Heat Intolerance Symptoms အပူမခံနိုင်ခြင်း

အသက် = ၃၉ ကျား ကျနော်ဟာ ပုံမှန်ထက် အပူကိုပိုကြောက်နေပါတယ်ဆရာရေချိုးပြီးတာတောင် ခေါင်း နဖူး ကိုယ်လက်အင်္ဂါတွေကနေ ချွေးတွေ အများကြီးထွက်နေပါတယ် အခုလိုနွေရာသီမှာ ရေ လေးငါးခါချိုးတာတောင်မှ ချိုးတုန်းပဲနေသာထိုသ်သာရှိတာပါဆရာ ချိုးပြီးပြီးချင်း အသားအရေတွေက ပူတယ်လို့ခံစားနေရပါတယ်ခင်ဗျာ ကိုယ့်အသားအရေကို ပြန်နမ်းကြည့်တဲ့အခါ လူနံ့ဟာလည်း သာမန်ထက်ပိုပြင်းနေပါတယ်။ ရေချိုးပြီးစတောင်မှ လူနံ့ကချက်ချင်းထွက်နေပါတယ်။ အနံ့ဆိုးမဟုတ်ပေမဲ့ ရေချိုးပြီးချင်းထွက်နေတာ မဖြစ်သင့်ဘူးလို့ယူဆမိလို့ပါဆရာ ချွေးထွက်လည်းအရမ်းများပြီး အခြားသူတွေထက် အပူကို ပိုကြောက်ပါတယ်ဆရာ ရေပဲဖြစ်ဖြစ် ပုံမှန်သုံးရေပဲဖြစ်ဖြစ် ရေချိုးတဲ့အခါ ဘယ်လောက်ချိုးချိုး လုံးဝအအေးမမိတာပါဆရာ

လူတိုင်း ပုံမှန်ဆိုရင် အပူကို အလိုလိုထိန်းပေးပါတယ်။ ကိုယ်တွင်းအပူချိန်ကိုလည်း ၃၇ (စီ)၊ ၉၈့၆ (အက်ဖ်) ဖြစ်နေမယ်။

Heat Intolerance Symptoms အပူမခံနိုင်တာဖြစ်သူတွေမှာ

• ခေါင်းကိုက်၊

• နှလုံးခုန်၊ ပျို့အန်၊

• အားနည်း၊ အားကုန်၊

• ချွေးထွက်များ၊

• ကြွက်တက်၊

• စိတ်မူပြောင်း စတာတွေ ဖြစ်နိုင်တယ်။

ဘာ့ကြောင့်ဖြစ်သလဲ

• anxiety disorder ခေါ်စိုးရိမ်စိတ်ကဲခြင်း၊

• hyperthyroidism လည်ပင်းကြီးဟော်မုန်းများခြင်း

• Graves' disease ရောဂါ၊

• Multiple sclerosis ရောဂါ၊

• Obesity အဝလွန်ခြင်း၊

• Heart disease နှလုံးရောဂါ၊

• Mental illnesses စိတ်ရောဂါ၊

• Diabetes ဆီးချို၊

• High blood pressure သွေးတိုးရှိ မရှိစစပါ။

• Medications ဆေးများကြောင့်ဖြစ်ခြင်း

1. Amphetamines ဆေး

2. Caffeine ကော်ဖီထဲပါတဲ့ ကေဖင်း၊

3. Antibiotics ပဋိဇီဝ ခေါ် ဘက်တီးရီးယားဆေးတချို့၊

4. Diabetes drugs ဆီးချိုဆေး၊

5. Antidepressants စိတ်မကျဆေး၊

6. Blood pressure drugs သွေးတိုးကျဆေး၊

7. Antipsychotics ဆေး၊

8. Allergy medications (antihistamines or decongestants) ဆေး၊

9. Pain relievers အနာအကိုက်သက်သာဆေးများ

10. Overactive bladder medications ဆီးအိမ်အတွက်ဆေးတချို့၊

ကုသနည်းကတော့ ဖြစ်စေတဲ့အကြောင်းခံအရ ဖြစ်ပါတယ်။

မေးခွန်းမေးသူမှာ ဆေးမစစ်သေးဘဲတော့ စာရင်းပါရောဂါတခုခုဖြစ်နေတယ်လို့ မထင်သင့်ပါ။

Hyperhidrosis ချွေးထွက် များလွန်းလို့ https://dr-tint-swe.blogspot.com/2022/05/hyperhidrosis.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ