Molluscum contagiosum ခေါ် ကလေးများ အရေပြားနာ

၁။ မင်္ဂလာပါ ဆရာ ကလေးက ၁နှစ်နဲ့ ၈လပါ ပုံပါအတိုင်း အဖုလေးတွေပေါက်လာတာ ၄လလောက်ရှိပါပြီ ၁လကေျာ်မှာပွားလာလို့ အရေပြားဆရာဝန်နဲ့ပြကြည့်တဲ့အခါ လိမ်းဆေးတမျိုးပေးပါတယ် ငါးမျက်စိသဘောလို့လဲပြောပါတယ် တစ်နေ့(တနေ့)နှစ်ကြိမ်လိမ်းပေးပေမဲ့ မထူးခြားပဲထပ်ပွားလာလို့ နောက်အရေပြားဆရာဝန်နဲ့ပြတဲ့အခါမှာ ပထမပေးတဲ့လိမ်းဆေးပဲဆက်လိမ်းခိုင်းပါတယ် ခုဆို ဆေးခန်းပြထားတာ ၂လရှိပါပြီ သက်သာမလာပဲ ပွားလာလို့ ဘယ်လိုကုသလို့ရနိုင်မလဲ ဖြေကြားပေးပါ ဆရာ
အလိုလိုလည်း ပျောက်နိုင်။ အရပ်ဆေးတွေ မလိမ်းသင့်။ တကယ်ရေသန့်ရှင်းရေး ပိုလုပ်သင့်။ အားနည်းတာတော့ မဟုတ်လောက်။
တမျိုးရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
၂။ သမီးလေးက အဲ့လိုမျိုး တကိုယ်လုံးပေါက်နေလို့ပါ ဆရာ မျက်နှာ နား ပါးစပ် တွေမှာရောပဲဆရာ ဘယ်လိုမျိုးပျောက်ကင်းအောင် လုပ်ရမလဲဆရာ လမ်းညွှန်ပေးပါ သမီးလေးက ၁နှစ် ၃လ ပါ
poxvirus (molluscum contagiosum virus) ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ အသက် ၂-၅ နှစ်တွေမှာ ဖြစ်လေ့ရှိတယ်။ အလိုလိုပျောက်ပါမယ်။ အနာကို ထိကိုင်မိတဲ့ တခြားကလေးတွေကို ကူးစက်နိုင်တယ်။ ကူးစက်ခံရပြီး ၂ ပတ်ကနေ ၆ လကြာမှ ရောဂါလက္ခဏာတွေ ပေါ်မယ်။ တကိုယ်လုံးမှာ အနာလေးတွေ ဖြစ်မယ်။ အရေပြားအထက်နည်းနည်းလေးဖေါင်းနေမယ်။ အလယ်မျာ အချိုင့်ကလေးပါမယ်။ အရွယ်အစား အမျိုးမျိုး။ တကိုယ်လုံးမှာ ပေါက်နိုင်တယ်။
၆ လ ကနေ ၁၂ လမှာ ပျောက်မယ်။ အမာရွတ်ထင်တာကတော့ ၄ နှစ်လောက်အထိ ကြာနိုင်တယ်။
ဆေးရယ်လို့ မလိုတတ်ပါ။ အလိုလိုပျောက်ပါမယ်။ 
တချို့ဆေးရုံတွေမှာ cryotherapy အေးခဲနည်းလုပ်ပေးမယ်။ 
laser therapy လည်းလုပ်တာရှိတယ်။ 
အဲလိုကုသနည်းတွေ မလုပ်ဘဲထားတာက ပိုကောင်းနိုင်တယ်။
Oral cimetidine ဆေးပေးနည်းလည်း လုပ်တယ်။
Ycanth (cantharidin) topical solution, 0.7% လိမ်းဆေး လိမ်းပေးနိုင်တယ်။ 
Podophyllotoxin cream (0.5%) လိမ်းဆေး လိမ်းပေးနိုင်တယ်။
iodine and salicylic acid, potassium hydroxide, tretinoin, and imiquimod (T cell modifier) လိမ်းဆေးတွေလည်း လိမ်းနိုင်တယ်။
တကိုယ်ရေသန့်ရှင်းရေးလုပ်ပေးရမယ်။ 
နာတာရောင်တာအတွက် ပါရာစီတမောကို ကလေးအသက်အရတိုက်နိုင်တယ်။ စားလိုတာ ကျွေးနိုင်တယ်။
အရပ်ဆေးတွေက အမာရွတ်ဆိုးစေနိုင်တယ်။ မသင့်ပါ။
တကိုယ်လုံးရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ