Hydrocephalus ဦးနှောက်ထဲ အရည်များခြင်း

ကျွန်တော်က ၂၀၂၀ ဖေဖော်ဝါရီလ ထဲမှာ ဦးနှောက်ခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းတော့ ကိုဗစ်ဖြစ်တာနှင့် နိုင်ငံရေး အခင်းအကျင်းကြောင့် ပြန်လည်ပြီး မပြဖြစ်တော့ပါ။ အဲဒါ အခု ​အဲဒါကြောင့်ထင်ပါတယ်။ ဦးနောက်ရဲ့ လုပ်ဆောင်မှုက သိပ်ပြီး မဟုတ်ချင်တော့ပါ။ မှတ်ဉာဏ်က ယိုယွင်းလာတယ်၊ လုပ်ဆောင်ရမည့်အရာတွေ မေ့လာတယ်။ စာသင်ခန်းထဲ စာသင်ရင် တခါတလေ ဘာပြောရမှန်းကို မသိ ဖြစ်သွားတတ်တယ်။ ကျွန်တော် ဘာလုပ်သင့်ပါ သလဲ ခင်ဗျာ။

ကုသခဲ့ရတဲ့ရောဂါအမည် ဆေးစာနဲ့ စာလုံးပေါင်း သိပါသလား။

ကုသရတဲ့ အကြောင်းက မွေးရာပါ ဦးနောက်ရေခန်းကျယ်တာပါ ခင်ဗျ အဲဒီရောဂါရဲ့ အကျိုးဆက်ကြောင့် ကျွန်တော့် ခန္ဓာက ဖွံ့ဖြိုးမှု နှေးတယ် ဦးနောက်က သာမန်လူလို အလုပ်သိပ်မလုပ်၊ လမ်းလျှောက်တဲ့ အရွယ်နောက်ကျပါတယ်။ အသက် ၃၀အရွယ် ၂၀၂၀ မှာ လေဖြတ်မလို ဖြစ်လာလို့ ခွဲစိတ်လိုက်ရပါတယ် အခု ခေါင်းထဲမှာ ပိုက်ထည့်ပြီး ဝမ်းဗိုက်နှင့် ဆက်ထားပါတယ် အခု မြန်မာနိုင်ငံရဲ့ ရာသီက အတော့်ကို ပူလို့ ခေါင်းက မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲပါတယ် မှတ်ဉာဏ်ကလည်း သိသိသာသာ နည်းလာတာ သတိထားမိတယ် ကျောင်းသားဘဝတုန်းကလည်း ခက်ခက်ခဲခဲ သင်ယူခဲ့ရပါတယ် သူများတွေ တမ်းရတဲ့ စာတပုဒ်ကို ကျွန်တော်က တပတ်လောက် ကျက်မှတ်ရပါတယ်

၂။ မင်္ဂလာပါဆရာ။ အသက်၂၀ မိန်းကလေးပါဆရာ။ အိမ်ထောင်ရှိပါတယ်ဆရာ။ ပထမဆုံးကိုယ်ဝန်ပါဆရာ။ အရင်ရက်ပိုင်းလောက်ကအာလ်ထွာဆောင်းရိုက်တော့ကလေး ခေါင်းထဲမှာရေအိတ်တွေ့တယ်လို့ပြောပါတယ်ဆရာ။ ကလေးတွက်စိုးရိမ်းရလားဆရာ။ ပြီးတော့ဘယ်လိုလုပ်ရင်အဆင်ပြေမလည်းဆရာ။ အရှင်းပျောက်နိုင်မလားဆရာ။ ဘယ်လိုတွေရှောင်သင့်လည်းဆရာ။ လမ်းညွှန်ပေးပါရှင်။

အရင်လတုန်းကလည်း ကိုယ်ဝန်ဆောင်ထားသူတယောက်ကမေးတယ်။ စစ်ဆေးတော့ အထဲကကလေးမှာ အဲလိုတွေ့လို့တဲ့။ ဆောရီး။

ဦးနှောက်ထဲ အရည်များခြင်းဟာ မွေးရာပါချို့ယွင်းချက်တခုဖြစ်တယ်။ အရည်ဆိုတာ ရေမဟုတ် ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ပုံမှန်ရှိနေတဲ့ အရည် Cerebrospinal fluid (CSF) လို့ခေါ်တယ်။ သူနေတဲ့နေရာ-အခန်းကျယ်နေလို့ အရည်များနေတာ။ အဲတာတွေများတော့ ဘေးကဦးနှောက်ကိုဖိအားသက်ရောက်တယ်။ ဦးနှောက်ထဲက Ventricular system စနစ်မှာ အခန်း လေးခန်းရှိတယ်။

CSF အရည်ကနေ ဦးနှောက်တစ်ရှူးတွေကို ကွတ်ရှင်လို၊ ရှော့အဘ်ဇောဘာလို တာဝန်ထမ်းပေးနေတယ်။ အာဟာရဓါတ်တွေပို့ပေးနေတယ်။ အညစ်အကြေးစွန်းပေးတယ်။ ဦးခေါင်ခွံထဲက သွေးထုထည်ကို မျှနေစေတယ်။ ထုတ်ပေးနေတာနဲ့ စုပ်ယူတာ အရေးကြီးတယ်။

မွေးရာပါမဟုတ်တာလည်းရှိတယ်။ ဥပမာ ထိခိုက်မိတာ၊ ရောဂါ။ မွေးရာပါဖြစ်တဲ့ကလေးမှာ တခြားချို့ယွင်းချက်နဲ့ တွဲနေတတ်တယ်။

Hydrocephalus မှာ လမ်းပိတ်မနေတဲ့ အဆက်ရှိတာနဲ့ ပိတ်တေဲ့ အဆက်မရှိတာ နှစ်မျိုးရှိတယ်။ သုတေသန်တွေအရ ကလေး တထောင်မှာ ၂ ယောက်ဖြစ်တာတွေ့ရတယ်။

ဘာကြောင့်ဖြစ်သလဲ ဆရာဝန်တွေ သေချာ မသိသေးပါ။ မျိုးဗီဇချု့ယွင်းတာတော့ မှန်တယ်။

အဲလိုကလေးတွေ အသက်အရ ခံစားရတာ မတူတာတွေဖြစ်နိုင်တယ်။ တချို့မှာ ခံနိုင်လို့သက်သာတယ်။ ငယ်ငယ်လေးတွေမှာ ဦးခေါင်းအရွယ်အစား ကြီးနေမယ်။ အန်မယ်။ တက်မယ်။ အထိန်းရခက်မယ်။ မျက်လုံးက အောက်ဖက်စိုက်နေမယ်။ နည်းနည်းကြီးလာရင် ဦးခေါင်းခွံကပိုကြီးမလာတော့လို့ ခေါင်းကိုက်မယ်။ ကိုယ်ကိုထိန်းတာ အားနည်းမယ်။ ပျို့အန်မယ်။ မျက်စိဝေဝါးမယ်။ ဆီးထိန်းရခက်မယ်။ အားမရှိဖြစ်နေမယ်။ အိပ်ချင်နေမယ်။ မှတ်ဉာဏ်အားနည်းမယ်။ စဉ်းစားတွေးတောတာ အားနည်းမယ်။ ဖွံဖြိုးမှုနှေးမယ်။ လမ်းလျှောက်တာ မူမမှန်ဖြစ်မယ်။

Treatment ကုသနည်းများ

ခွဲစိတ်ကုသနည်း ၂ ခုထဲကတခုခုကိုလုပ်ပေးမယ်။

၁။ Shunt ထည့်ပေးနည်း

အဲတာကနေ လမ်းလွှဲပေးမယ်။ ၁ဝဝ% တော့ ကောင်းချင်မှကောင်းတယ်။ 

၂။ Endoscopic third ventriculostomy ခွဲစိတ်နည်း

ပဌမမေးခွန်းအတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန် လိုတာဆက်လက်ညွှန်ကြားပါမယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ