Beat the heat သိပ်ပူနေချိန်မှာ

ရေးပြီးသားစာ ၂-၃ ပုဒ်ကို နွေရာသီတိုင်းမှာ တင်ပြပါတယ်။ ဗြိတိသျှမီဒီယာ ဂါးဒီဒယန်ကို ကိုးကားပြီး အသစ်တခု ရေးပါဦးမယ်။

မြန်မာလိုရေးတဲ့ ဖေ့စ်ဘုတ်မှာ နေပူထဲကပြန်လာရင် ချက်ချက်းရေချိုးဘို့မသင်တာကိုသာ ဦးစားပေး ရေးနေကြတယ်။ ရေးချိုး၊ ခေါင်းလျှော်နဲ့ ရေသောက်ကို အင်မတန်ရန်ရှာသူများတယ်။

ခိုင်မာတဲ့အချက်အလက်တွေကို တင်ပြပါမယ်။

နေပူထဲကနေ အရိပ်ထဲရောက်လာရင် ရေမချိုးခင်ဖြစ်ဖြစ် တခြားလုပ်စရာကိုင်စရာကိုဘဲဖြစ်ဖြစ် မလုပ်ခင်မှာ ကိုယ်အပူချိန်မြင့်နေတာကို လျှော့ချဘို့ အချိန်ယူရပါမယ်။ ၁၅-၂၀ မိနစ်စောင့်ပါ။ 

နေပူတဲ့ရာသီမှာ အဝတ်အစားကိုလည်း ချောင်ချိတာသာ ဝတ်ဆင်ပါ။ လက်ရှည်ဝတ်ပါ။ 

နေရောင်နဲ့ အသားအရေ တိုက်ရိုက်မထိလေ ကောင်းလေ။

ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေက ပိုပြီးသတိထားကြရမယ်။

လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာအပေါ်ပိုင်းနေရာတွေရဲ့ သွေးကြောတည်ရှိမှုအရ ရေအေးဝန သို့မဟုတ် ရေခဲ ကပ်ပေးပါ။ အရေပြားကို ရေနဲ့စိုစွတ်နေတာ ကောင်းတယ်။

ရေအေးလွန်းတာနဲ့ မချိုးသင့်။ ခပ်နွေးနွေးသင့်တယ်။

အိမ်မှာ လိုက်ကာတွေတပ်ဆင်ထားပါ။ နေ့ခင်းပိုင်းမှာ ပြူတင်းပေါက် ပိတ်တာလည်း တချို့အိမ်တွေအတွက် သင့်တယ်။ အထူးသဖြင့် နေရာင်လာတဲ့ဘက်ကို ပိတ်ထားပါ။

အိပ်ပြင်ထွက်ရင် သစ်ပင်တွေပေါများတဲ့ စိမ်းစိမ်းစိုစိုနဲ့ အရိပ်အာဝါသကောင်းတဲ့ ပန်ဝန်းကျင်ကို ရွေးချယ်ပါ။

နေလောင်မှာကို ရှောင်ပါ။

အပြင်ထွက်တိုင်း ဆောင်းစရာတခုခုလိုတယ်။ နေကာမျက်မှန် လိုတယ်။

ရေဓါတ် ဆားဓါတ် မနည်းပါစေနဲ့။ ရေသောက်ပါ။ လိုအပ်သူတွေက ဓါတ်ဆားရေသောက်ပါ။

အရက်နဲ့ ကော်ဖီလို ကေဖင်းဓါတ်ပါ သောက်စရာတွေ ရှောင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ