Aloe Vera ရှားစောင်းလက်ပပ်


(တဇောင်း နဲ့ ရှားစောင်း မတူပါ)

မဂ်လာပါ ဆရာရှင့်။ ရှားစောင်းလက်ပပ်စားရင် ကျန်းမာရေးအတွက် ကောင်းတယ်ပြောလို့ ကျမ စားချင်ပါတယ်ရှင့်။ တနေ့ကို  ပမာဏဘယ်လောက် စားသင့်လဲရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။

အသက် မသိ။ အမျိုးတိုင်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ မသိ။ ဘာရောဂါဖြစ်နေစသလဲ မသိ။

ကျွန်တော်တို့လိုဆရာဝန်တွေက ဘယဆေးကို မသုံးပါ။ ဟိုမီယိုပသီနည်း မသုံးပါ။ တရုပ်အပ်စိုက်နည်း မသုံးပါ။ ကုလားနည်း အာရတ်နည်း ဗမာနည်းတွေကိုလည်း မသုံးပါ။ ရှားစောင်းလက်ပပ်ကနေထုတ်လုပ်တဲ့ ဆေးဘက်ဝင်အသုံးတွေအကြောင်း မကြာခဏတင်ပြထားတယ်။ ဥပမာ ကိုဗစ်ကာလမှာ လူတိုင်းသုံးကြရတဲ့ အိမ်လုပ်လက်ဆေးရည်ထဲမှာ ရှားစောင်းလက်ပပ်ပါတယ်။ အပူလေင်တာ နေလောင်တာကိုလိမ်းတဲ့ဆေးတွေထဲမှာလည်း ပါတယ်။ သူ့အချိုးအဆနဲ့သူ သုံးတယ်။ သန့်ရှင်းရေးနည်း စနစ်တကျလုပ်ရတယ်။ ပါးစပ်ကစားတာ မသိပါ။

Aloe Vera ရှားစောင်းလက်ပပ် သုံးနိုင်တဲ့ရောဂါများ

၁။ Heals burns မီးပူလောင် နေလောင် ရေနွေးပူလောင်

၂။ Blood sugar ဆီးချိုကျ

၃။ Laxative ဝမ်းနုတ်ဆေး

၄။ Skin care အရေပြားကျန်းမာရေး

၅။ Breast cancer ရင်သားကင်ဆာ

၆။ Mouthwash ပါးစပ်ဆေးခြင်း

၇။ Digestive health အစာကျေဆေး

၈။ Acne ဝက်ခြံ

၉။ Anal fissures စအိုကွဲနာ

သတိထားစရာများ

• အလာယးဂျစ်ဖြစ်သူ မသုံးရ။

• ခွဲစိတ်ရန်မလုပ်မီ ၂ ပတ်အတွင်း မသောက်ရ။

• ကိုယ်ဝန်ရှိသူ ကလေးနို့တိုက်နေသူ ကလေး ၁၂ နှစ်အောက်

• ဝမ်းနုတ်ဆေးအဖြစ်သုံးတာ အဆများရင် ဝမ်းလျှောမယ်။

ဒီရောဂါရှိနေသူတွေ မသုံးသင့်

• Hemorrhoids လိပ်ခေါင်း

• kidney conditions ကျောက်ကပ်ရောဂါ

• cardiac condition နှလုံးရောဂါ

• Crohn’s disease ခရုန်း ခေါ် နာတာရှည်ဝမ်းပျက်ရောဂါ

• ulcerative colitis အူမကြီးရောဂါ

• intestinal obstruction အူလမ်းပိတ်နေသူ

• diabetes ဆီးချို

Side effects ဘေးထွက်သက်ရောက်မှုများ

• kidney issues ကျောက်ကပ်ထိခိုက်ခြင်း

• blood in the urine ဆီးထဲသွေးပါခြင်း

• low potassium ပိုတက်ဆီယမ်နည်းခြင်း

• muscle weakness ကြွက်သားအားနည်းခြင်း

• diarrhea ဝမ်းလျှောခြင်း

• nausea or stomach pain ပျို့ ဗိုက်နာခြင်း

• electrolyte imbalances ဓါတ်ဆားမျှခြေပျက်ခြင်း

ဒီဆေးတွေသောက်နေသူများ ဆရာဝန်ကိုပြောပါ

• diuretics ဆီးသွားဆေး

• herbs and supplements တိုင်းရင်းဆေးတွေနဲ့ ဖြည့်စွက်စာများ

• corticosteroids စတီရွိုက်ဆေးများ

• digoxin နှလုံးဆေး

• warfarin (Coumadin, Jantoven) သွေးကျဲဆေးများ

• sevoflurane (Ultane) ဆေး

• stimulant laxatives ဝမ်းနုတ်ဆေး

• diabetes medications ဆီးချိုဆေး

• anticoagulants သွေးမခဲဆေး

တနေ့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ