တယ်​ပြောပါတယ် ငြီးသံလို ​ဟောက်သံလိုအသံများ​တောက်​လျောက်ဖြင့် ၁၃ ရက်​မြောက်မှာ အ​မေဆုံးပါတယ် ​ဝေဒနာ​ပေါ်အသိ သတိရှိပြီး ဆုံးမှာကိုသိပြီးဆုံးတာပါလား အိပ်​မောကျ​နေတုန်း(တုံး)မသိလိုက်ခင် အသက်ထွက်တာပါလား ဆိုတာ ​ဆေးပညာအရ သိလို့ရရင် သိချင်လို့ပါ ကျမတို့​တွေ အိပ်မက်ဆိုးမက်​နေစဥ် နိုးသွားရင် လွပ်လပ်သွားသလို မနိုးဘဲ အချုပ်​နှောင်များဖြင့် ​သေဆုံးမှာစိုးလို့ပါ

​ဒေါက်တာ့ကို အားကိုးပါတယ်ရှင့် ​မျော​နေတဲ့ ၁၃ ရက်မှာ တခါတရံ ဖြစ်ဖြစ် လက်ရှိအ​ခြေအ​နေ အ​ပေါ် အသိ သတိဝင်လား သိချင်လို့ပါ ​ဒေါက်တာရှင့် လူကြီးသတိ​မေ့​ရောဂါ(စာလုံး​ရောသွားလို့ပါ) စာပိုဒ်တွင်ကွင်းခတ်ထား​သောစာများ စာလုံး​ပေါင်း သိပ်မသိလို့ပါ ​ကျေးဇူးပါ ​ဒေါက်တာရှင့်

ဖြေထားပြီးလို့ ထင်တယ်။

သက်ရှိတိုင်း မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေဆုံးကြရတယ်။ ငယ်စဉ် ကြီးစဉ် ရောဂါ မတူကြပါ။ မျိုးဗီဇ၊ ကံတရား လူတိုင်းမှာပါရှိတယ်။

ရောဂါတခုခုနဲ့သေဆုံးတဲ့အခါ တချို့လူနာတွေကိုသာ သေဆုံးရခြင်းအကြောင်း မထင်ရှားရင် သေဆုံးအပြီး ရင်ခွဲစစ်ဆေးတာလုပ်ရတယ်။ သေဆုံးသူတိုင်းအတွက် မလိုအပ်ပါ။

စိတ်ခံစားမှု များနေချိန်မှာ ဘယ်သူမဆို ရိုးရိုးတည့်တည့် မမြင်နိုင်ကြပါ။ စိတ်ခံစားမှုမှန်သမျှ ဆိုးတာဖြစ်စေ ကောင်းတာဖြစ်စေ အချိန်ကာလ မကြာ ပြောင်းတယ်။ နောက်ခံစားမှု အသစ်တွေလာမယ်။ လူတိုင်းဖြစ်ပါတယ်။ 

မိဘ ဆွေမျိုးသားချင်းတွေ ကွယ်လွန်တဲ့အခါမှာလည်း စိတ်ခံစားမှုဖြစ်ကြတယ်။ တယောက်နဲ့တယောက် ကြာရှည်ချိန်နဲ့ အတိမ်အနက် မတူကြပါ။

ဆေးပညာအရ ရှင်းပြနိုင်တာတွေကိုသာ ဆရာဝန်တွေက ရှင်းပြနိုင်ပေမဲ့ အရာရာတိုင်းကိုတော့ ရှင်းပြနိုင်ကြခြင်း မရှိပါ။

စာရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ