Ketamine ဆေး



တို့ဆေးဆိုတာကို တယောက်ပြီး တယောက်က တင်နေကြတာကြာပြီ။ ဟုတ်ရဲ့လား။ ရုပ်ရှင်ထဲ၊ ဝတ္ထုထဲကလို လက်ကိုင်ပုဝါလေးနဲ့ နှာခေါင်းပိတ်တာနဲ့ မင်းသမီးလုပ်သူဟာ တခါတည်း ပျော့ခွေတာ မဖြစ်နိုင်ပါ။ လက်တွေ့ကို တင်ပြမယ်။

လူတယောက်ကို ချက်ချင်းမေ့သွားအောင် မေ့ဆေးအထူးကုဆရာဝန်တွေကနေ သွေးပြန်ကြောထဲ ဆေးထိုးပေးနည်းသာ လုပ်လို့တယ်။ တို့ဆေးသာဟုတ်မှန်ရင် မေ့ဆေးဆရာဝန်တွေ မှားပြီ။ မေ့ဆေးစက်တွေ မလိုတော့ မေ့ဆေးအမျိုးမျိုးရှိတယ်။ ကက်တမင်းဆေးအကြောင်းသာ ဒီစာမှာ ရေးပါမယ်။ ၂၀၁၄ ခုနှစ်က ရေးထားတာ။ 

(၁) ကက်တမင်းဆေးကို မေ့ဆေးမဟုတ်တဲ့ ကုသနည်းအသုံး

ကက်တမင်းဆေးကို စိတ်ဓါတ်ကျနေသူတွေကိုပေးပြီးကုသတဲ့အခါ တချို့လူနာတွေမှာ နာရီပိုင်းအတွင်း သက်သာလာတာတွေ့ရလို့ ၃၀-၁၀-၂၀၁၄ နေ့ကထွက်တဲ့ သတင်းခေါင်းစဉ်မှာပါတယ်။ စမ်းသပ်မှုကတော့ သေးပါတယ်။ လူနာ ၂၈ ယောက်သာရှိသေးတယ်။ လူ ၁ဝ ယောက်မှာ ၁ ယောက် တသက်မှာ အနည်းဆုံး ၁ ခါ၊ စိတ်ဓါတ်ကျတာ ခံစားနေကြပါတယ်။ 

Prozac လိုမျိုး Antidepressants စိတ်မကျဆေးသုံးတယ်။ Behavioural therapies အမူအယာကုသနည်းသုံးရပါတယ်။ စိတ်ဝေနာသည်တွေအတွက် စိတ်မကောင်းစရာကတော့ လူနာအတော်များများကုသနည်းမတိုးကြပါ။

Oxford Health NHS Foundation Trust ကနေ အဲလိုလူနာတွေကို Ketamine ဆေးကိုမိနစ် ၄၀ ကြာ၊ ၆ ခါအထိ သွင်းပေးတယ်။ တချို့က ၆ နာရီနေတာနဲ့ ဆေးစွမ်းပြတယ်။ ၈ ယောက်ကတိုးတက်မှုပြတယ်။ ၄ ယောက်က ပျောက်သွားတဲ့အထိ ကောင်းလာကြတယ်။

စိတ်ကျလူနာတွေကို အနှစ်၂၀ ကြာကုသပေးနေတဲ့ သုတေသနခေါင်းဆောင်ဆရာဝန်ကဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ သတိထားရမှာမို့ အိမ်မှာတင်ဆေးကုတာမျိုးကိုမလုပ်သင့်ဘူးလို့ပြောတယ်။ Prozac ဆေးကိုလဲလက်မလွတ်ဘို့ သတိပေးပါသေးတယ်။

(၂) ဆေးခန်းသုံးမေ့ဆေး (ကိုယ်တွေ့)

ကျွန်တော် နယူးဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်ခဲ့စဉ်က မွေးလူနာတွေကိုသာမက ခွဲစိတ်လူနာတွေကိုလည်း ဆေးကုပေးခဲ့ပါတယ်။ မေ့ဆေးဆရာဝန် မရှိပါ။ ထုံဆေးနဲ့ အခုရေးတဲ့ ကက်တမင်းထိုးဆေးကိုသာ သုံးပါတယ်။ ယောက်ျားလး ပန်းငုံတာတွေ ခွဲပေးရတာ  မနည်းပါ။ မေဂျာ ခေါ် အကြီးစားခွဲစိတ်ကုသမှုလည်း ကက်တမင်းသုံးပြီး ခွဲပေးခဲ့ပါတယ်။ ဆေးဝယ်ရတာ နည်းနည်းခက်တယ်။ အသိဆေးဆိုင်ကနေသာ ဝယ်လို့ရတယ်။

(၃) ကက်တမင်းဆေး ညစ်ညမ်းဆေး

ကက်တမင်း ဆေးဟာမေ့ဆေးဖြစ်တယ်။ ဒါပေမဲ့ ညစ်ညမ်းဆေးအနေနဲ့လဲသုံးကြသေးတယ်။ နောက်တပုဒ်မှာ ရေးပါမယ်။

Ketamine မူးယစ်ဆေးအဖြစ်သုံးခြင်း

ကက်တမင်း ဆေးဟာမေ့ဆေးဖြစ်တယ်။ ဒါပေမဲ့ မူးယစ်ဆေးအနေနဲ့လဲ သုံးကြသေးတယ်။ ညစ်ညမ်းဆေးအဖြစ်လည်း သုံးတယ်။ 

Ketamine white or off-white powder ကက်တမင်း အဖြူရောင်အမှုန့်ကို တရားမဝင်သုံးလာတယ်။ Special K, K, ket, kitkat, ketters, super k or horse trank လို့ အရပ်ခေါ်တွေရှိတယ်။ 

အရက်ဆိုင်တွေ၊ ပါတီတွေမှာ အရက်ထဲ၊ သောက်စရာထဲ မသိအောင်ထည့်ပြီး မတော်မတရားပြုလို့ရတယ်။

ပါးစပ်ကနေလည်းသောက်လို့ရတယ်။ နှာခေါင်းကနေလည်း ရှူလို့ရတယ်။ ထိုးလို့လည်းရတယ်။ ဆေးခြောက်လို သုံးလို့လည်းရတယ်။ 

ဆေးထိုးပြီး ၁ မိနစ်နဲ့ အစွမ်းစပြတယ်။ ရှူရင် ၅-၁၅ မိနစ်။ မျိုချရင် နာရီဝက်။ ဆေးစွမ်းပြတာ တနာရီလောက်ထိ ကြာမယ်။ ဆေးစွမ်းလုံးဝပျယ်အောင် ၂၄ နာရီစောင့်ရတယ်။

ကက်တမင်း သတ္တိ

ဆေးသုံးသူတွေရဲ့ အသက်၊ ကိုယ်ခံကျန်းမာရေး၊ ဆေးအလေးချိန်၊ ဆေးသုံးတဲ့ကာလ စတဲ့အချက်တွေအရ သက်ရောက်မှုတွေ မတူပါ။

ဆေး သွေးထဲရောက်ရင် ပျော်ရွှင်နေသလိုခံစားရမယ်။ တင်းအားတွေလျော့မယ်။ ကိုယ်နဲ့စိတ် မကပ်။ နာတာကို ပိုခံနိုင်မယ်။ နားထဲမှာ သူများမကြာတာတွေကြား၊ မျက်စိထဲမှာ သူများမမြင်တာတွေမြင်။ စိတ်ရှုတ်ထွေး။ ဟိုလိုလိုဒီလိုလိုနေ။ နှလုံးခန်မြန်။ သွေးဖိအားတက်။ အိပ်ချင်။ စကားပြောနှေး လေးလံ။ စိုးရိမ်စိတ်ကဲ။ အန်။ လက်တွေ့အခြေအနေတွေနဲ့ ကင်းလွတ်။

ဆေးများသွားရင် အသက်ရှူရခက်ခဲ၊ မျက်စိအမြင်ဝေဝါး၊ သွေးဖိအားတက်၊ နှလုံးခုန်မြန်၊ သတိလက်လွတ်ဖြစ်၊ တက်၊ ကယောက်ကတမ်းဖြစ်၊ စိတ်ရောဂါသည်လိုဖြစ်၊ သတိမေ့။

သေဆုံးတဲ့အထိဖြစ်တာ ရှားတယ်။ သတိမေ့တဲ့အထိ ဖြစ်ရာကနေ အသက်ရှူလမ်း၊ သွေးသွားလမ်းပိတ်ဆို့ပြီး သေနိုင်တယ်။

ဆေးသုံးတာရက်ကြာလာတော့ မှတ်ဉာဏ်နည်းလာ၊ မေ့လာ၊ ဆုံးဖြတ်ချက်တွေလွဲလာ၊ ဂဏမငြိမ်ဖြစ်၊ ဆောင်တည်းရာမရဖြစ်၊ ကိုက်ခဲနာကျင်မှုတွေခံစားရ၊ စိုးရိမ်စိတ်တွေကဲလွန်လာမယ်။

အစားပျက်၊ မောပန်း၊ ချမ်း၊ ချွေးပြန်၊ လက်တုံ၊ အိပ်မက်ဆိုးတွေမက်။

ရေရှည်ဖြစ်လာသည်များ

တကယ့်အခြေအနေနဲ့ ကင်းကွာ၊ ရုပ်ရှင်ထဲကလူလိုလိုထင်မြင်၊ အနံ့ခံစားမှုညံ့၊ ကိုယ့်ယ့်ပုံမှန် အနေအထား မဟုတ်တော့၊ မူမမှန်၊ စိတ်ဓါတ်ကျ၊ တွေးတောစဉ်းစားမှုကျအရည်အသွေးဆင်း၊ အသဲနဲ့ ကျောက်ကပ် အလုပ်တွေ ကျဆင်း ထိခိုက်၊

ဗိုက်နာ၊ ဆေးရချင်လာ၊ ဆေးမရ မနေနိုင်ဖြစ်လာ၊ လူမှုရေး၊ ငွေကြေးအခြေအထိတွေ ထိခိုက်ပျက်စီး။

ketamine bladder syndrome ခေါ် ဆီးအိမ်ရောဂါရ၊ ဆီးကို ဆီးအိမ်ထဲမှာထိန်းမထားနိုင်၊ ဆီးမလုံ။

ကက်တမင်းနဲ့ အရက်၊ အခြားအရာတွေ ရောသုံးခြင်းကြောင့် သုံးသမျှရဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားရမယ်။

သတိထားစရာ ညစ်ညမ်းဆေးတွေ အနည်းဆုံး ၃ ပုဒ်ရေးတင်ထားပါတယ်။

1. Dirty drugs ညစ်ညမ်းဆေးဝါးများ 

2. Dirty Medicines ညစ်ညမ်းဆေးတွေ 

3. Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ