How Marijuana Affects Your System ဆေးခြောက်အစွမ်း

 (ပဌမဆုံးတင်စဉ်က ဆေးခြောက်သမားတွေ တရာလောက်က ဝိုင်းဆဲတာခံရတဲ့စာဖြစ်ပါတယ်။)

မင်္ဂလာပါဆရာ ဆေးခြောက် နှစ်ခါ သုံးခါ ရှိက်ဖွာမိပြီးလျှင် ဘယ်လောက် ထိဆေးစစ်လျှင်ပေါ်နိုင်သလဲ သိချင်လိုပါခင်ဗျာ ကျေးဇူးပါ အမြဲမသုံးပါခင်ဗျာ နှစ်ဖွာ သုံးဖွာ လောက်ပါဘဲဆရာ ဆေးစစ်ဆရာရှိလို့ပါခင်ဗျာ

ဆေးစစ်စရာရှိလို့ပါလို့ ရေးသင့်။

ဆေးခြောက်ရှူတဲ့အစွမ်းဟာ အမြန်ပျောက်ကွယ်တယ်။ ကိုယ်ခန္ဓာထဲမှာတော့ အတော်ကြာကြာကျန်နေသေးတယ်။ ရက်သတ္တပတ်တွေအထိကြာနိုင်တယ်။ ဘယ်လောက်များများဝင်ခဲ့သလဲအပေါ် မူတည်တယ်။ 

ဆေးခြောက်ထဲမှာ Tetrahydrocannabinol ဓါတ်ပါတယ်။ ဓါတုဗေဒလို delta-9-THC သို့မဟုတ် THC လို့ခေါ်တယ်။ သွေးထဲရောက်ပြီးနောက် နာရီအနည်းငယ်အတွင်း မော်လီကျူးလေးတွေဖြစ်သွားတယ်။ အမျိုးအစားပေါင်း ၈၀ ရှိတယ်။ Metabolites လို့ခေါ်တယ်။ အဲတာတွေကို အဆီထဲမှာသိမ်းထားတယ်။ ဝမ်းနဲ့ ဆီးကနေတဆင့် စွန့်ထုတ်တယ်။

စားသုံးတာက ရှူတာထက် ပိုကြာမှသာ သွေးစံနစ်ထဲရောက်လာတယ်။ မိနစ် ၂၀ ကနေ တနာရီခွဲ။

ဆေးခြောက်ကနေဖြစ်စေတဲ့ မှတ်ဉာဏ်၊ သင်ယူခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်းရွက်ဆောင်မှုတွေဟာ တနာရီကနေ ၂ နာရီအထိကြာတယ်။ တချို့ ၂၄ နာရီအထိကြာတယ်။ ကားမောင်နိုင်စွမ်းကို ၃ နာရီကြာသက်ရောက်တယ်။ 

သွေးထဲနေတာ မကြာလို့ ဆေးခြောက်သုံးစွဲထား မထားကို အရက်သောက်ထား မထား စစ်ဆေးသလို သွေးစစ်လို့မရနိုင်။ ဆီးစစ်ရင် မကြာမီက ဆေးခြောက်သုံးထားတာကို သိနိုင်တယ်။ရေရှည်သုံးလို့ intoxication or impairment အဆိပ်သင့်ခြင်းကိုတော့ ဒီနည်း မသုံးပါ။ 

THC metabolites တွေရဲ့ half-life သက်တမ်းဝက်က နာရီ ၂၀ ကြာတယ်။ အဆီထဲနေနိုင်တဲ့ half-life သက်တမ်းဝက်က ၁၀ ရက်ကနေ ၁၃ ရက်ကြာတယ်။ ကိုယ်ခန္ဓထဲကနေ အကုန်ထွက်စေဖို့ရာ သက်တမ်းဝက်ပေါင်း ၅ ခုကနေ ၆ ခုထိကြာတယ်။ တကြိမ်တခါလောက်သာသုံးထားသူကို ၅ ရက်ကနေ ၈ ရက်နေရင် စစ်ဆေးလို့ မသိနိုင်။ ဒိထက်မကသုံးထားသူတွေကို ဆီးစစ်ရင် ၁၃ ရက်ကြာအထိ သိနိုင်တယ်။

Regular smokers ပုံမှန်သုံးနေသူတွေကို နောက်ဆုံးသုံးထားပြီးနောက် ၄၅ ရက်ကြာအထိ ဆီးစစ်ရင် တွေ့တယ်။ heavy smokers ဆေးစွဲနေသူတွေကိုစစ်ရင် ရက်ပေါင်း ၉၀ ကြာအထိ သိမယ်။ 

စစ်ဆေးနည်းတွေပိုကောင်းလာပြီဖြစ်တယ်။ immunoassay test ကို EMIT or RIA လို့ခေါ်တယ်။ ပိုတိကျတဲ့ GCMS နည်းလည်းရှိတယ်။

ဆေးခြောက်အကြောင်းရေးတာက ခပ်လန့်လန့်ပဲ။ တလောက အမျိုးသမီးတယောက် သူ့ခင်ပွန်းက ဆေးခြောက်သမား။ စကားများပြီး အိမ်ပေါ်ကဆင်းလာတော့ ဆေးခြာက်ကိုမေးလို့ ရေးတင်တယ်။ ပို့စ်ကို ဆေးခြောက်သမား ရာဂဏန်းများစွာကနေ ဆဲတာခံရတယ်။ ဆေးခြောက်သုံးစွဲရေး လော်ဘီလုပ်နေတဲ့ တခြားတိုင်းပြည်တခုမှာနေတဲ့ ဆရာဝန် အမျိုးသမီးတဦးလည်းပါတယ်။ သူတို့ဟာတွေကို လိုက်ဖတ်ချိန်မရတာနဲ့ ပို့စ်ကို ဖြုတ်ထားလိုက်ရတယ်။ သည်းခံနိုင်စွမ်း အားသစ်မွေးပြီး ပြန်တင်ဦးမယ်။ မြန်မာနိုင်ငံရဲ့အခြေအနေမှန်ကို ပိုသိလာရတယ်။ အတော်ကြီး စိတ်မကောင်းပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ

၁၇-၄-၂၀၁၉

Comments