Blood sugar level rises every time you eat အစာတခုခုစားပြီးတိုင်းမှာ သွေးထဲကသကြားဓါတ် တက်ပါသည်


ကလေးတွေရော လူကြီးတွေပါ ဖြစ်ပါသည်။ ဆီးချိုရှိနေသူတယောက်ဆိုရင်တော့ စားလိုက်လို့ တက်လာတဲ့ သကြားဓါတ်ဂဏန်းဟာ အလိုလိုပြန်မကျပါ။ ဆေးလိုပါသည်။

လူအများစုဟာ တနေ့မှာ ထမင်း ခေါ် အဓိကအစာ ၂ ကြိမ်ကနေ ၃ ကြိမ်စားကြတယ်။

ပုံမှန်လူတွေဆိုရင် စားပြီး ၂ နာရီအထိ သွေးထဲမှာ သကြားဓါတ်ရှိနေမည်။ ဘာမှ မစားသေးလည်း သွေးထဲမှာ သကြားဓါတ် ပုံမှန်ရှိနေမည်။ သရက်ရွက်ကနေ ပုံမှန်ထုတ်ပေးနေတဲ့ အင်စူလင် ခေါ် ဟော်မုန်းကြောင့် ဖြစ်ပါသည်။ ဒါပေမဲ့ အစာကို များများစားသောက်မိရင် အင်စူလင်က ပုံမှန်လုပ်ပေးနိုင်မယ်မဟုတ်ပါ။ လူကလည်း ကိုယ်အလေးချိန်တိုးပြီး အဝလွန်လာပါမည်။

ဘယ်လိုအစားအသောက်တွေက သကြားဓါတ်ကို ပိုတိုးစေသလဲ သိရပါမည်။ High calorie foods ခေါ် ကယ်လိုရီများများရစေတဲ့အစားအသောက်တွေက တက်ကောင်း တက်စေမည်။ ၁၀၀% တော့ မမှန်ပါ။

ကာဘွန်ဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေကတော့ သေချာပေါက် သကြားဓါတ် တက်ပါမည်။ ဆန်နဲ့ချက်တဲ့ ထမင်းစတဲ့အစာအမျိုးမျိုး + ဂျုံနဲ့လုပ်တဲ့ ပေါင်မုံ့အမျိုးမျိုး + ချိုတဲ့အသီးများ + သကြား။

တခြားအစောအစောတွေဖြစ်တဲ့ ပရိုတင်းရစေတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နွားနို့နဲ့ နို့ထွက်အစားအသောက်များ၊ ဆီပါတဲ့အစားအစာများအုပ်စုကတော့ ကြားကျပါသည်။

ကာဘွန်ဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေကတော့ သေချာပေါက် သကြားဓါတ် တက်မယ်ဆိုပေမဲ့ လူတိုင်းဟာ မျှတအောင်သာ စားသောက်ကြရပါမည်။ လူသည် အစုံစားသက်ရှိဖြစ်သည်။ အဲလိုစားသောက်တာကို ကျန်းမာရေးနဲ့ညီညွတ်သည်ဟု ခေါ်သည်။

အစာအုပ်စု ၃ ခု

၁။ Carbohydrates (Sugars and dietary fiber) (သကြားနှင့် ဖိုက်ဘာပါအစာများ) ကာဘွန်ဟိုက်ဒရိတ်များ

Rice, bread, noodles, potatoes, beans, vegetables, mushrooms, seaweeds, fruits, sugar etc.

ကာဘွန်ဟိုက်ဒရိတ်ဆိုတိုင်းလည်း သကြားဓါတ်တက်တာ မတူပါ။ ဖြူဖွေးနေအောင်ချွတ်မထားတဲ့ပေါင်မုံ့က သကြားဓါတ် သက်သာတယ်။

၂။ Protein ပရိုတင်း

Meats, fish and shellfish, eggs, soybeans and soy products, milk and dairy products etc.

၃။ Fat ဆီ

Oil and fats

High GI foods တွေက အတက်မြန်တယ်။

GI of main food ဘာသာမပြန်အားသေးပါ။

Item GI Reference

Soya beans, dried, boiled 20 1

White rice 77 2

White rice with barley 67 2

Brown rice 55 2

Soba (buckwheat noodles) and udon (Japanese wheat noodles) 47 2

Spaghetti 46 2

White bread 74 2

Cake bread 62 2

Butter roll 59 2

Croissant 67 2

Pancake 67 2

Sweet potatoes, yams, and taros 51 2

Jam and marmalade 51 2

Rice crackers 91 2

Snacks made from wheat flour 63 2

Cookies and biscuits 59 2

Chocolates 43 2

Candies, caramels, and chewing gum 74 2

Doughnuts 76 2

Boiled beans 16 2

Raisins 64 2

Oranges 39 2

Bananas 51 2

Apples 37 2

Strawberries 40 2

Grapes 50 2

Pumpkins 75 2

Vegetable juice 38 2

Cocoa 51 2

Soft drinks 61 2

Full-fat milk 27 2

Low-fat milk 30 2

Yogurt (sweetened) 24 2

Yogurt (nonsweetened) 36 2

Ice cream 61 2

The relationship between blood sugar level and GI ကို ကိုးကားပါသည်။

ဆီးချိုအတွက် သတိထားစားစရာတွေ၊ သွေးတိုးအတွက် သတိထားစားစရာတွေ၊ ကိုလက်စထောများသူတွေ ရှောင်စရာ စားစရာတွေနဲ့ ဂေါက်အတွက် ရှောင်စရာတွေ မတူကြပါ။ 

ကင်ဆာအတွက် ရှောင်စရာလို့ သီးသန့် မရှိပါ။ တခြားအခံရောဂါအရသာ ရှောင်စရာ လိုနိုင်သည်။ မြန်မာပြည်မှာ ရေလိုက်လွဲနေကြသည်။ ကင်ဆာဆိုတာနဲ့ ဘာတွေ ရှောင်ရမလဲ၊ ဘာတွေစားမလဲနဲ့ ဖြည့်စွက်စာတွေကိုသာတွင်တွင် မေးနေ ဖြေနေကြသည်။ မမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ