Social Media ဆိုရှယ်မီဒီယာများ

ဖေ့စ်ဘွတ်က ဒုက္ခပေးနေလို့ ဘယ်ဟာကို ပြောင်းသုံးရမလဲ လေ့လာနေပါတယ်။

တခြားသူတွေက ရေးလာတာတွေကို စုစည်းထားတာဖြစ်ပါတယ်။

(၁) TikTok တစ်တော့

Tiktok မှာ လူငယ်တွေ ရှိတယ် မြန်မာပြည်ရဲ့ လူငယ် ၁၀၀% မှာ ၉၉.၉ က Tiktok သုံးနေတယ်  FB မှာက ၂၅-၃၀ကျော် တန်းတွေပဲ ရေရေရာရာ သုံးတော့တာ။

ဟုတ်။ ကျွန်တော် သိချင်တာက အဲဒီဟာကိုသုံးတဲ့လူငယ် လူကြီးတွေက အပျော်အပါးကိုသာ စိတ်ဝင်စားကြသလား၊ သုတကိုကော သိလိုကြသလား။ သုတစာတွေ တင်လို့ရသလား။ 

တွေ့သလောက်တော့ ဗီဒီယိုတွေချည်းဖြစ်နေတယ။ ကျွန်တော်က ဗီဒီယိုမသုံးပါ။

စာတွေ ရှိပါတယ်။ ဗီဒီယိုလို အောက်မှာ ရေးပြီး တင်ကြတာပါ။ ကျန်းမာရေး ဗဟုသုတ တင်သူတွေလည်း ရှိပါတယ်။

ဟုတ်။ အိမ်မှာတော့ ကလေးတွေသာ 'ဂိမ်း' ကစားနေကြတယ်။ စမ်းကြည့်ပါဦးမယ်။ ကျေးဇူး။

As of April 2023, at least 34 out of 50 states have announced or enacted bans on state government agencies, employees, and contractors using TikTok on government-issued devices. State bans only affect government employees and do not prohibit civilians from having or using the app on their personal devices.

(၂) TikTok တစ်တော့ Instagram အင်စတီဂရမ်

၁။ Tiktok မှာ လူငယ်တွေ ရှိတယ် မြန်မာပြည်ရဲ့ လူငယ် ၁၀၀% မှာ ၉၉.၉ က Tiktok သုံးနေတယ်  FB မှာက ၂၅-၃၀ကျော် တန်းတွေပဲ ရေရေရာရာ သုံးတော့တာ။

ဟုတ်။ ကျွန်တော် သိချင်တာက အဲဒီဟာကိုသုံးတဲ့လူငယ် လူကြီးတွေက အပျော်အပါးကိုသာ စိတ်ဝင်စားကြသလား၊ သုတကိုကော သိလိုကြသလား။ သုတစာတွေ တင်လို့ရသလား။ 

၂၀၂၃ ခုနှစ် ဧပြီလအထိ ယူအက်စ်အေမှာ ပြည်နယ်ပေါင်း ၅၀ ထဲက ၃၄ ပြည်နယ်မှာ TikTok တစ်တော့ သုံးခွင့် ပိတ်ပင်ထားပါတယ်။ လုံခြုံရေးအတွက်ဖြစ်တယ်။ လူတိုင်းကို ပိတ်တာတော့ မဟုတ်ပါ။ အစိုးရ အေဂျင်စီတွေ၊ အစိုးရဝန်ထမ်းတွေ၊ အစိုးရကွန်ထရိုက်ယူလုပ်သူတွေကို သုံးခွင့် မပေးပါ။ တခြားအရပ်သားတွေတော့ သုံးခွင့်ရှိတယ်။

၂။ Instagram ပဲကောင်းပါတယ်ဆရာ

နောက်ဆုံး သုတသနလေ့လာမှုတွေအရ Instagram အင်စတီဂရမ် သုံးနေသူ ၇ဝ့၄% တို့ဟာ ဓါတ်ပုံ၊ ဗီဒီယိုတွေအတွက် သုံးကြတယ်။ ကျွန်တော်က ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ဝါသနာမပါ။ တင်ပြနေတာတွေအတွက် အလွန်ဆုံးသုံးမှ တပုဒ်မှာ ရုပ်သေတပုံသာ သုံးတယ်။

ကောက်ချက်

ကျွန်တော် တင်ပြနေတဲ့ ကျန်းမာရေးစာတွေ၊ အမေးအဖြေတွေ၊ နိုင်ငံရေးအကြောင်းအရာတွေနဲ့ မြန်မာစာအပါအဝင် သုတစာတွေအတွက် TikTok တစ်တော့ရော Instagram အင်စတီဂရမ် မှာပါ တာမစားလောက်ပါ။ သုံးလို့တော့ ရပါမယ်။ စိတ်ပါဝင်စားသူဦးရေ နည်းမယ်ထင်ရတယ်။ 

ဖေ့စ်ဘွတ်ကို ရာသက်ပန်သုံးမရတော့ရင်တော့ လက်ရှိသုံးနေတဲ့ တယ်လီဂရမ်ကို ဆက်သုံးပါမယ်။

ဘလော့ဂ် ခေါ် ဝက်ဆိုက်လည်း ဆက်သုံးနေပါတယ်။

(၃) Wayan Tin Maung Win

Social media ထဲမှာ Linkedin သာ ပရော်ဖက်ရှင်နယ်ဆန်ဆန်၊ သန့်သန့်လေးရှိနေပြီး၊ Facebook ကတော့ Social နဲ့ရပ်ကွက်ဆန်တယ်ပေါ့။ ဒါလေး မဆိုးသေးဘူး။ TikTok, Instagram, Thread တို့ကတော့ ရွံဖို့ကောင်းလောက်အောင်ကို ကလေး၊ လူငယ်ကြိုက်၊ အ‌ေဖာ်၊ အချွတ်၊ အညှီအဟောက်တွေချည်းပဲ။ သူတို့ရဲ့ system design ကကို Linkedin, Facebook လို User Friendly မဖြစ်ဘူး။ YouTube ဆိုလည်း YouTube အလိုက် user-friendly ဖြစ်ပြီး၊ သုံးရကောင်းတယ်။

(၄) Tun Lin Aung

Tiktok ရဲ့ AI စနစ် YouTube ရဲ့ AI စနစ် FB ရဲ့ AI စနစ် တွေက ကိုယ်ကြာကြာကြည့်တာကိုပဲ ပြပေးတာပါ အညီအဟောက် ကို ကြာကြာကြည့်ရင် အညီအဟောက်တွေပဲ ပြပေးမှာပါ။

(၅) Wayan Tin Maung Win

No ပါ၊ တိုက်ရိုက်မဆိုင်ပါဘူး။ YouTube မှာ မြန်မာဆိုင်ရာ နိုင်ငံရေးသတင်းပဲကြည့်တာ၊ ဘယ်လိုလုပ် အနောက်တိုင်း လံကြုတ် အမေရိကန် ရုရှ၊ တရုတ်တိုက်နေသလိုလို Clip တွေတက်နေမှာလဲ။ ဒီနေ့ တခြားစာရေးဆရာတယောက်လည်း အဲလိုပဲပြောတာ၊ လုပ်ဖော်ကိုင်ဖက် TikTok တွေမှာလည်း အဆင်အတန်းမရှ်တာတွေပဲတက်နေတာ။

Dr Tint Swe မှာလည်း ဒါပဲတက်တာ၊ သူရေးထားတာဖတ်ကြည့်လိုက်ပါ။

ကျေးဇူး။

ဖေ့စ်ဘွတ်က ဒုက္ခပေးနေတယ်။ နှစ်ပေါင်းများစွာ သုံးနေတဲ့ အကောင့်နဲ့ ပေ့ချ်ကို ရက် ၁၈၀ ပိတ်တယ်။ အဟောင်းတခုယူသုံးတော့ ၂၉ ရက်ပိတ်တယ်။ ကနေ့ပြန်ရမယ်ထင်တယ်။ 

၄ နှစ်မသုံးဘဲထားတာကို အခုသုံးပါတယ်။ ၂၄ နာရီစီပိတ်ပိတ်နေတာ ၁၅ ခါရှိပြီ။

တားမြစ်ချက်တွေကလည်း တခါနဲ့တခါ မတူပါ။

ပို့စ်အသစ်တင်မရ + ကွန်မင့် ရေးမရ +  လိုက်ခ် လုပ်မရ + မက်စင်ဂျာ သုံးမရ။

ပို့စ်အသစ်တင်မရ + ကွန်မင့် ရေးလို့ရ +  လိုက်ခ် လုပ်မရ + မက်စင်ဂျာ သုံးလို့ရ။

ပို့စ်အသစ်တင်မရ + ကွန်မင့် ရေးမရ +  လိုက်ခ် လုပ်လို့ရ + မက်စင်ဂျာ သုံးလို့ရ။

ဖေ့စ်ဘွတ်က ဒုက္ခပေးနေလို့ ဘယ်ဟာကို ပြောင်းသုံးရမလဲ လေ့လာနေပါတယ်။ 

Telegram တယ်လီဂရမ်ကတော့ ဖတ်သူနည်းပေမဲ့ ဒုက္ခမပေးပါ။ 

Blog ဘလော့ဂ် တွေလည်း အဆင်ပြနေတာ အတော်ကို ကြာပြီ။ သူလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒုက္ခပေးခဲ့တယ်။ ယူအက်စ်အေကိုရောက်တော့ ဘလော့ဂ်တွေကို အသစ်ပြန်ရေးရပါတယ်။

Twitter တွစ်တာ၊ Viber ဗိုင်ဘာ၊ Signal ဆစ်ကနယ်လ်တွေလည်း ရှိပေမဲ့ စာသာရေးလို့ရတယ်။

Facebook ဖေ့စ်ဘွတ်က ဒီလောက်ပြဿနာလုပ်နေရင် တရုပ် Sina Weibo သုံးရမလား စဉ်းစားပြန်တော့ ယူအက်စ်အေမှာ သုံးခွင့်မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ