Dementia ဆိုတာ

(ကျွန်တော်ရေးတာ မဟုတ်ပါ။ အချက်အလက်သာမက စာရေးတာလည်းမှန်လို့ ကူးယူတင်ပြပါတယ်။ စာရိုက်တာ လိုအပ်ချက်နည်းနည်းကိုသာ ပြင်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်း + ကျေးဇူး။)
Dementia ဆိုတာ ရောဂါတခုခုကြောင့်ဖြစ်စေ အသက်ကြီးလို့ဖြစ်စေ ဦးနှောက်လုပ်ဆောင်မှုပိုင်းမှာထိခိုက်ပျက်စီးလာခြင်းကြောင့်ခံစားရတဲ့ဝေဒနာတွေကိုခေါ်တာပါ။ မှတ်ဥာဏ်ပိုင်းဆိုင်ရာထိမယ်၊ အတွေးအခေါ်- စဉ်းစားတာတွေ- လွဲလာမယ်၊ ထင်ရာတွေလုပ်နေသလိုမျိုး၊လုပ်နေကျတွေကိုတောင်အလွဲလွဲချော်ချော်ဖြစ်တာမျိုးပါ
စိတ်ခံစားမှုတွေရှိတတ်ပါတယ်၊ အကောင်းပြောလည်း စိတ်ဆိုးသွားတမျိုး၊ စေတနာနဲ့ပြောလည်း နားမဝင်တော့တာမျိုး(ခံစားခံယူနိုင်မှု လွဲလာတာပါ) 
အစပိုင်းမှာတော့ သိပ်မသိသာတတ်ပါဘူး
သတိမေ့တတ်လာတာ
တခုခုကိုအာရုံမစိုက်နိုင်တာ
လုပ်နေကျအလုပ်တွေကိုပဲလွဲချော်လာတာ
စကားပြောရင်း စာကားလုံးရှာမတွေ့တာ
နေရာတွေအချိန်တွေ မမှတ်မိတာ
စိတ်ခံစားမှုမထိန်းနိုင်တာတွေကို စတင်ခံစားရတတ်ပါတယ်၊၊
Dementia ရဲ့အစောပိုင်း လက္ခဏာတွေပါ။
Dementia ဖြစ်စေတတ်တဲ့ အဓိကရောဂါကတော​့
Alzheimer's disease ပါ
သတိမေ့တတ် ခြင်း။ Recent memory loss လတ်တလောကိစ္စကိုပိုမေ့တတ်တာပါ(ငယ်သူငယ်ချင်းနာမည်ကိုတော့မှတ်မိနေပြီး မနက်ကဘာဟင်းနဲ့စားလဲမေ့နေတတ်တာမျိုးပါ)
နေရာတွေ မမှတ်မိခြင်း၊ မိမိလိပ်စာကိုတောင် မမှိတ်မိတတ်ဖြစ်လာပါတယ်။ မြို့အမည်တောင်မသိတာမျိုး ဖြစ်တတ်ပါတယ်
မေးခွန်းတခုခုကိုခဏခဏမေးနေခြင်း။ တခါပြောထားလည်း သူမမှတ်မိနိုင်တော့လို့ ခဏခဏမေးပါတယ်။ တချို့ဆို တခုခုကိုပဲခဏခဏ ပြောနေတာပါ။ ရေချိုးမယ်။ ရေချိုးပြီးလည်း ရေချိုးပေးပါ ပြောနေတာမျိုးလည်းရှိတတ်ပါတယ်။
နေ့စဥ်လုပ်နေကျကိုပဲမေ့တတ်လာခြင်း။ မျက်နှာသစ်ဖို့တော့သတိရပြီး သွားတိုက်ဖို့မေ့နေတတ်ပါတယ်။ သွားတတိုက်ဖို့သတိရပြီး ကိုယ့်သွားပွတ်တံကို မမှတ်မိတာလည်းရှိတတ်ပါတယ်
ပတ်ဝန်းကျင်အသစ်ရောက်ရင် အထာမကျပဲဖြစ်နေခြင်း။ social တွေလူမှုရေးတွေသိပ်မသိတော့တာပါ။ Adaptation မရတော့တာမျိုးပါ။ ဘယ်လိုနေရာလဲ ဘယ်လိုနေသင့်လဲဆက်စပ်မစဉ်းစား နိုင်တော့တာပါ။
ဒေါသကြီးခြင်း။ အနိုင်ယူချင်တတ်ခြင်း။ သီးမခံနိုင်တော့ခြင်း။ သူများဘက်ကိုမစဉ်းစားပေးတော့ခြင်း။ ငါလုပ်တာအမှန်ဟုသာယူဆခြင်း (ယခင်ရှိခဲ့သောဗီဇကိုမှ ပို aggressive ဖြစ်လာတတ်သောသဘောပါ)
စကားလုံးရှာမတွေ့ခြင်း။ ပြောချင်သော်လည်းစကားလုံးရှာမရပြောမထွက်တာပါ)
Vascular Dementiaကတော့ Dementia ဖြစ်စေတဲ့ ဒုတိယအဖြစ်များဆုံးအကြောင်းရင်းတခုပါ
လေဖြတ်သလို တခြမ်းအားပျော့သလို ခံစားရခြင်း 
လမ်းလျောက်ရခက်ခြင်း အားလျော့နေခြင်း၊ လှုပ်ရှားမှုများခက်ခဲခြင်း
အတွေးများပြသနာရှိခြင်း (သူထင်တာတွေကမမှန်တော့တာ) (အန္တရာယ်ရှိတာတွေသိပ်မသိတော့တာ)(ကျိုးကြောင်းဆီလျော်အောက်မတွေးတတ်တော့တာ) စသည်ဖြင့်
စိတ်ခံစားမှုမထိန်းနိုင်ခြင်း (စိတ်ကိုထိန်းချုပ်ဖို့၊ လူအများရှေ့အပြောဆိုဆင်ခြင်ဖို့၊ သူစိမ်းတွေအားနာဖို့ ၊ သူများကိုတခုခုနစ်နာသွားမစားစဉ်းစားဖို့စသောစိတ်ထိန်းချုပ်မှုများမရှိတော့ခြင်း
Lewy bodies dementia ဖြစ်တာမျိုးတွင်တော့
ငိုက်ခြင်း၊ အိပ်ချင်နေတတ်ခြင်း
သတိမကာင်းခြင်း
လှုပ်ရှားမှုနှေးလာခြင်း
အိပ်မပျော်ခြင်း
ခဏခဏ မေ့လဲခြင်း တတ်ခြင်းတို့တွေ့ရပါတယ်
Frontotemporal Dementia
သူကတော့ အသက် ၄၅- ၆၅ မှာအဖြစ်များပါတယ်
ယခင်အမူအကျင့်တွေနဲ့မတူတာတွေလုပ်လာခြင်း၊ 
နဂိုနဲ့မတူတော့ပဲ အေးစက်စက်ဖြစ်လာခြင်း စိတ်မပါလက်မါဖြစ်လာခြင်း
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမနေနိုင်တော့ခြင်း၊ ပွဲလမ်းသဘင်မသွားချင်ခြင်း၊ လူများသော ပွဲတွေမှာလူတွေနဲ့နုတ်ဆက်ပြောဆို ရမှာမလိုလားတော့ခြင်း
လူတောမတိုးလိုတော့ခြင်း၊ ဟန်ဆောင်မပြုံးနိုင်တော့ခြင်း
အစားအသောက်မထိန်းနိုင်ခြင်း အရမ်းစား အရမ်းသောက်ချင်ခြင်း
ဒီလိုနဲ့   အချိန်ကြာလာလျင်တော့ရောဂါပိုတိုးလာတတ်ပါတယ်
later stage ရောက်လာရင်တော့ 
မှတ်ဉာဏ်ပိုင်းဆိုင်ရာ 
စားပြီးပြီလား / မစားရသေးဘူးလား/ ဝမ်းသွားပြီးပြီလား/ ဆေးဘယ်နှလုံးသောက်ရမှာလဲ/ မျက်မှန်ဘယ်နားထားမိလဲ / ကအစ မေ့နေတတ်တာပါ)
လူရင်းများ မိသားစု ဆွေမျိးများကိုပင် မမှတ်မိတော့ခြင်း
နေထိုင်သော မြို့ရွာများကို မမှတ်မိတော့ခြင်း
လူလူချင်းဆက်သယ်ရာမှာ Communication problem
စကားသေချာမပြောတတ်တော့ခြင်း
စိတ်ထဲရှိတာမပြောတတ်တော့ခြင်း
မိမိမှာဘာ လိုနေတယ် ဘာလုပ်ပေးပါပြောဖို့ကို ပြောရမယ်မသိတော့ခြင်း
Mobility လှုပ်ရှားမှုဆိုင်ရာ
လမ်းလျောက်ဖို့ walking aid လိုလာခြင်း
wheelchair ဖြင့်သာနေနိုင်ခြင်း
အိပ်ရာမှ မထနိုင်တော့ခြင်း
အမူအကျင့် ပိုင်းဆိုင်ရာ လွဲချော်လာခြင်း 
ဒေါသကြီးလာခြင်း၊ မလိုအပ်ပဲ မထိန်းနိုင်မသိမ်းနိုင်ဒေါပွခြင်း
ဂျီကျခြင်း (အကျိုးကြောင်းဆီလျော်စွာရှင်းပြလည်းမရပဲ တခုခုကိုဇွတ်ပူစာနေခြင်း)
သောကများခြင်း (ဖြစ်မှန်းမဖြစ်မှန်း မသိတာတွေကို အရမ်းပူပန်နေခြင်း)
စိုးရိမ်မှုများခြင်း (အပျက်ဘက်ကိုပဲတွေးပူနေခြင်း) 
စိတ်ဓါတ်ကျခြင်းစသည်တို့ကို ခံစားလာရတတ်ပါသည်
Dementia ကို မိမိတို့မိဘဘိုးဘွားတွေ မှာတွေ့ရပြီဆိုရင်တော့ မိသားစု ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့လိုပါတယ်
မိဘဘိုးဘွားရဲ့ယခင်ကစိတ်ထား၊ ယခုပြောင်းလဲလာမှုများ၊ နဂိုရောဂါအခံများ၊ လတ်တလောရှိနိုင်မည့် stress များ စသည်တို့ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ကုသမှုလမ်းကြောင်းကိုရွေးခြယ်ရမှာပါ။ 
ဦးနှောက်အာရုံကောသမားတော် အထွေထွေသမားတော် ပုံမှန်ကြည့်ပေးသောမိသားစုဆရာဝန် ပုံမှန်ပြုစုနေသောမိသားစုဝင်များ ပြုစုပေးသော care giver မှာ အရေးကြီးသောအခန်းကဏ္ဍများဖြစ်ပြီး ဝိုင်းဝန်းညှိနိှုင်းကုသပြုစုဖို့လိုပါသည်။
ဆေး၊ အစာ၊ ကြင်နာဖေးမမှု တို့အဓိကလိုအပ်ပါသည်။
Dementia ကြောင့် လူပုံစံပြောင်းလဲလာတာပါ။ 
သူအရင်လိုမဟုတ်တော့တာ သူကဝေဒနာခံစားနေရတာပါ။ 
သူကပြသနာကိုကြုံတွေ့နေရတာပါ။ သူကပြဿနာရှာချင်လို့မဟုတ်ပါဘူး။ 
သူကတ မင်ဒုက္ခပေးနေတာမဟုတ်ပါဘူး။ 
သူ့တို့ ကို နားလည် စာနာ ဖေးမ ကြရအောင်ပါ။
(ဒေါက်တာဆု မိသားစုဆရာဝန် (Family Physician)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ