Restroom အိမ်သာအကြောင်း

(ကန်တော့)
သူငယ်ချင်းဆရာဝန်တယောက်က ရေးတယ်။ တမျိုးက ဘိုထိုင်ဆိုရင် နောက်တမျိုးကဗမာထိုင်လား။ ရွှေဂျပန်လည်း ဆောင့်ကြောင့်ပါပဲ။ ကုလားထိုင်ကော ဘယ်ကလာတဲ့စကားလဲ၊ ကုလားဖြူ ကုလားမည်း သဲကွဲပါသလား။ ဥရောပထိုင်ခုံလား၊ အိန္ဒိယမူလအစ မဟုတ်ဘူးထင်တာပဲတဲ့။
အိမ်သာအကြောင်း ဆေးသုတေသနတွေထဲ မဖတ်ဘူးသေးတာတချက်က ဆောင့်ကြောင့်ထိုင်ဟာ လိပ်ခေါင်းနဲ့ သားအိမ်ကျတာအတွက် အတော်ကို မကောင်းပါ။ သန့်စင်ခန်းမှာ ရေနွေးရတာဟာ လိပ်ခေါင်းနဲ့ မွေးလမ်းရောဂါ တချို့အတွက် အလွန်သင့်မြတ်တယ်။ တွိုင်းလက်-ပေပါ ခေါ် စက္ကူသုံးတာ လိပ်ခေါင်းရှိနေသူတွေ မသင့်ပါ။ ရေသုံးတာ ကောင်းတယ်။ ရေနွေးက ပိုကောင်းတယ်။ 
စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကောင်းတယ်။ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။
- လိပ်ခေါင်း၊
- ဂရင်ဂျီနာ၊
- အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊
- ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊
- သားအိမ်နာခြင်း၊
- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊
- ဆီးအိမ်ရောင်ခြင်း၊
- ဆီးကျိတ်ရောင်ခြင်း နဲ့
- ဗဂျိုင်းနားရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။
နိုဝင်္ဘာ ၁၉ ရက်နေ့ကို World Toilet Day ကမာ္ဘ့့အိမ်သာနေ့လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ လူ ၂့၄ ဘီလီယန် ကတော့ စနစ်ကျတဲ့အိမ်သာမရှိကြပါ။ လူ ၁ ဘီလီယန်ကတော့ ဟင်းလင်းပြင်မှာသာ အညစ်အကြေး စွန့်နေကြရတယ်။ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်က သန့်ရှင်းတဲ့အိမ်သာနဲ့ မနေနိုင်ကြပါ။ နောက်ဆက်တွဲဆိုးကျိုးကတော့ သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေရလို့ လူတွေသန်းနဲ့ချီပြီး သေဆုံးနေကြရတယ်။ ကလေးတွေ သေဆုံးတာက ပိုများတယ်။ ကမာ္ဘပေါ်မှာ ရေအလုံအလောက်ရှိပေမယ့် စီးပွါးရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှု ညံ့ဖျင်းလို့ အဲလိုဖြစ်နေရတာပါ။
ဘယ်တိုင်းပြည်မဆို တိုးတက်သလား၊ အိမ်သာကိုကြည့်ရင် သိပါမယ်။ ဒူးမတ်ထိုင်တာဖြစ်ရမယ်။ ရေသုံးတာဖြစ်ရမယ်။ တစ်ရှူးနူးညံ့တာဖြစ်သင့်တယ်။
ကျွန်တော်တို့ ကြိုးစားကြရမယ်။
ဒေါက်တာတင့်ဆွေ
၁၄-၁-၂၀၁၇

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ