Paracetamol ဆေး
6/9/20, 12:29 PM
မင်္ဂလာပါဆရာ သမီးက အခု ဒုတိယကိုယ်ဝန် ၄ ပါတ်လောက်ရှိပါပြီ paracetamol သောက်လိုက်မိပါတယ် ရှိတာကိုမသိဘဲနဲ့လေ အန္တရာယ်ရှိပါသလားဆရာ ပထမကလေးတုန်းက အာရုံကြောအားနဲ့တဲ့ကလေးဖြစ်ဖူးလို့ပါ
Paracetamol ဆေးကို ရက်တို ဆေးညွှန်းအတိုင်းသောက်ရင် ဘေးထွက်ဆိုးကျိုး မရှိသလောက်ရှားတယ်။
ရေရှည်သုံးရင် ဖြစ်တတ်သည်များ
မောပန်း၊
အသက်ရှူရခင်ခဲ၊
လက်သည်းအရောင်ပြာ၊
သွေးအားနည်း၊
အသဲနှင့်ကျောက်ကပ် ထိခိုက်၊
သွေးတိုးရှိနေသူတွေ နှလုံးရောဂါနှ့် လေဖြတ်ခြင်း။
ကိုယ်ဝန်နဲ့ ကလေးကို ထိခိုက်ခြင်း မပါ။
Paracetamol Syrup (ပါရာစီတမော) အရည် https://dr-tint-swe.blogspot.com/2021/05/paracetamol-syrup.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment