Avoid these foods if you are suffering from arthritis အဆစ်နာကို ပိုဆိုးစေနိုင်သည့် အစားအစာများ

ပို့စ် = Foods and Taste စားစရာဆိုတာ အရသာတခုတည်းကိုသာ ကြည့်ရတာ မဟုတ်

ကွန်မင့်တခု = ကျနော်ကတော့ MSG ပါတာစားမိရင် လှေကားအတက် ဒူးနာတော့တာဘဲ။ နည်းနည်းမှ စားလို့မရပါ။ တရုတ်လုပ် ပဲငံပြာရည် (ကြာညို့) ထဲပါတာတောင် မရပါ။

Monosodium glutamate (MSG) is a compound used to enhance the flavor of a dish. This affects inflammation pathways and stimulates widespread inflammation and swelling throughout the body, including the joints.

ဟင်းချိုမှုန့်၊ အရသာမှုန့်၊ အသားမှုန့် စတဲ့အမည်တွေအမျိုးမျိုးနဲ့ရောင်းချတဲ့ အချိုတိုင်းမှာ MSG ဓါတ် ပါတယ်။ Monosodium glutamate လို့ခေါ်တယ်။

သူ့ကိုသုံးစွဲနေကြတာ နှစ်တွေ အလွန်ကြာမြင့်ပြီ။ ကင်ဆာ မဖြစ်စေနိုင်ပါ။ 

ဒါပေမဲ့ Inflammation ခေါ်ရောင်ရမ်းမှုကို နှိုးဆွးပေးလို့ အဆစ်တွေအပါအဝင် တကိုယ်လုံးမှာ ရောင်ရမ်းတာ ဖြစ်စေနိုင်တယ်။

Inflammation ရောင်ရမ်းခြင်းဆိုတာ ရောဂါဗေဒအရ ၅ မျိုးရှိတယ်။

၁။ နာ၊

၂။ နီ

၃။ ပူ၊

၄။ ရောင်၊

၅။ သူ့အလုပ်သူ ပုံမှန်မလုပ်နိုင်ခြင်း။

အဆစ်နာကို ပိုဆိုးစေနိုင်သည့် အစားအစာများ

Heavily processed foods အလွန်ပြုပြင်ထားသောစားစရာများ။

Red meat ခေါ် အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သား။

Food high in sugar and processed sugar သကြားများသောအစားအသောက်များ။

Fried foods ကြော်ထားသောအစားအစာများ။

Gluten ဂလူတင်ဓါတ်ပါသော အစားအစာများ၊ ဂလူတင်ဆိုတာ ဂျုံ၊ ပြောင်း၊ အုတ်စပါးတွေထဲမှာပါတယ်။ ဆန်ထဲမှာ မပါ။

Foods rich in purine ပျူရင်းဓါတ်များသော အစာများ၊ ဘေကွန်၊ ကလီစာ၊ ဆိတ်သားနဲ့ ပင်လယ်စာတချို့။

Refined carbohydrates ဖွေးဖြူနေအောင်ချွတ်ထားသော ကာဘွန်ဟိုက်ဒရိတ်။

Monosodium glutamate (MSG) အချိုမှုန့်အမျိုးမျိုး။

Alcohol အရက်အမျိုးမျိုး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ