သန့်တဲ့ငါးတွေဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတယ်

ငါးမြင်းဟင်းလို့ တင်ထားတာတခု တွေ့လို့ ရေးပါတယ်။ စွယ်စုံကျမ်းမှာ -

ငမြင်း

ငမြင်းကကလောင် (ငကလောင်)

ငမြင်းရင်း

ငမြင်းအုပ်ဖါး

ငမြစ်ချင်းလို့ ရေးတယ်။

ငါးမြစ်ဟင်းကို ငါးဟင်းနဲ့ မြင်းသားဟင်းလား စဉ်းစာမိစေတယ်။

ငါးဘတ် လို့ရေးတာကို ထိုင်းပိုက်ဆံလား အရင်စဉ်းစားမိစေတယ်။

စာလုံးပေါင်း မှားတာတော့ မဟုတ်ပါ။ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ ၁၉၇၈ ထုတ်မှာ ငါးလို့သာ ရေးပါတယ်။

ငါးတွေကို င နဲ့သာ ရေးရတာများတယ် https://burmese-spelling.blogspot.com/2022/08/blog-post_673.html

ငါး နဲ့ ပြဒါး https://dr-tint-swe.blogspot.com/2022/07/blog-post_855.html

Tilapia တီလားပီးယားငါး https://dr-tint-swe.blogspot.com/2022/12/tilapia.html

Salmon ဆယ်လ်မွန်ငါး https://dr-tint-swe.blogspot.com/2022/05/salmon.html

ငါး နဲ့ ပြဒါး https://dr-tint-swe.blogspot.com/2022/07/blog-post_855.html

၁၉၇၈-၇၉-၈၀ ထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ်မှာတော့ ငါးလို့သာ ရေးပါတယ်။

DrZaw Min

Salmon ငါးကိုတလွဲကြီး ဆယ်လမွန် လို့နှုတ်ကျိုးနေကြပြီ။ အင်္ဂလိပ်စကားမှာ

၁/ အွန်သံမရှိ၊

၂/ ဒီဝေါဟာရမှာ လ သံလည်းမထွက်၊

ဆယ်မန်(ယူအက်စ်) ဆာမန်(ယူကေ) လို့သာထွက်ပါတယ်။ almond မှာလည်း လ သံဖျောက် အာမန် ထွက်တယ်၊ အာလမွန်မဟုတ်။ should would could မှာလ သံမပါသလို။

ရွှေဗမာတွေက အင်္ဂလိပ်စာမှာနောက်ဆုံးဗျည်း L လ သံထွက်ရမဲ့နေရာကျမထွက်တော့ဘူး။ school စကူး ball ဘော စတာတွေလို။ ဒါပေမဲ့ကိုယ့်နာမည်ကျသောက်တလွဲ L ထည့်ရေးနေကြပြန်ရော၊ နွယ်ကိုအရင်လို Nwe နဲ့မပြီးနိုင် Nwel ရမှ။ ဗမာသာ လ သံမထွက်နိုင်တာ သူများကထွက်မှာ နွဲလ် လို့။ ပုလဲ ကို Pale မူရင်းသတ်ပုံမှန်လည်းမြင်ဖူးကြပုံမပေါ်၊ Palel တဲ့။ ချွန်တယ်သောက်တလွဲတွေကျ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ