Sodium-glucose Cotransporter-2 (SGLT2) Inhibitors ဆီးချိုထိန်းဆေး

မြန်မာလိုရေးတာတခု တွေ့လိုက်လို့ တင်ပြပါတယ်။ ဘယ်ဆေး၊ ဘယ်ကုန်ပစ္စည်းကိုမဆို မြန်မာလိုရေးတင်တာတွေက အလွန်အကျွံတွေ များတယ်။ ချဲ့ကားတာတွေနဲ့ ဖြဲခြောက်တာတွေများတယ်။ တချို့က ပဉ္စလက်ဆေးလိုလို ရေးကြတယ်။
SGLT2 inhibitors အမျိုးအစားဆေးကို FDA က type 2 diabetes ဆီးချိုအမျိုးအစားအတွက် ခွင့်ပြုထားပြီးဖြစ်ပါတယ်။
SGLT2 inhibitor class အတန်းအစားထဲမှာ canagliflozin, dapagliflozin နဲ့ empagliflozin ဆေးတွေလည်းပါတယ်။
type 1 diabetes အမျိုးအစားဆီးချိုအတွက် အထောက်အထားတွေ မခိုင်လုံသေးပါ။
ရောင်းကုန်အမည်တွေ -
Bexagliflozin (Brenzavvy)
Canagliflozin (Invokana)
Dapagliflozin (Farxiga)
Empagliflozin (Jardiance)
Ertugliflozin (Steglatro)
SGLT2 inhibitors ဆေးတွေဟာ type 2 diabetes ဆီးချိုအတွက်လည်း ပဌမတန်းစားညွှန်တဲ့ဆေးတော့ မဟုတ်ပါ။ ဆီးချိုရှိသူတိုင်း နေမှုပုံစံပြောင်းရတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်ရမယ်။
Metformin ဆေးလည်း ပေးလိမ့်မယ်။
ဒီဆေးက အသစ်ဖြစ်လို့လည်း လေ့လာမှုတွေဆက်လုပ်နေတယ်။
လက်ရှိဆေးနဲ့ ကုသနည်းတွေနဲ့ သွေးထဲကသကြားဓါတ်ကု မထိန်းနိုင်တဲ့အခါ ဒီဆေးသစ်ကို စဉ်းစားမယ်။ သကြားဓါတ်က အန္တရာယ်ပေးလောက်အောင်အထိများတဲ့အခါ စဉ်းစားမယ်။ ကိုယ်အလေးချိန်ထိန်းဘို့နဲ့ သွေးတိုးကျစေဘို့ တကယ်လိုသူတွေအတွက်လည်း စဉ်းစားမယ်။
SGLT2 Inhibitor ဘေးထွက်သက်ရောက်မှုများ
ဆီးသွား များစေမယ်။
ရေဆာမယ်။
ဖန်းဂတ်စ် ခေါ် ယိစ်ပိုး ဝင်လွယ်မယ်။
တင်ပါးဆုံတွင်းနဲ့ ခါး နာမယ်။
မျိုးပွားလမ်းအင်္ဂါတွေ ယားမယ်။
အားနည်းနေမယ်။
ဖျားနိုင်တယ်။
တုပ်ကွေးမိသလိုနေမယ်။
ခြေထောက်ရောင်မယ်။
သွေးဖိအားကျမယ်။
အရိုးသိပ်သည်းဆ နည်းမယ်။
ကိုယ်အလေးချိန်ချဘို့ညွှန်းရင် တပတ်တခါ ဆေးတလုံးထိုးရတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ