Deep vein thrombosis အတွင်းသွေးပြန်ကြောပိတ်ခြင်း

ဆရာရှင့် ကျမအဒေါ်က ဘယ်ခြေထောက်ဒူးအောက်ပိုင်းရောင်ပါတယ်သွားပြတော့ daflon 1000mg နဲ့ pixaban 5mg နှစ်ကြိမ် 72 Cardivas 6.25 atova 20 losar 50 နဲ့သွေးကျဆေးတိုက်ပါတယ်ရှင့် ခြေထောက်ရောင်တာပျောက်ပြီး လမ်းလျှောက်ရင် ဒူးခေါင်းနောက်ကခြေသလုံးကြောက လမ်းလျှောက်ရင်နာလို့ပြောတော့ သွေးခဲတယ်ပြောပါတယ် Color doppler ရိုက်ပြီးပြောပါတယ် Fondaparinux 2.5mg ကို (11) လုံးထိုးပါတယ် D-dimer လဲ limit ထက်နှစ်ဆတက်နေပါတယ် Cholesterol နဲနဲများပါတယ် ထိုးပြီးတော့ လျှောက်တာမနာပေမဲ့လျှောက်ရတာထော့နင်းဖြစ်နေပါတယ် အသက်က (72)နှစ်ပါရှင့် မမောဘူးစားလို့လဲကောင်းတယ်နှလုံးသွေးကြောကျဥ်းတယ်လို့လဲပြောပါတယ် ကျမသိချင်တာက ဒီလိုဘဲ ခြေထောက်ကဖြစ်နေမှာလားဒီရောဂါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုထပ်ဖြစ်ဦးမှာလဲ ကုလို့မရတော့ဘူးလား ကျေးဇူးပြုပြီးပြောပေးပါလားဆရာရှင့် မေးတဲ့ထဲမှာအမှားပါရင် တောင်းပန်ပါတယ်နော် ဘယ်ဘက်ခြေ ထောက်တဘက်ဖြစ်တာပါဆရာ အပေါ်ထပ်နေတော့လှေကားခြေနင်းပြားနဲ့လက်ရမ်းကိုဆွဲတက်နေရပါတယ်

နှလုံးကနေ တကိုယ်လုံးကို လွှတ်ပေးရတဲ့ သွေးလွှတ်ကြောပိတ်တာကို Stroke လို့ ခေါ်တယ်။ Myocardial infarction လို့လည်းခေါ်တယ်။ တကိုယ်လုံးကနေ နှလုံးဆီပြန်လာရတဲ့ သွေးပြန်ကြောမှာ သွေးခဲပြီး၊ အတွင်း ပိတ်တာကလည်း ဆိုးတဲ့ရောဂါဘဲ။ ခြေသလုံး၊ ပေါင်ခြံနဲ့ တင်ပါးဆုံးနေရာတွေမှာ အဖြစ်များတယ်။ တခြားနေရာတွေမှာလည်း ဖြစ်နိုင်တယ်။

အတွင်းသွေးပြန်ကြောပိတ်ခြင်း

အသက်ကြီးသူတွေမှာသာ အဖြစ်များတယ်။ ဒီရောဂါမဖြစ်အောင် အကြာကြီးမရပ်ရသလို၊ အိပ်ရာထဲမှာ ရက်အကြာကြီး လှဲမနေရဘူး။ အိပ်ရာက မထနိုင်သူများ ခြေထောက်တွေ လေ့ကျင့်ခန်းလုပ်ပေးရတယ်။ ဝလွန်းရင်လဲ ဒီရောဂါ ဖြစ်နိုင်တယ်။ တောင်ပေါ်အမြင့်မှာ နေရ၊ သွားရရင် သတိထားရတယ်။ လူက ဖက်တီး၊ အသက်ကလည်းကြီးရင် ခရီးမထွက်နဲ့။ ရေ-အရည် အများကြီးသောက်ပါ။ အရည်ထဲမှာ အရက်နဲ့ ကော်ဖီများတာ မပါဘူး။ အဝတ်အစားကို ကြပ်နေတာမျိုး မဝတ်ရဘူး။ 

လူ့သွေးက သူ့နေရာမှန်ဖြစ်တဲ့ သွေးကြောထဲမှာနေရင် မခဲဘူး။ အပြင်ထွက်ရရင် ခဲသွားတယ်။ အဲဒါ အလွန်ကောင်းတဲ့ အစီအမံဖြစ်တယ်။ ထိခိုက်မိလို့ သွေးထွက်ရင် ကိုယ့်ဖါသာ ကြက်ခြေနီလုပ်ပြီး၊ လက်နဲ့ ဖိထားပါ။ သွေးရဲ့ခဲတတ်တဲ့ သတ္တိကြောင့် သွေးတိတ်သွားတယ်။ မခဲရမဲ့နေရာ သွေးကြောထဲမှာ ခဲရင်တော့ ဒုက္ခရောက်ရတယ်။ 

သွေးခဲက ကွဲထွက်ပြီး၊ ဟိုဟိုဒီဒီ ရောက်တတ်သေးတယ်။ အရေးပါတဲ့ နေရာဖြစ်တဲ့ အဆုပ်ကို သွားပိတ်တာဟာ ရောဂါဆိုးတခု ဖြစ်ပါတယ်။ Pulmonary embolism (PE) လို့ ခေါ်တယ်။ သေနိုင်တယ်။ ကျွန်တော့်မိတ်ဆွေ အဲတာဖြစ်တော့မလို့။

ခွဲစိတ်ခံထားရသူတွေမှာလဲ ဖြစ်လာတတ်တာမို့ ဆရာဝန်တွေက လူနာကို ခွဲစိတ်ပြီးနောက်မှာ ဒါမျိုး ဖြစ်မလာအောင် လုပ်ပေးကြရတယ်။ နောက်အကြောင်းတရားတွေကတော့ သွေးပြန်ကြောမှာ ဒဏ်ရာရလို့၊ ရောင်လာလို့ နဲ့ ခံနိုင်ရည် ပြဿနာတခုခုဖြစ်လို့ပါ။ သွေးလျှောက်တာ နှေးရင်လဲ ဖြစ်တတ်သေးတယ်။ သွေးက လိုတာထက်ပို ပြစ်နေရင်လည်း ဖြစ်ချင်တယ်။ နာတာရှည် လူမမာဖြစ်ရ၊ အိပ်ရာထဲ လှဲနေရ၊ ခရီးရှည် အကြာကြီး သွားရတဲ့အခါမှာလဲ ဖြစ်တတ်ပါတယ်။

ကင်ဆာဆေး၊ အီစထိုဂျင်ပါတဲ့ ကိုယ်ဝန်တားဆေးတွေကလည်း ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်နေချိန်နဲ့ မွေးပြီး ၁-၂ လ အတွင်းမှာ သတိထားပါ။ အမျိုးသမီးများကို သွေးဆုံးချိန်မှာ ပေးရတတ်တဲ့ Estrogen ဟော်မုန်း ကလည်း ဒီရောဂါမျိုး ဖြစ်စေတတ်တယ်။

အတွင်းသွေးပြန်ကြောမှာ သွေးခဲလေးတွေ ရှိနေပေမဲ့ ဘာမှမခံစားရဘဲ နေတတ်တယ်။ တချို့တဝက် လောက်မှာသာ ရောဂါ လက္ခဏာပေါ်တယ်။ ဖြစ်တဲ့နေရာမှာ ရောင်လာ၊ ပူလာ၊ နာလာ၊ နီလာတယ်။ မနီဘဲ အရောင် ပြောင်းလာတာမျိုးလဲ ဖြစ်နိုင်တယ်။ အကွေး-အဆန့် လုပ်ရင် ပိုနာတယ်။ ကြွက်တက်သလို ဖြစ်တယ်။ PE ဆိုတာဖြစ်ရင်တော့ အသက်ရှူရတာ ခက်လာ-နာလာတယ်။ ချောင်းဆိုးတဲ့အထဲ သွေးပါလာမယ်။ အသက်ရှူနှုန်းရော နှလုံးခုန်နှုန်းပါ မြန်လာတယ်။ အရေးပေါ်ဆေးရုံတက်ရလိမ့်မယ်။

ရောဂါရှိနေတာကို Doppler Ultrasound ရိုက်ပြီး သေခြာအောင်လုပ်ရတယ်။ A D-Dimer test, Venography, (MRI) နဲ့ (CT) scanning တွေကိုပါ လုပ်တယ်။

ဖြစ်လာရင် ကုတာကတော့ ခဲနေတဲ့သွေးခဲ ပိုကြီးမလာစေအောင်၊ သေးသေးလေးတွေ ကွဲထွက်ပြီး၊ တခြားနေရာတွေ မရောက်စေအောင်နဲ့ နောက်ထပ် မခဲစေအောင် လုပ်ပေးရတာပါ။ Anticoagulants ဆိုတဲ့ သွေးမခဲဆေး၊ သွေးကျဲဆေးတွေ ပေးတယ်။ Warfarin နဲ့ Heparin ဆေးတွေကို အသုံးများတယ်။ ကိုယ်ဝန် ရှိတုံးဖြစ်သူတွေကိုတော့ Heparin ကိုသာ သုံးတယ်။ ၃ လ ကနေ ၆ လအထိ ဆေးကုရတယ်။ ကိုယ်ဝန်နဲ့ ခွဲစိတ်ရာကနေ ဖြစ်သူတွေကိုတော့ ဒီလောက်ကြာစရာ မလိုဘူး။ ဒီဆေးတွေက သွေးယိုတာ ဖြစ်တတ်ပြန်လို့ သတိထား သုံးရတယ်။ Thrombin Inhibitors ဆိုတဲ့ ဆေးကတော့ သွေးမခဲအောင် တားဆေးပါ။ Thrombolytics ဆေးကိုတော့ သွေးခဲ မြန်မြန် ပျော်စေအောင် ပေးတယ်။

Xarelto 20mg (Rivaroxaban) ဟာ သွေးမခဲစေဘို့အတွက်ပေးတယ်။ သွေးကျဲဆေး လို့လည်းခေါ်တယ်။ deep vein thrombosis (DVT) ခေါ် အတွင်းပိုင်းက သွေးပြန်ကြောထဲသွေးခဲခြင်းကို ကာကွယ်ဘို့ပေးတယ်။ သွေးခဲကနေ pulmonary embolism (PE) ခေါ် အဆုပ်သွားသွေးကြောထဲ ပိတ်လာတတ်တယ်။ အရေးပေါ်ကုသရမယ်။ ဘေးထွက်သက်ရောက်မှုတွေကို သတိထားနေရတယ်။ သွေးထွက်လွယ်တယ်။ နှာခေါင်သွေးယိုသလား၊ ချောင်းဆိုးတဲ့အခါ သွေးပါသလား၊ ဆီးထဲ ဝမ်းထဲပါမလားကြည့်ရေတယ်။ သွေးအန်သလား။ ကိုယ်မသိဘဲ အထဲမှာ သွေးထွက်ထားရင် လူကခါတိုင်းထက် မောပန်းမယ်။ အားနည်းနေမယ်။

လိုအပ်သူကို Thrombectomy ခဲနေတဲ့သွေးကို ခွဲထုတ်နိုင်တယ်။ ဆေးပေးဘို့ မသင့်ရင် ဒါမှမဟုတ် ဆေးပေးနေတာနဲ့ မလုံလောက်ရင် Vena Cava Filter ဆိုတဲ့ အစစ်ကို သုံးနိုင်တယ်။ Graduated Compression Stockings နဲ့ compression hose ဆိုတဲ့ ခြေအိတ်ဆန်းကို စွပ်ထားခိုင်းတယ်။ Aspirin က သွေးကိုကျဲစေလို့ ဒီရောဂါမျိုးမှာ အသုံးကျတယ်။ တခါဖြစ်ဘူးရင် ထပ်ဖြစ်တတ်လို့ ရောဂါရှိနေသူဟာ ဆေးမှန်မှန် စစ်နေရတယ်။

ဒီရောဂါ မဖြစ်အောင် အကြာကြီး မရပ်ရသလို၊ အ်ိပ်ရာထဲမှာလဲ ရက်အကြာကြီး လှဲမနေရဘူး။ အိပ်ရာက မထနိုင်သူများ ခြေထောက်တွေ လေ့ကျင့်ခန်း လုပ်ပေးရတယ်။ ဝလွန်းရင်လဲ ဒီရောဂါ ဖြစ်နိုင်တယ်။ တောင်ပေါ်အမြင့်မှာ နေရ၊ သွားရရင် သတိထားရတယ်။ အသက်ကြီးလာရင် မကောင်းတာတွေထဲမှာ ဒါလဲပါတယ်။ လူက ဖက်တီး၊ အသက်ကလည်းကြီးရင် ခရီးမထွက်နဲ့။ 

လေယျာဉ်ပေါ်မှာ ကိုယ်လက်လှုပ်ရှားပေးဘို့ ဗီဒီယိုနဲ့ ပြပေးတာက ဒါမျိုး မဖြစ်အောင်လို့ပါ။ ရေ-အရည် အများကြီး သောက်ပါ။ အရည်ထဲမှာ အရက်နဲ့ ကော်ဖီများတာ မပါဘူး။ အဝတ်အစားကို ကြပ်နေတာမျိုး မဝတ်ရပါ။ 

နှလုံးနဲ့ ဦးနှောက် သွေးလွှတ်ကြောတွေ ပိတ်တာကို ဖြစ်စေနိုင်တဲ့ ကိုလက်စထော များနေသူတွေ စနစ်တကျ ကုသမှု ကာကွယ်မှု လုပ်ရမယ်။ ဆေး + အစားအသောက် + ကိုယ်လက်လှုပ်ရှားမှု။

Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2020/12/cholesterol.html

Cholesterol and food ကိုလက်စထောနဲ့ အစားအစာ https://dr-tint-swe.blogspot.com/2021/06/good-food.html

Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/10/saturated-fatty-acids-and-health-risks.html

Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) https://dr-tint-swe.blogspot.com/2021/07/chicken-eggs.html

Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း https://dr-tint-swe.blogspot.com/2021/01/triglycerides.html

Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ https://dr-tint-swe.blogspot.com/2021/10/ischemic-heart-disease.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ