Millet (Panicum millaceum) လူး
ဟင်ဒီ = လုခ်
လူးစေ့ကို အညှောင့်ဖောက်ပြီးတော့ ကြိတ်သောက်ရမှာပေါ့ ဆရာ။ သုတ်စားရင်လဲ အကျိုးတူနိုင်တယ်။ လူးစေ့ အညာမှာ ရှိပါတယ်။
လူးစေ့ကို ဟိုရှေးကတည်းက စားသုံးခဲ့ကြပါတယ်။ ဆန်စပါး၊ လူး၊ ဆပ်၊ ဂျုံ၊ ပြောင်းလို့ ကျောင်းသုံးစာအုပ်တွေမှာ ပါတယ်။
လူးကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်က စပြီး ကျောက်ခေတ်နှော င်း လူများ ဆန်ထမင်း ကဲ့သို့ ချက်ပြုတ် စားသောက်ခဲ့ကြပါတယ်။ လူးသီးနှံဟာ နှံစားပြောင်းထက်ပင် မိုးခေါင်ဒဏ်ခံနိုင်တာကြောင့် ပူပြင်းခြောက်သွေ့တဲ့ဒေသ၊ မြေဆီသြဇာ မထက်သန်တဲ့ ဒေသတွေမှာပါ စိုက်ပျိုးနိုင်ပါတယ်။
လူးနှင့်ဆပ်တို့သည် နှံစားပြောင်းမျိုးထဲတွင် အပါအဝင်ဖြစ်၍ မြန်မာနိုင်ငံ မိုးပါးရေရှားရပ်ဝန်းတွင် သုံးလေ့သုံးထရှိသော အသီးအနှံမျိုးဖြစ်သည်။ အပင်များကို ညံ့ဖျင်းသော ယာမြေများဖြစ်သည့် သဲမြေပွများတွင်သာ စိုက်ပျိုးကြ၏။ သို့သော် ဆပ်ကို လူးလောက် အစိုက်အပျိုး မများကြပေ။ လူးခင်း၊ဆပ်ခင်းများကို ဆန်ပြောင်းခွံပြောင်းများ စိုက်ခင်းမြေကို ပေါင်းပင်၊ ခြုံပင်စသည်တို့မှကင်းစင်အေင် ရှင်းလင်းထားပြီးလျှင် မိုးစ၍ရွာသည်နှင့် တပြိုင်နက် ထွန်တစပ်နှစ်စပ်ထွန်ပေးရသည်။ သဲမြေပွများတွင်သာ များသောအားဖြင့် စိုက်ပျိုးလေ့ရှိသဖြင့် ထယ်ကိုသုံးလေ့သုံးထ မရှိကြချေ။ ဝါဆိုလလောက်၌ ထွန်ရေးညက်သည်တိုင်အောင် ထွန်ဖြင့် လေး ငါးကြိမ် အပြီးသတ်ထွန်ယက်ပြီးမှ ဝါခေါင်လလောက်တွင် မျိုးစေ့များကို ကြဲပက်စိုက်ပျိုးကြသည်။ တဧကလျှင် မျိုးစေ့ နှစ်ပြည်ခန့် ကြဲပက်စိုက်ပျိုးကြသည်။ မိုးလူး သို့မဟုတ် လူးဦးကို နယုန်လလောက်တွင် စိုက်ပျိုးကြ၍ သီတင်းကျွတ်လူးကို သီတင်းကျွတ်လ ကျမှပင်စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး၍ သုံးလခွဲခန့်ကြာလျှင် လူးပင်များကို ရိတ်သိမ်းကြရသည်။ ထို့နောက် နွားနှင့်နယ်၍ အစေ့များကို ချွေယူကြသည်။ မြေကိုလိုက်၍ တဧကလျှင် ၁ဝ တင်းအထိ ထွက်လေ့ရှိသည်။ ဆန်ရှားသောဒေသများတွင် ဆန်ကို မစားနိုင်ကြသောအခါမျိုးတွင် လူးကိုအစားထိုး၍ စားကြရသည်။ ရုက္ခဗေဒအလိုအရ လူးကို ပန်နီကမ် မီလီယာစီယမ်ဟုခေါ်၍ ဆပ်ကိုမူ ဆီတေးရီးယားအိတလိကဟု ခေါ်ကြလေသည်။
Pearl millet (Cenchrus americanus, commonly known as the synonym Pennisetum glaucum) ဆိုတာလည်း တမျိုး။ တခြားမျိုးကွဲတွေလည်း ရှိသေးတယ်။
လူတွေစားတဲ့အစားအသောက် ဘယ်ဟာမဆို ကောင်းပါတယ်။
စားစရာတခုခုကိုတယောက်ယောက် တင်တဲ့အခါ အဲဒါသာအလွန်ကောင်းတယ်လို့ ထင်မှတ်လေ့ရှိကြတယ်။ အဲလိုတော့ မဟုတ်ပါ။ ဆေးသုတေသနတွေအရသာ ဘယ်အစားအစာက ဘာအတွက်ကောင်းတယ်လို့ ပြောတာကသာ မှန်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment